သူတို့က အကျွန်ုပ်အား ‘ငါတို့စားဖို့အသားကို ပေးပါ’ဟု ဆိုလျက် ငိုကြွေးကြသည်ဖြစ်၍ အကျွန်ုပ်သည် ဤလူအပေါင်းတို့ကိုပေးဖို့ အသားကို အဘယ်က ရနိုင်ပါမည်နည်း။
ရှင်ယောဟန် 6:5 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် မျှော်ကြည့်၍ မိမိထံသို့ အလွန်များစွာသောလူထုပရိသတ်တို့လာနေကြသည်ကို မြင်တော်မူလျှင် ဖိလိပ္ပုအား“ဤသူတို့စားရန် မုန့်ကို အဘယ်ကဝယ်ကြမည်နည်း”ဟု မေးတော်မူ၏။ Common Language Bible သခင်ယေရှုသည်မျှော်ကြည့်လိုက်သောအခါ မိမိထံသို့လူပရိသတ်ကြီးလာလျက်နေ သည်ကိုမြင်တော်မူ၍ ``ဤသူတို့စားရန် အစားအစာကိုအဘယ်မှာဝယ်နိုင်သနည်း'' ဟုဖိလိပ္ပုအားမေးတော်မူ၏။- Judson Bible ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟု မေးတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် မျှော်ကြည့်သောအခါ မိမိထံသို့ လူအုပ်ကြီးလာနေသည်ကို မြင်တော်မူ၏။ ထိုအခါ ဖိလိပ္ပုအား “ဤလူတို့ စားရန် စားစရာကို မည်သည့်နေရာမှ ရနိုင်မည်နည်း” ဟု မေးတော်မူ၏။ မြန်မာ ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟု မေးတော်မူ၏။- |
သူတို့က အကျွန်ုပ်အား ‘ငါတို့စားဖို့အသားကို ပေးပါ’ဟု ဆိုလျက် ငိုကြွေးကြသည်ဖြစ်၍ အကျွန်ုပ်သည် ဤလူအပေါင်းတို့ကိုပေးဖို့ အသားကို အဘယ်က ရနိုင်ပါမည်နည်း။
တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့သည် ဤမျှလောက်များပြားသောလူထုပရိသတ်အား ဝလင်စွာကျွေးနိုင်လောက်သည့် များစွာသောမုန့်ကို ဤတောကန္တာရ၌ အဘယ်ကရနိုင်ပါမည်နည်း”ဟု လျှောက်ကြ၏။
ထို့ကြောင့် သူတို့သည် လူသူကင်းဝေးရာအရပ်သို့ သူတို့ချည်းသာ လှေဖြင့်ထွက်သွားကြ၏။
တမန်တော်တို့သည် ပြန်လာ၍ သူတို့ပြုခဲ့သမျှတို့ကို ကိုယ်တော်အား ကြားလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ကိုသာခေါ်၍ ဗက်ဇဲဒဟုခေါ်သောမြို့သို့ ကြွတော်မူ၏။
နောက်တစ်နေ့တွင် ယေရှုသည် ဂါလိလဲနယ်သို့ထွက်ခွာရန် အလိုတော်ရှိ၏။ ထိုအခါ ဖိလိပ္ပုကိုတွေ့လျှင်“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။
ဖိလိပ္ပုသည် အန္ဒြေနှင့်ပေတရုတို့၏ဇာတိမြို့ဖြစ်သော ဗက်ဇဲဒမြို့မှလာသောသူဖြစ်၏။
ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင် “မောရှေသည် ပညတ်တရားကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည်လည်း သူတို့ကျမ်း၌လည်းကောင်း ရေးသားဖော်ပြထားသောသူ၊ ယောသပ်၏သား၊ နာဇရက်မြို့မှယေရှုကို ငါတို့တွေ့ကြပြီ”ဟု ဆို၏။
နာသနေလကလည်း “နာဇရက်မြို့ထဲမှ ကောင်းသောအရာတစ်စုံတစ်ခုထွက်နိုင်သလော”ဟု ဆိုသော် ဖိလိပ္ပုက “လာ၍ကြည့်ပါ”ဟု ဆိုလေ၏။
နာသနေလကလည်း “ကိုယ်တော်သည် အကျွန်ုပ်ကို မည်သို့သိပါသနည်း”ဟု မေးလျှောက်သော် ယေရှုက“ဖိလိပ္ပုသည် သင့်ကိုမခေါ်မီ သင်သည် သဖန်းပင်အောက်၌ရှိနေသည်ကို ငါမြင်၏”ဟု ပြန်၍မိန့်တော်မူ၏။
သင်တို့က ‘ရိတ်သိမ်းချိန်ရောက်ရန် လေးလလိုသေး၏’ဟု ဆိုကြသည်မဟုတ်လော။ ငါဆိုသည်ကား လယ်ပြင်တို့ကို မျှော်ကြည့်ကြလော့။ ရိတ်သိမ်းရန်အသင့်ရှိလျက် ဝင်းမှည့်နေပြီ။