La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယေ​ဇ​ကျေ​လ 7:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရက်စက်ကြမ်းကြုတ်မှု​သည် တောင်ဝှေး​ဆိုး​အဖြစ်​သို့ ပြောင်းလဲ​ကြီးထွား​လေ​ပြီ​။ ထိုအခါ သူ​တို့​ကိုယ်တိုင်​မှစ၍ သူ​တို့​၏​လူအလုံးအရင်း​၊ စည်းစိမ်ဥစ္စာ​၊ ထင်ပေါ်ကျော်ကြားမှု စသည်​တို့​လည်း တစ်​ခု​မျှ​ကျန်ရှိ​တော့​မည်​မ​ဟုတ်​။

Ver Capítulo

Common Language Bible

အ​ကြမ်း​ဖက်​မှု​သည်​ယုတ်​မာ​မှု​ကို​တိုး​ပွား စေ​လိမ့်​မည်။ သူ​တို့​နှင့်​ဆိုင်​သ​မျှ​ကျန်​ရှိ​လိမ့် မည်​မ​ဟုတ်။ သူ​တို့​၏​စီး​ပွား​ချမ်း​သာ​ဂုဏ် အ​သ​ရေ​တို့​သည်​ကျန်​ရှိ​လိမ့်​မည်​မ​ဟုတ်။

Ver Capítulo

Garrad Bible

ရက် စက် ကြမ်း ကြုတ် ခြင်း တိုး ပွား လျက်၊ ဆိုး သွမ်း ခြင်း လှံ တံ ဖြစ် သ ဖြင့် စည် ကား ခြင်း၊ ပြန့် ပြော ခြင်း၊ ဧ တ ဒဂ် ဖြစ် ခြင်း၊ တစ် ယောက် မ ကျန်၊ ပြတ် စဲ လေ ပြီ။

Ver Capítulo

Judson Bible

ညှဉ်း​ဆဲ​ခြင်း အ​မြစ်​မှ အ​ပြစ်​တံ​ဖျာ ပေါက်​လေ​ပြီ။ သူ​တို့​အ​စည်း​အ​ဝေး၊ သူ​တို့​ပ​ရိ​သတ် တစ်​စုံ​တစ်​ယောက်​မျှ မ​ကျန်​ကြွင်း​ရ။ သူ​တို့​အ​ဖို့ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ။

Ver Capítulo



ယေ​ဇ​ကျေ​လ 7:11
28 Referencias Cruzadas  

ဖြောင့်မတ်​သော​သူ​တို့​သည် မိမိ​တို့​လက်​ကို မကောင်းမှု​အတွက်​အသုံး​မ​ပြု​မိ​စေရန် ဆိုးယုတ်​သော​သူ​၏​ရာဇလှံတံ​သည် ဖြောင့်မတ်​သော​သူ​တို့​၏​ဝေစု​နယ်မြေ​ပေါ်၌ မ​တည်​မ​နေ​ရ​။


သူ​တို့​သည် ပြက်ရယ်​ပြု​၍ ဆိုးညစ်​စွာ​ပြောဆို​တတ်​ကြ​၏​။ ထောင်လွှား​သော​စိတ်​ဖြင့် ဖိနှိပ်ချုပ်ချယ်မှု​အကြောင်း​ကို ပြောဆို​တတ်​ကြ​၏​။


ကိုယ်တော်​၏​ယဇ်ပုရောဟိတ်​တို့​သည် ဓားဘေး​ဖြင့်​ကျဆုံး​ကြ​၍ ကိုယ်တော်​၏​မုဆိုးမ​တို့​သည် မ​ငိုကြွေး​ရ​ကြ​ပေ​။


ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​၊ သင့်​ကို ရိုက်​သော​ကြိမ်လုံး​ကျိုး​သောကြောင့် ဝမ်းမြောက်​ခြင်း​မ​ရှိ​နှင့်​။ အကြောင်းမူကား မြွေ​အမျိုး​ထဲက မြွေပွေး​ပေါက်လာ​လိမ့်မည်​။ သူ​၏​သားပေါက်​သည်​လည်း ပျံသန်း​တတ်​သော​မီးမြွေ​ဖြစ်​လိမ့်မည်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စပျစ်ခြံ​ကား အစ္စရေး​အမျိုးအနွယ်​ပေတည်း​။ ကိုယ်တော်​နှစ်သက်​တော်မူ​သော​အပင်​ကား ယုဒ​အမျိုးသား​ပေတည်း​။ ကိုယ်တော်​သည် တရားမျှတမှု​ကို စောင့်မျှော်​တော်မူ​သော်လည်း ကြည့်ရှု​လော့​။ သတ်ဖြတ်မှု​သာ​ဖြစ်​ပါ​သည်​တကား​။ ဖြောင့်မတ်​ခြင်း​အစား အော်ဟစ်ငိုကြွေး​ခြင်း​သာ​ရှိ​ပါ​သည်​တကား​။


အကြောင်းမူကား ကိုယ်တော်​သည် မိဒျန်​လူမျိုး​လက်​မှ​ကယ်တင်​ခဲ့​စဉ်က ပြု​သကဲ့သို့ သူ​ထမ်း​ရ​သော​ထမ်းပိုး​၊ သူ့​ကျော​ကို​ရိုက်​သော​တုတ်​၊ သူ့​ကို​ညှဉ်းဆဲ​သော​ကြိမ်လုံး​တို့​ကို ချိုး​တော်မူ​ပြီ​။


ထို့ကြောင့် ယောရှိ​၏​သား ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​အလို ငါ့​အစ်ကို​၊ အလို ငါ့​နှမ​ဟူ၍ သူ့​အတွက်​မြည်တမ်း​ကြ​မည်​မ​ဟုတ်​။ အလို သခင်​၊ အလို ဘုန်းကြီးသောသူ​ဟူ၍ သူ့​အတွက်​မြည်တမ်း​ကြ​မည်​မ​ဟုတ်​။


ထို​နေ့ရက်​၌ ထာဝရဘုရား​ကွပ်မျက်​တော်မူ​ခြင်း​ကို​ခံရ​သော​သူ​တို့​သည် မြေကြီး​တစ်ဖက်စွန်း​မှ အခြား​တစ်ဖက်စွန်း​တိုင်အောင် အနှံ့​ရှိ​ကြ​လိမ့်မည်​။ မြည်တမ်း​ပေး​မည့်​သူ​မ​ရှိ​။ စုပုံ​ထား​ပေး​မည့်​သူ​မ​ရှိ​။ သင်္ဂြိုဟ်​ပေး​မည့်​သူ​မ​ရှိ​။ မြေ​ပေါ်​၌ နောက်ချေး​ကဲ့သို့ ဖြစ်​ကြ​လိမ့်မည်​။


ရေတွင်း​မှ​ရေ​ထွက်လာ​သကဲ့သို့ ထို​မြို့​ထဲမှ​မကောင်းမှု​ထွက်လာ​၏​။ မြို့​ထဲ၌ ရက်စက်ကြမ်းကြုတ်​ခြင်း​၊ ဖျက်ဆီး​ခြင်း​သတင်း​ကို ကြား​ရ​၏​။ ရောဂါဝေဒနာ​၊ ထိခိုက်ဒဏ်ရာ​သည် ငါ့​ရှေ့​၌ အစဉ်​ရှိ​၏​။


ငါ​သည် ယုဒ​မြို့​များ​၊ ဂျေရုဆလင်​မြို့​ရှိ​လမ်း​များ​ပေါ်မှ ရွှင်မြူး​ခြင်း​အသံ​၊ ဝမ်းမြောက်​ခြင်း​အသံ​၊ သတို့သား​အသံ​၊ သတို့သမီး​အသံ​တို့​ကို ရပ်စဲ​စေ​မည်​။ သို့ဖြစ်၍ ထို​ပြည်​သည်​လည်း ဆိတ်ညံ​ရာ​အရပ်​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


‘အို အစ္စရေး​မင်းသား​တို့​၊ တော်သင့်​ပြီ​။ ရက်စက်ကြမ်းကြုတ်​ခြင်း​၊ ဖိနှိပ်ညှဉ်းဆဲ​ခြင်း​အမှု​တို့​ကို​ရှောင်​၍ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ ပြုကျင့်​ကြ​လော့​။ ငါ့​လူမျိုး​တို့​ထံမှ လုယူသိမ်းပိုက်​ခြင်း​အမှု​ကို ရပ်တန်းကရပ်​ကြ​လော့’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


ဘုရားရှင်​ထာဝရဘုရား​က ‘စင်စစ် သင်​ပြု​သော စက်ဆုပ်​ရွံရှာဖွယ်​အမှု​အပေါင်း​တို့​သည် ငါ​၏​သန့်ရှင်းရာဌာန​ကို ညစ်ညူး​စေ​ပြီ​ဖြစ်၍ ငါ​အသက်ရှင်​သည်​နှင့်အညီ သင့်​ကို မ​သနား​၊ မ​ညှာတာ​ဘဲ သုတ်သင်​ပစ်​မည်​။


တစ်ဖန် ထို​အထဲ​မှ အနည်းငယ်​ကို​ယူ​ပြီး မီး​ထဲ​သို့​ပစ်ချ​၍ မီး​ရှို့​ပစ်​လော့​။ ထို​မီး​သည် အစ္စရေး​တစ်မျိုးနွယ်လုံး​သို့ ပြန့်သွား​လိမ့်မည်​။


ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် လက်ခုပ်တီး​လျက်​၊ ခြေ​ကို​ဆောင့်​လျက် အလို​၊ အစ္စရေး​အမျိုးအနွယ်​တို့​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​မကောင်းမှု​များ​ကြောင့် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ကြ​ရ​တော့​မည်​ဟု ဆို​လော့​။


ထို​ဘေး​မှ​လွတ်​၍ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည်​လည်း သူ​တို့​အပြစ်​ကြောင့် ချိုင့်ဝှမ်း​ရှိ​ခိုငှက်​ကဲ့သို့ တောင်​ပေါ်တွင် ညည်းညူ​နေ​လိမ့်မည်​။


“​အချင်း​လူသား​၊ အစ္စရေး​ပြည်​အား ဘုရားရှင်​ထာဝရဘုရား​က ‘သူ​၏​နိဂုံးချုပ်​ချိန်​သည် ရောက်လာ​ပြီ​။ ပြည်​တစ်ပြည်လုံး နိဂုံးချုပ်​ချိန်​ရောက်​လေ​ပြီ​။


ပြည်​သည် မတရား​သတ်ဖြတ်မှု​နှင့် ပြည့်​လျက်​နေ​လေ​ပြီ​။ မြို့​သည် ရက်စက်ကြမ်းကြုတ်မှု​နှင့် ပြည့်​လျက်​နေ​လေ​ပြီ​။ ထို့ကြောင့် သံကြိုး​ကို ပြင်ဆင်​လော့​။


တစ်ဖန် ငါ့​အား “​အချင်း​လူသား​၊ သင်​မြင်​ပြီ​မ​ဟုတ်​လော​။ ဤ​နေရာ​တွင် ယုဒ​အမျိုးအနွယ်​တို့​ပြု​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို သေးငယ်​သော​အမှု​ဟု သင်​ထင်​သလော​။ စင်စစ် သူ​တို့​သည် ငါ့​အမျက်​ကို တစ်ချိန်လုံး​ဆွပေး​ပြီး တစ်ပြည်လုံး​ကို ရက်စက်ကြမ်းကြုတ်မှု​များ​နှင့် ပြည့်​စေ​ကြ​ပြီ​။ သစ်ကိုင်း​ကို သူ​တို့​နှာခေါင်း​ထဲသို့ ထိုးသွင်း​ကြ​ပြီ​။


စင်စစ် သူ​တို့​သည် မှန်ကန်​ရာ​ကို မ​ပြု​တတ်​ကြ​။ သူ​တို့​၏​ခံတပ်​တွင် အကြမ်းဖက် လုယူထား​သော​ပစ္စည်း​ကို သို​ထား​ကြ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သင်​တို့​သည် ဒုက္ခ​နေ့ရက်​ကို အရေးမစိုက်​။ အကြမ်းဖက်မှု​ကို နေရာ​ပေး​ဖိတ်ခေါ်​သူ​များ​ဖြစ်​ကြ​၏​။


သူ​တို့​သည် တပ်မက်​သဖြင့် လယ်မြေ​များ​ကို လုယူ​ကြ​၍ အိမ်​များ​ကို​လည်း သိမ်းပိုက်​ကြ​၏​။ ဤသို့ဖြင့် တစ်ပါးသူ​နှင့်​သူ​၏​အိမ်​၊ တစ်ပါးသူ​နှင့်​သူ​၏​အမွေဥစ္စာ​ကို အနိုင်အထက်ပြု​ကြ​၏​။


ငါ့​လူမျိုး​တော်​တို့​၏​အသား​ကို စား​ကြ​၏​။ သူ​တို့​၏​အရေခွံ​ကို​နွှာ​၍ အရိုး​ကို ချိုး​ပြီးလျှင် အိုး​ထဲ​၊ ဒယ်အိုး​ထဲ ထည့်ချက်​မည့်​အသား​ကဲ့သို့ ခုတ်ထစ်​ကြ​သည်”​ဟု ဆို​၏​။


မြို့သား​သူဌေး​တို့​သည် ရက်စက်ကြမ်းကြုတ်​ကြ​၏​။ မြို့သူမြို့သား​တို့​သည် အလိမ်အညာ​စကား​ကို​သာ ပြော​တတ်​ကြ​၏​။ သူ​တို့​၏​လျှာ​သည် လိမ်လည်လှည့်စား​သော​စကား​ကို​သာ ဆို​တတ်​ကြ​၏​။


ထာဝရဘုရား​၏​အမျက်​တော်​ကျရောက်​သော​နေ့​၌ သူ​တို့​၏​ရွှေ​ငွေ​များ​သည် သူ​တို့​ကို ကယ်တင်​နိုင်​မည်​မ​ဟုတ်​။ သဝန်တို​ခြင်း​မီး​သည် မြေ​တစ်ပြင်လုံး​ကို လောင်ကျွမ်း​သွား​လိမ့်မည်​။ မြေကြီးသား​အပေါင်း​တို့​ကို ထိတ်လန့်​တုန်လှုပ်​စွာ​ဖြင့် ဘဝနိဂုံးချုပ်​စေ​မည်​။


အဘယ်ကြောင့်​ဆိုသော် ကရုဏာ​မ​ရှိ​သော​သူ​သည် ကရုဏာ​ကင်း​သော​တရား​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။ ကရုဏာ​သည် တရား​စီရင်​ခြင်း​အပေါ်​အောင်ပွဲ​ခံ​တတ်​၏။