“ယနေ့တွင် ဝေဒနာကို ခါးသီးစွာခံစားနေရပါ၏။ ညည်းတွားရလွန်း၍ ငါလက်ပန်းကျကုန်ပြီ။
ယေရမိ 45:3 - မြန်မာ့စံမီသမ္မာကျမ်း ‘သင်က ငါ၌ အမင်္ဂလာရှိ၏။ ထာဝရဘုရားသည် ငါ့ဒုက္ခဝေဒနာအပေါ် ဝမ်းနည်းခြင်းကို ထပ်ဆင့်တင်တော်မူသဖြင့် ငါသည် ညည်းတွားရ၍ ပင်ပန်းလှပြီ၊ သက်သာရာမရဟူ၍ ဆိုလေပြီ’ဟု မိန့်တော်မူ၏။ Common Language Bible ငါထာဝရဘုရားသည်သင့်အားတစ်ပူ ပေါ်တွင်တစ်ပူဆင့်၍ပေးတော်မူသောကြောင့် သင်သည်အရှုံးပေးလျက်ငြီးတွားမှုဖြင့် ပင်ပန်းနွမ်းနယ်လျက်စိတ်တည်ငြိမ်မှုမရ နိုင်ဟုဆိုချေသည်။ |
“ယနေ့တွင် ဝေဒနာကို ခါးသီးစွာခံစားနေရပါ၏။ ညည်းတွားရလွန်း၍ ငါလက်ပန်းကျကုန်ပြီ။
ငါသည် မေရှက်ပြည်၌တည်းခိုပြီး ကေဒါအမျိုးသားတို့၏တဲများတွင်နေရသောကြောင့် အမင်္ဂလာရှိ၏။
အကယ်စင်စစ် အသက်ရှင်သောသူတို့၏ပြည်၌ ထာဝရဘုရား၏ကောင်းမြတ်ခြင်းကို တွေ့မြင်ရမည်ဟု ငါယုံကြည်စိတ်ချ၏။
ကိုယ်တော်၏ရေတံခွန်တို့မြည်ဟည်းသံဖြင့် နက်ရှိုင်းရာအရပ်သည် နက်ရှိုင်းရာအရပ်ကိုဟစ်ခေါ်ပါ၏။ ကိုယ်တော်၏လှိုင်းလုံးများနှင့် လှိုင်းတံပိုးအပေါင်းတို့သည် အကျွန်ုပ်အပေါ်လွှမ်းမိုးသွားကြပါ၏။
အကျွန်ုပ်သည် ညည်းတွားရသဖြင့်ပင်ပန်းလှပါ၏။ ညစဉ်ညတိုင်း အကျွန်ုပ်၏မျက်ရည်များဖြင့် အကျွန်ုပ်၏ညောင်စောင်းသည် အိုင်ထွန်း၍ အကျွန်ုပ်၏ခုတင်သည် စိုရွှဲလျက်ရှိပါ၏။
အကျွန်ုပ်၏မျက်စိသည် ပူဆွေးခြင်းကြောင့်အားယုတ်၍ အကျွန်ုပ်၏ရန်သူအပေါင်းတို့ကြောင့် မှုန်ဝါးသွားပါ၏။
အကျွန်ုပ်သည် ဟစ်ခေါ်ရ၍ ပင်ပန်းပါပြီ။ အကျွန်ုပ်၏အာခေါင်သည် ခြောက်ပါပြီ။ အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်၏ဘုရားသခင်ကိုမျှော်ကြည့်ရ၍ အားအင်ကုန်ခန်းပါပြီ။
သင်သည် ဆင်းရဲဒုက္ခရောက်သောကာလ၌ စိတ်အားလျော့လျှင် သင်၏ခွန်အားသည် နည်းလိမ့်မည်။
ငါသည် ဖြေမဆည်နိုင်လောက်အောင် ဝမ်းနည်း၏။ ငါ့စိတ်နှလုံးသည် ညှိုးနွမ်းလျက်ရှိ၏။
မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။
ကိုယ်တော်သည် ကောင်းကင်မှမီးကို စေလွှတ်၍ ငါ့အရိုးများကို လောင်ကျွမ်းစေတော်မူပြီ။ ငါ့ခြေရှေ့၌ ပိုက်ကွန်ကိုဖြန့်ထားပြီ။ ငါ့ကိုနောက်သို့ပြန်လှည့်စေတော်မူပြီ။ ငါ့ကို အထီးကျန်စေတော်မူ၍ ငါသည် တစ်နေ့လုံး ညှိုးငယ်လျက်နေရပါပြီ။
သူတို့ပြုသောမကောင်းမှုအလုံးစုံတို့သည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ အကျွန်ုပ်ကျူးလွန်မိသောအပြစ်အလုံးစုံအတွက် အကျွန်ုပ်ခံရသကဲ့သို့ သူတို့ကိုလည်း ခံရစေပါ။ အကျွန်ုပ်အလွန်ညည်းတွားရသည်ဖြစ်၍ စိတ်နှလုံးညှိုးနွမ်းလျက်ရှိပါ၏။
ဝမ်းနည်းကြေကွဲစေတော်မူသော်လည်း မေတ္တာကရုဏာကြီးမားတော်မူသည်နှင့်အညီ သနားစုံမက်တော်မူလိမ့်မည်။
ထို့ကြောင့် ငါတို့သည် ကရုဏာတော်ကိုခံစားရလျက် ဤအမှုတော်ကိုဆောင်ရွက်ရသည်ဖြစ်၍ စိတ်ပျက်အားလျော့ခြင်းမရှိကြချေ။
ထို့ကြောင့် ငါတို့သည် စိတ်ပျက်အားလျော့ခြင်းမရှိကြ။ ငါတို့၏ပြင်ပလူ့ခန္ဓာသည် ယိုယွင်းပျက်စီးနေသော်လည်း ငါတို့၏အတွင်းဝိညာဉ်မူကား တစ်နေ့ထက်တစ်နေ့ အသစ်ပြုပြင်ခြင်းကိုခံရ၏။
ငါတို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ နေကြကုန်စို့။ အကြောင်းမူကား စိတ်မပျက်ဘဲနေလျှင် အချိန်တန်သောအခါ ရိတ်သိမ်းရကြလိမ့်မည်။
ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိကြနှင့်။