မြည်တမ်းစကား 4:6 - မြန်မာ့စံမီသမ္မာကျမ်း6 မည်သူမျှမတိုက်ခိုက်ဘဲ တစ်ခဏအတွင်း ပြိုလဲသွားသော သောဒုံမြို့ခံရသောအပြစ်ဒဏ်ထက် ငါ့လူမျိုးသမီးပျို ခံရသောအပြစ်ဒဏ်သည် ကြီးလေးပါသည်တကား။ Ver CapítuloCommon Language Bible6 ငါ၏လူမျိုးသည်ထာဝရဘုရား၏လက် တော်ဖြင့် ရုတ်တရက်ပြိုလဲပျက်စီးရသည့် သောဒုံမြို့ထက်အပြစ်ဒဏ်ပို၍ခံရ ပါ၏။ Ver CapítuloGarrad Bible6 လူ့ လက် ဖြင့် မ ဟုတ် ဘဲ၊ ရှောင် တ ခင် ဖြို လှဲ ခံ ရ သော၊ သော ဒုံ မြို့ ပြစ် ဒဏ် ထက်၊ ငါ့ လူ မျိုး ချင်း သ တို့ သ မီး ခံ သော စီ ရင် ဒဏ် ကြီး လေး သည် တ ကား။ Ver CapítuloJudson Bible6 အဘယ်သူမျှ အားမထုတ်ဘဲ ချက်ချင်းပျက်စီးခြင်းသို့ရောက်သော၊ သောဒုံမြို့ခံရသော အပြစ်ဒဏ်ထက်၊ ငါ၏လူမျိုး သတို့သမီးခံရသော အပြစ်ဒဏ်သည် သာ၍ကြီးပေ၏။ Ver Capítulo |
ဂျေရုဆလင်ပရောဖက်တို့တွင်လည်း ကြောက်မက်ဖွယ်ရာကို ငါတွေ့ပြီ။ သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ မုသားလမ်းကို လိုက်လျှောက်ကြ၏။ ဆိုးညစ်သူတို့ကို အားပေးသောကြောင့် မည်သူမျှ မိမိမကောင်းမှုမှ နောင်တမရကြ။ ပရောဖက်အားလုံးသည် ငါ့ရှေ့၌ သောဒုံမြို့သားကဲ့သို့ ဖြစ်ကြ၏။ ဂျေရုဆလင်မြို့သားတို့သည်လည်း ဂေါမောရမြို့သားကဲ့သို့ ဖြစ်ကြ၏။
အကျွန်ုပ်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခြင်းဖြင့် အကျွန်ုပ်တို့နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးသောအုပ်စိုးရှင်တို့အား ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားတော်ကို ပြည့်စုံစေတော်မူပြီ။ အကြောင်းမူကား ကောင်းကင်တစ်ခွင်အောက်၌ တစ်ခါမျှမဖြစ်ဖူးသောအရာသည် ဂျေရုဆလင်မြို့တွင် ဖြစ်လေပြီ။