တောလည် 19:13 - မြန်မာ့စံမီသမ္မာကျမ်း13 လူသေအလောင်းကို ထိမိပြီး မိမိကိုယ်မိမိ မသန့်စင်စေသောသူမည်သူမဆို ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်ကို ညစ်ညူးစေရာရောက်၏။ သူသည် အစ္စရေးလူမျိုးထဲမှ ပယ်ဖျက်ခြင်းကို ခံရမည်။ သူသည် စင်ကြယ်စေခြင်းရေဖျန်းခြင်းကို မခံသောကြောင့် မစင်မကြယ်ဖြစ်၏။ အညစ်အကြေးသည် သူ၌ရှိနေဆဲဖြစ်၏။ Ver CapítuloCommon Language Bible13 လူသေကောင်ကိုကိုင်တွယ်မိသောသူသည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုကိုယ်ပေါ်သို့ ပက်၍ သန့်စင်မှုမပြုလျှင်မသန့်စင်ဘဲရှိ နေလိမ့်မည်။ ထိုသူသည်ထာဝရဘုရား၏ တဲတော်ကိုညစ်ညမ်းစေသဖြင့် ဘုရားသခင် ၏လူမျိုးတော်မှထုတ်ပယ်ခြင်းခံရမည်။ Ver CapítuloGarrad Bible13 အ ကြင် သူ သည် သူ သေ အ လောင်း ကို ထိ ပြီး လျှင် အာ ပတ် ကင်း ခြင်း ကို မ ပြု အံ့။ ထို သူ သည် ထာ ဝ ရ ဘု ရား စံ ရာ တော် ကို မ သန့် အောင် ပြု ရာ ရောက် သော ကြောင့် ဣ သ ရေ လ အ မျိုး မှ ပယ် ရှား ခံ ရ မည်။ အ ညစ် အ ကြေး ကင်း ရှင်း ရာ ရေ သွန်း ပက် ခြင်း ကို မ ခံ သည့် အ တွက် သန့် ရာ မ ရောက်။ မ သန့် လျက် ပင် နေ သေး၏။ Ver CapítuloJudson Bible13 လူသေကောင်ကိုထိ၍ ကိုယ်ကိုမသန့်ရှင်းစေသောသူသည်၊ ထာဝရဘုရား၏ တဲတော်ကို ညစ်ညူးစေ၏။ ထိုသူကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။ စင်ကြယ်စေသောရေဖျန်းခြင်းကို မခံသောကြောင့် မစင်ကြယ်ဖြစ်၏။ စင်ကြယ်ခြင်းသို့ မရောက်သေး။ Ver Capítulo |
တစ်စုံတစ်ဦးသည် လူ၏အညစ်အကြေးကိုဖြစ်စေ၊ မစင်ကြယ်သောတိရစ္ဆာန်ကိုဖြစ်စေ၊ မစင်ကြယ်သောရွံရှာဖွယ်ရာ တစ်စုံတစ်ခုကိုဖြစ်စေ မစင်ကြယ်သောမည်သည့်အရာကိုမဆို ထိမိပြီး ထာဝရဘုရားအဖို့ ပူဇော်သောမိတ်သဟာယယဇ်ကောင်၏အသားကိုစားလျှင် ထိုသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။