ကျီးကန်းတစ်ကောင်ကို လွှတ်လေ၏။ ထိုကျီးကန်းသည် မြေပေါ်မှာ ရေမခန်းခြောက်မချင်း လူးလာပျံသန်းလျက်နေ၏။
ဝတ်ပြု 11:15 - မြန်မာ့စံမီသမ္မာကျမ်း ကျီးကန်းမျိုးရှိသမျှ၊ Judson Bible ကျီးမျိုးရှိသမျှ |
ကျီးကန်းတစ်ကောင်ကို လွှတ်လေ၏။ ထိုကျီးကန်းသည် မြေပေါ်မှာ ရေမခန်းခြောက်မချင်း လူးလာပျံသန်းလျက်နေ၏။
ထိုချောင်းရေကို သောက်ရမည်။ ထိုနေရာတွင် သင့်ကိုကျွေးမွေးရန် ကျီးအတို့ကို ငါမှာထားပြီ”ဟု မိန့်ဆို၏။
ကျီးအတို့သည် သူ့အတွက် အသားနှင့်မုန့်တို့ကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ယူဆောင်လာပေး၏။ ထိုချောင်းမှရေကို သူသောက်၏။
ဖခင်ကိုပြက်ရယ်ပြု၍ မိခင်အားနာခံခြင်းကို မထီမဲ့မြင်ပြုတတ်သောမျက်စိကို လျှိုမြောင်၌ရှိသောကျီးကန်းတို့သည် ဖောက်ထုတ်၍ လင်းတ၏သားပေါက်တို့သည် စားကြလိမ့်မည်။
ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ။ ရိတ်သိမ်းခြင်းလည်းမရှိ။ သိုလှောင်ရုံများနှင့် ကျီများလည်းမရှိ။ သို့သော် ဘုရားသခင်သည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ငှက်တို့ထက် များစွာအဖိုးထိုက်ကြ၏။