La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယေ​ဇ​ကျေ​လ 10:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ခေရုဗိမ်​တို့​ထဲမှ ခေရုဗိမ်​တစ်​ပါး​က ခေရုဗိမ်​များ​အလယ်​ရှိ​မီးခဲ​ကို​လှမ်း​ယူ​ပြီး ပိတ်ချောထည်​ဝတ်​ထား​သူ​၏​လက်​ထဲသို့ ထည့်ပေး​သောအခါ သူ​လည်း ယူ​၍​ထွက်သွား​၏​။

Ver Capítulo

Common Language Bible

သတ္တ​ဝါ​တစ်​ပါး​သည်​လက်​ကို​ဆန့်​၍​သတ္တ ဝါ​များ​အ​ကြား​၌​ရှိ​သည့်​မီး​ကျီး​ခဲ​ကို ကောက်​ယူ​ကာ ပိတ်​ချော​ထည်​ဝတ်​ဆင်​သူ ၏​လက်​ခုပ်​ထဲ​သို့​ထည့်​၍​ပေး​၏။ ထို​သူ သည်​လည်း​မီး​ကျီး​ခဲ​များ​ကို​ယူ​၍ ထွက်​သွား​၏။

Ver Capítulo

Garrad Bible

ခေ ရု ဗ တို့ ကြား တွင် ရှိ သော မီး ကို၊ ကိုယ့် ကြား မှ လက် ဆန့်၍ သဲ့ ယူ ပြီး လျှင်၊ ပိတ် ထည် ဝတ် သူ့ လက် တွင်း သို့ အပ် ပေး ရာ၊ ထို သူ ခံ ယူ၍ ထွက် သွား၏။

Ver Capítulo

Judson Bible

ခေ​ရု​ဗိမ်​တစ်​ပါး​သည် ခေ​ရု​ဗိမ်​စု​ထဲ​က လက်​ကို​ဆန့်၍၊ ခေ​ရု​ဗိမ်​အ​ကြား​မှာ​ရှိ​သော မီး​ကို​ယူ​ပြီး​လျှင်၊ ပိတ်​အ​ဝတ်​ကို ဝတ်​သော​သူ​လက်၌ ထည့်၏။ ထို​သူ​လည်း​ခံ​ယူ၍ ထွက်​သွား၏။

Ver Capítulo



ယေ​ဇ​ကျေ​လ 10:7
7 Referencias Cruzadas  

ထို​သတ္တဝါ​တို့​၏​သဏ္ဌာန်​သည် မီးတောက်​နေ​သော မီးခဲ​သဏ္ဌာန်​နှင့်​တူ​၏​။ မီးရှူးမီးပန်း​သဏ္ဌာန်​နှင့်​တူ​သော​အရာ​များ​သည်​လည်း ထို​သတ္တဝါ​တို့​ကြား​တွင် ရွေ့လျား​သွားလာ​လျက်​ရှိ​၏​။ မီး​သည် တောက်ပ​လျက် မီး​ထဲမှ​လည်း လျှပ်စီး​တဖျပ်ဖျပ်လက်​လျက်​ရှိ​၏​။


တစ်ဖန် ပိတ်ချောထည်​ဝတ်​ထား​သူ​အား “​ဘီး​များ​၊ ခေရုဗိမ်​များ​အလယ်​ရှိ မီးခဲ​ကို​ယူ​လော့​”​ဟု မိန့်​တော်မူ​လျှင် ထို​သူ​လည်း ဝင်သွား​ပြီး ဘီး​အနား​တွင် ရပ်​နေ​၏​။


ခေရုဗိမ်​တို့​၏​အတောင်ပံ​အောက်​တွင် လူ​လက်​နှင့်​တူ​သော​လက်​ရှိ​သည်​ကို တွေ့​ရ​၏​။