မည်သူမျှမတိုက်ခိုက်ဘဲ တစ်ခဏအတွင်း ပြိုလဲသွားသော သောဒုံမြို့ခံရသောအပြစ်ဒဏ်ထက် ငါ့လူမျိုးသမီးပျို ခံရသောအပြစ်ဒဏ်သည် ကြီးလေးပါသည်တကား။
ယေဇကျေလ 5:9 - မြန်မာ့စံမီသမ္မာကျမ်း သင်ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုအလုံးစုံတို့ကြောင့် ငါမပြုဖူးသော၊ နောင်တွင်လည်း ပြုမည်မဟုတ်သောအမှုကို သင်၌ငါပြုမည်။ Common Language Bible ငါရွံမုန်းသောရုပ်တုများကြောင့်သင့်အား ငါသည်အဘယ်အခါကမျှမပေးစဖူး၊ နောင်အဘယ်အခါ၌မျှလည်းပေးမည် မဟုတ်သည့်အပြစ်ဒဏ်ကိုပေးမည်။- Garrad Bible ရွံ့ ရှာ ဖွယ် ရုပ် ပွား အ ပေါင်း တို့ အ တွက် ယ မန် မ ပြု ဘူး သော နောင် လည်း မ ပြု လ တ္တံ့ သော အ မှု ကို စီ ရင် မည်။ Judson Bible သင်ပြုဖူးသမျှသော ရွံရှာဖွယ်အမှုတို့ကြောင့်၊ ငါမစီရင်စဖူး၊ မစီရင်လတ္တံ့သော အပြစ်ဒဏ်ကို သင်၌စီရင်မည်။ |
မည်သူမျှမတိုက်ခိုက်ဘဲ တစ်ခဏအတွင်း ပြိုလဲသွားသော သောဒုံမြို့ခံရသောအပြစ်ဒဏ်ထက် ငါ့လူမျိုးသမီးပျို ခံရသောအပြစ်ဒဏ်သည် ကြီးလေးပါသည်တကား။
ဓားဘေးဖြင့် သေရသောသူတို့သည် လယ်ယာသီးနှံမထွက်သောကြောင့် ငတ်မွတ်၍ သေရသောသူတို့ထက် သာ၍ကောင်း၏။
သူတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် ထိုပြည်ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာဖြစ်စေသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏’ဟု ဆင့်ဆိုလော့။
ထိုကာလတွင် သင့်လူမျိုးကို စောင့်ရှောက်ပေးသော အထွတ်အမြတ်မင်းမိက္ခေလ ပေါ်လာလိမ့်မည်။ လူမျိုးတစ်မျိုးဖြစ်ပေါ်လာချိန်မှစ၍ ထိုကာလအထိ တစ်ခါမျှမဖြစ်ဖူးသောဆင်းရဲဒုက္ခကာလသည် ရောက်လာလိမ့်မည်။ သို့သော် ထိုနေ့ရက်တွင် စာစောင်ထဲ၌ စာရင်းဝင်သော သင့်လူမျိုးအားလုံး လွတ်မြောက်ခွင့်ရလိမ့်မည်။
အကျွန်ုပ်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခြင်းဖြင့် အကျွန်ုပ်တို့နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးသောအုပ်စိုးရှင်တို့အား ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားတော်ကို ပြည့်စုံစေတော်မူပြီ။ အကြောင်းမူကား ကောင်းကင်တစ်ခွင်အောက်၌ တစ်ခါမျှမဖြစ်ဖူးသောအရာသည် ဂျေရုဆလင်မြို့တွင် ဖြစ်လေပြီ။
“မြေကြီးပေါ်ရှိလူသားမျိုးနွယ်တို့တွင် သင်တို့တစ်မျိုးနွယ်တည်းကိုသာ ငါသိမှတ်သည်ဖြစ်၍ သင်တို့အပြစ်ရှိသမျှကို ငါစစ်ကြောမည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်တွင်လည်း လုံးဝဖြစ်မည်မဟုတ်သော ကြီးမားသည့် ဆင်းရဲဒုက္ခမျိုးသည် ထိုကာလ၌ ကျရောက်လိမ့်မည်။