ရှင်ဘုရင်သည် သင်၏အလှကို လိုလားနှစ်သက်တော်မူလိမ့်မည်။ သူသည် သင်၏သခင်ဖြစ်သောကြောင့် သူ့ရှေ့၌ ပျပ်ဝပ်လော့။
ရှောလမုန်သီချင်း။ 4:1 - မြန်မာ့စံမီသမ္မာကျမ်း “ကြည့်ပါ။ ငါ့ချစ်သူလေး၊ သင်သည် အဆင်းလှပေ၏။ ကြည့်ပါ။ သင်သည် အဆင်းလှပေ၏။ မျက်နှာလွှားအောက်မှ သင့်မျက်လုံးများသည် ချိုးငှက်မျက်လုံးနှင့် တူပါ၏။ သင့်ဆံကေသာလေးများသည်လည်း ဂိလဒ်တောင်ပေါ်မှ ခုန်ပေါက်၍ဆင်းလာသော ဆိတ်အုပ်နှင့် တူပါ၏။ Common Language Bible သင်၏သွားတို့သည်လည်း အမွေးညှပ်၍၊ ရေချိုးရာမှ တက်လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့။ အမွှာသာ ဘွားတတ်ကြ၏။ Garrad Bible ငါ၏ ချစ် ဆွေ၊ သင် သည် အ ဆင်း လှ ပေ၏။ အ လွန် လှ ပေ၏။ ရှေ့ ကာ အောက် စ က္ခု သည်၊ ချိုး မျက် စိ နှင့် တူ၏။ ဆံ ပင် သည် လည်း၊ ဂိ လဒ် တောင် ထိပ် တွင် ဝပ် နေ သော ဆိတ် အုပ် ကဲ့ သို့ ဖြစ်၏။ Judson Bible သင်သည် အဆင်းလှပေ၏။ ငါချစ်သောနှမ၊ အလွန်လှပေ၏။ ဗျာပါဆံကြားမှာ ချိုးမျက်စိနှင့် ပြည့်စုံ၏။ ဆံပင်သည်လည်း ဂိလဒ်တောင်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။ |
ရှင်ဘုရင်သည် သင်၏အလှကို လိုလားနှစ်သက်တော်မူလိမ့်မည်။ သူသည် သင်၏သခင်ဖြစ်သောကြောင့် သူ့ရှေ့၌ ပျပ်ဝပ်လော့။
“ကြည့်ပါ။ ငါ့ချစ်သူလေး၊ သင်သည် အဆင်းလှပေ၏။ ကြည့်ပါ။ သင်သည် အဆင်းလှပေ၏။ သင့်မျက်လုံးများလည်း ချိုးငှက်မျက်လုံးနှင့် တူပါ၏။”
အကျွန်ုပ်ချစ်သူက အကျွန်ုပ်အား ‘လှပသောငါ့ချစ်သူလေး၊ ထပါ။ ငါနှင့်အတူ လိုက်ခဲ့ပါ။
ကျောက်ဆောင်များကြား၊ ချောက်ကမ်းပါးများကြားတွင် ခိုအောင်းနေသော ငါ၏ချိုးငှက်လေးရေ၊ သင့်မျက်နှာကို မြင်လိုပါ၏။ သင့်အသံကို ကြားလိုပါ၏။ သင့်အသံသည် နားဝင်ချိုလှ၏။ သင့်မျက်နှာသည်လည်း တင့်တယ်လှပပေ၏’ဟု ဆို၏။”
သင့်မျက်လုံးကို ငါ့ထံမှလွှဲလိုက်ပါ။ သင့်မျက်လုံးများသည် ငါ့ကိုလွှမ်းမိုးလွန်းလှ၏။ သင့်ဆံကေသာလေးသည် ဂိလဒ်တောင်ပေါ်မှခုန်ပေါက်၍ဆင်းလာသော ဆိတ်အုပ်နှင့်တူပါ၏။
သင့်ဦးခေါင်းသည် ကရမေလတောင်နှင့်တူပြီး ဦးခေါင်းရှိဆံနွယ်များသည် ပိတုန်းရောင်သန်းလျက်ရှိပါ၏။ ထိုဆံနွယ်စုများသည် ရှင်ဘုရင်ကို ရစ်ပတ်နှောင်တွယ်ထားလေပြီ။
ယုဒဘုရင်၏နန်းတော်နှင့်ပတ်သက်၍ ထာဝရဘုရားက “သင်သည် ဂိလဒ်ပြည်ကဲ့သို့၊ လက်ဘနွန်တောင်ထိပ်ကဲ့သို့ ဖြစ်သော်လည်း ငါသည် သင့်ကို တောကန္တာရကဲ့သို့၊ လူမနေသောမြို့ကဲ့သို့ ဖြစ်စေမည်။
ငါပေးသောဂုဏ်အရှိန်အဝါကြောင့် သင်သည် အလှနှင့်ပြည့်စုံ၍ သင့်အလှသည် လူမျိုးတကာတို့ထံသို့ ပျံ့နှံ့ကျော်ကြားလေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
စားကျက်မြေကောင်းသည့်တောမြိုင်အလယ်တွင် သီးသန့်နေသော ကိုယ်တော်၏အမွေတော်သိုးစုဖြစ်သည့် ကိုယ်တော်၏လူမျိုးတော်ကို တောင်ဝှေးတော်ဖြင့် ထိန်းကျောင်းတော်မူပါ။ ရှေးယခင် ဗာရှန်ပြည်၊ ဂိလဒ်ပြည်မှာကဲ့သို့ သူတို့ကို ကျွေးမွေးတော်မူပါ။
ရုဗင်သားမြေး၊ ဂဒ်သားမြေးတို့၌ တိရစ္ဆာန်မြောက်မြားစွာရှိ၏။ ယာဇာပြည်နှင့်ဂိလဒ်ပြည်ကို တိရစ္ဆာန်တို့အတွက် စားကျက်ကောင်းသောအရပ်ဖြစ်သည်ကို တွေ့မြင်လျှင်
ထို့ကြောင့် မောရှေသည် မနာရှေ၏သားမာခိရအား ဂိလဒ်ပြည်ကို ပေးသဖြင့် သူတို့သည် ထိုပြည်၌ နေထိုင်ကြ၏။
ငါသည် နူးညံ့သိမ်မွေ့လျက် နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် ငါ့ထမ်းပိုးကိုယူ၍ထမ်းကာ ငါ့ထံ၌နည်းခံကြလော့။ ထိုအခါ သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
ငါတို့ရှိသမျှသည်လည်း မျက်နှာလွှားမပါသောမျက်နှာပေါ်တွင် သခင်ဘုရား၏ဘုန်းတော်ကို ထင်ဟပ်စေလျက် ကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဝိညာဉ်တော်ဖြစ်သော သခင်ဘုရားအားဖြင့် ဘုန်းတော်မှ ဘုန်းတော်သို့ ပုံသဏ္ဌာန်ပြောင်းလဲစေခြင်းကိုခံရကြ၏။