တောလည် 11:13 - မြန်မာ့စံမီသမ္မာကျမ်း13 သူတို့က အကျွန်ုပ်အား ‘ငါတို့စားဖို့အသားကို ပေးပါ’ဟု ဆိုလျက် ငိုကြွေးကြသည်ဖြစ်၍ အကျွန်ုပ်သည် ဤလူအပေါင်းတို့ကိုပေးဖို့ အသားကို အဘယ်က ရနိုင်ပါမည်နည်း။ Ver CapítuloCommon Language Bible13 ဤသူအပေါင်းတို့စားရန်အသားကိုအကျွန်ုပ် အဘယ်မှာရှာ၍ရနိုင်ပါမည်နည်း။ သူတို့သည် အသားစားလိုပါသည်ဟူ၍ ညည်းတွားတောင်း ဆိုလျက်ရှိကြပါသည်။- Ver CapítuloGarrad Bible13 စား ရန် အ သား ကို ပေး ပါ ဟု ငို ကြွေး၍ တောင်း သော ဤ တစ် မျိုး လုံး အား ကျွန် တော် မျိုး မည် သို့ ပေး နိုင် အံ့ နည်း။ Ver CapítuloJudson Bible13 ဤလူအပေါင်းတို့အား ကျွေးစရာဖို့အမဲသားကို အကျွန်ုပ်သည် အဘယ်မှာရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ်တို့စားစရာဖို့ အမဲသားကိုပေးပါဟု ငိုကြွေးလျက် အကျွန်ုပ်ကိုတောင်းကြပါ၏။ Ver Capítulo |
ထိုအခါ ဘုရင့်လက်ရုံးဖြစ်သူ တပ်မှူးက ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောလေ၏။
သင်တို့နှင့်အတူရှိတော်မူသောထာဝရဘုရားကို သင်တို့ စွန့်ပယ်ကြ၍ ငါတို့သည် အဘယ်ကြောင့် အီဂျစ်ပြည်မှထွက်လာကြသနည်းဟု ထာဝရဘုရားရှေ့တော်၌ ငိုကြွေးလျက်ဆိုကြသောကြောင့် သင်တို့၏နှာခေါင်းမှထွက်၍ သင်တို့ရွံရှာသည်အထိ တစ်လလုံး အသားကို စားရလိမ့်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။