La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယော​လ 3:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လူမျိုး​တကာ​တို့​ကို စုရုံး​ပြီး ယောရှဖတ်​ချိုင့်ဝှမ်းလွင်ပြင်​သို့ ငါ​ခေါ်ဆောင်​လာ​မည်​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​ကို လူမျိုးတကာ​တို့​ထံသို့ ကွဲလွင့်​စေ​ပြီး ငါ့​ပြည်​ကို ကွဲပြား​စေ​ခဲ့​သောကြောင့် ငါ့​လူမျိုး​တော်​ဖြစ်​သည့် ငါ့​အမွေ​တော်​အစ္စရေး​တို့​အတွက် သူ​တို့​ကို ထို​အရပ်​၌ ငါ​တရားစီရင်​မည်​။

Ver Capítulo

Common Language Bible

လူ​မျိုး​တ​ကာ​တို့​အား​ပြန်​လည်​စု​ရုံး​၍ တ​ရား​စီ​ရင်​ရာ​ချိုင့်​ဝှမ်း​သို့ ခေါ်​ဆောင်​လာ​မည်။ ငါ့​လူ​မျိုး​တော်​တို့​ကို​ထို​သူ​တို့​ပြု​ကျင့်​ခဲ့​သည့် အ​မှု​များ​အ​တွက်၊ ထို​အ​ရပ်​တွင်​သူ​တို့​အား​ငါ​တ​ရား​စီ​ရင်​မည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​နိုင်​ငံ​ရပ်​ခြား​သို့​ကွဲ​လွင့်​စေ​ကာ၊ ငါ​၏​ပြည်​တော်​ဣ​သ​ရေ​လ​ကို​ကွဲ​ပြား​စေ ခဲ့​ကြ​၏။

Ver Capítulo

Garrad Bible

လူ မျိုး တ ကာ တို့ ကို လည်း၊ ယော ရှ ဖက် ခေါ် ချိုင့် သို့ စု ရုံး ဆင်း သက် စေ ပြီး လျှင်။ ဝေ ပေး ခဲ့ ကြ သော ပြည် တော်၊ လူ မျိုး ခြား တို့ တွင် ကွဲ လွင့် စေ ခဲ့ သော ပိုင် ရာ တော်၊ ဣ သ ရေ လ လူ မျိုး တော် အ တွက်။ တ ရား ဆိုင် လိမ့် မည်။

Ver Capítulo

Judson Bible

ခပ်​သိမ်း​သော လူ​မျိုး​တ​ကာ​တို့​ကို ငါ​သည် စု​ဝေး​စေ၍ ယော​ရှ​ဖတ်​ချိုင့်​သို့ ခေါ်​ခဲ့​မည်။ သူ​တို့​သည် ငါ့​ပြည်​ကို ဝေ​ဖန်၍ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင် ကွဲ​ပြား​စေ​သော ငါ၏​အ​မွေ​လူ​ဣ​သ​ရေ​လ​အ​မျိုး​ဘက်​မှာ ငါ​သည် တ​ရား​စီ​ရင်​မည်။

Ver Capítulo



ယော​လ 3:2
30 Referencias Cruzadas  

စတုတ္ထ​မြောက်​နေ့​တွင် ဗေရာခ​ချိုင့်ဝှမ်းလွင်ပြင်​တွင် စုဝေး​ကြ​ပြီး ထာဝရဘုရား​အား ချီးမွမ်းထောမနာပြု​ကြ​၏​။ ထို့ကြောင့် ထို​နေရာ​သည် ဗေရာခ​ချိုင့်ဝှမ်းလွင်ပြင်​ဟု ယနေ့​တိုင် အမည်တွင်​လေ​၏​။


ထာဝရဘုရား​သည် လူသား​အားလုံး​ကို မီး​ဖြင့်​လည်းကောင်း​၊ ဓား​ဖြင့်​လည်းကောင်း တရားစီရင်​တော်မူ​မည်​။ ထာဝရဘုရား​ကွပ်မျက်​သော​သူ​တို့​သည် များပြား​လိမ့်မည်​။


ထာဝရဘုရား​က “​သူ​တို့​ပြု​သော​အမှု​များ​၊ အကြံအစည်​များ​ကို ငါ​သိ​၏​။ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုး​တို့​ကို စုစည်း​မည့်​အချိန်​ရောက်လာ​မည်​။ သူ​တို့​သည်​လာ​၍ ငါ​၏​ဘုန်းအသရေ​ကို​မြင်​ရ​လိမ့်မည်​။


ထာဝရဘုရား​က “​ငါ့​လူမျိုး​တော်​အစ္စရေး​တို့ အမွေဆက်ခံ​ရန် ငါ​ပေး​ထား​သော​အမွေ​ပြည်​ကို​ထိပါး​လာ​သော အိမ်နီးချင်း​ဆိုး​အပေါင်း​တို့​ကို သူ​တို့​ပြည်​မှ ထုတ်ပစ်​မည်​။ ယုဒ​အမျိုးအနွယ်​တို့​ကို​လည်း သူ​တို့​ထဲ​မှ ထုတ်ပစ်​မည်​။


ဆူညံပွက်လောရိုက်​သော​အသံ​သည် မြေကြီး​စွန်း​အထိ ပဲ့တင်ထပ်​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့​ကို စွဲချက်တင်​တော်မူ​မည်​။ သတ္တဝါ​အားလုံး​ကို တရားစီရင်​တော်မူ​မည်​။ ဆိုးယုတ်​သော​သူ​တို့​ကို ဓား​လက်​သို့ အပ်​တော်မူ​မည်​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​ရ​မည်​။


အမ္မုန်​အမျိုးသား​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​အစ္စရေး​လူမျိုး​၌ သား​မ​ရှိ​သလော​၊ အမွေခံ​မ​ရှိ​သလော​။ အဘယ်ကြောင့် မိလကုံ​ဘုရား​သည် ဂဒ်​ပြည်​ကို သိမ်းပိုက်​သနည်း​။ အဘယ်ကြောင့် သူ့​လူမျိုး​တို့​သည် ဂဒ်​ပြည်​ရှိ​မြို့​များ​တွင် နေထိုင်​ကြ​သနည်း​”​ဟု မိန့်ဆို​တော်မူ​၏​။


အစ္စရေး​လူမျိုး​သည် ခြင်္သေ့​တို့​အလိုက်​ခံရ​၍ တကွဲတပြား​ဖြစ်​နေ​သော​သိုး​ကဲ့သို့​ဖြစ်​၏​။ ဦးစွာ အဆီးရီးယား​ဘုရင်​သည် ကိုက်စား​၏​။ နောက်ဆုံး​မှာ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် သူ့​အရိုး​တို့​ကို ဝါးမျို​လေ​၏​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘မောဘ​ပြည်​နှင့် စိရ​ပြည်​တို့​က ယုဒ​အမျိုး​သည် လူမျိုးခြား​တို့​နှင့် အတူတူ​ပင်​ဖြစ်​၏​ဟု ဆို​ကြ​သောကြောင့်


ငါ့​သိုး​တို့​သည် တောင်တန်း​ရှိသမျှ​၊ ကုန်းမြင့်​ရှိသမျှ​တို့​တွင် လှည့်လည်​သွားလာ​နေ​ရ​ပြီ​။ မြေ​တစ်ပြင်လုံး​သို့ ကွဲလွင့်​ကုန်​ပြီ​။ ငါ့​သိုး​တို့​ကို လိုက်လံ​ရှာဖွေ​သူ တစ်ယောက်မျှ​မ​ရှိ’​ဟု မိန့်​တော်မူ​၏​။


ထို​အရပ်​တွင် ထာဝရဘုရား​ရှိ​လျက်​နှင့် သင်​တို့​က ဤ​ပြည်​နှစ်​ပြည်​၊ ဤ​လူမျိုး​နှစ်​မျိုး​ကို ငါ​တို့​သိမ်းပိုက်​၍ ငါ​တို့​အပိုင်​ဖြစ်​မည်​ဟု ဆို​သောကြောင့်


တစ်ဖန် အချင်း​လူသား​၊ အစ္စရေး​တောင်တန်း​အား ဤသို့​ပရောဖက်ပြု​ဟောပြော​လော့​။ ‘​အို အစ္စရေး​တောင်တန်း​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။


ဘုရားရှင်​ထာဝရဘုရား​က ‘ငါ့​ပြည်​ကို ဝမ်းသာအားရ​အပိုင်​သိမ်းယူ​ခဲ့​သော​၊ စားကျက်မြေ​များ​ကို​ပါ​လုယူ​ခဲ့​သော အခြား​တိုင်းပြည်​များ​နှင့် ဧဒုံ​ပြည်​တစ်ပြည်လုံး​ကို စိတ်အားကြီး​စွာ​ဖြင့် ငါ​မိန့်ဆို​ပြီ’​ဟု မိန့်​တော်မူ​၏​။


ငါ​သည် သူ့​ကို ကပ်ရောဂါ​ဘေး​၊ သေဘေး​ဖြင့် စီရင်​မည်​။ သူ​နှင့်​သူ့​စစ်သည်​များ​အပါအဝင် သူ​၌​ပါလာ​သော​လူ​အမြောက်အမြား​တို့​အပေါ် ရေလွှမ်းမိုး​စေ​မည်​၊ မိုးသီး​နှင့်တကွ မီး​နှင့်​ကန့် ရွာကျ​စေ​မည်​။


ဘုရားရှင်​ထာဝရဘုရား​က ‘ထို​နေ့ရက်​တွင် အစ္စရေး​ပြည်​၊ ပင်လယ်​အရှေ့ဘက်​ခရီးသွား​ရာ​လွင်ပြင်​တွင် ဂေါဂ​မင်းကြီး​ကို သင်္ဂြိုဟ်​ရန် မြေနေရာ​ပေး​မည်​။ ထို​နေရာ​တွင် ဂေါဂ​မင်းကြီး​နှင့်​သူ့​လူအုပ်​ကို သင်္ဂြိုဟ်​ကြ​သဖြင့် ခရီးသွားလာ​သော​သူ​တို့​အတွက် လမ်းပိတ်​လိမ့်မည်​။ ထို့ကြောင့် ထို​နေရာ​ကို ဟာမုန်ဂေါဂ​ချိုင့်​ဟု ခေါ်ဆို​ကြ​လိမ့်မည်​။


“လူမျိုးတကာ​တို့​သည် ထ​၍ ယောရှဖတ်​ချိုင့်ဝှမ်းလွင်ပြင်​သို့ လာ​ကြ​ပါစေ​။ ငါ​သည် ထို​နေရာ​တွင် ထိုင်​၍ အရပ်ရပ်​မှ​လူမျိုးတကာ​တို့​ကို စီရင်​မည်​။


တရားစီရင်​ဆုံးဖြတ်​ရာ​ချိုင့်ဝှမ်းလွင်ပြင်​၌ လူ​အမြောက်အမြား ပြည့်နှက်​နေ​ပါ​တကား​။ စင်စစ် ဆုံးဖြတ်​ရာ​ချိုင့်ဝှမ်းလွင်ပြင်​တွင် ထာဝရဘုရား​၏​နေ့ရက် ရောက်လု​နီး​ပြီ​။


တစ်ဖန် ထာဝရဘုရား​က “​ဧဒုံ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ညီအစ်ကိုချင်း​ကို သနားညှာတာစိတ်​မ​ထား​၊ ဓား​နှင့်​လိုက်လံ​ညှဉ်းဆဲ​တတ်​၏​။ အမျက်မပြေ​၊ ဒေါသ​ထွက်​လျက် ကိုက်ဖဲ့​တတ်​၏​။


သို့သော် သူ​တို့​သည် ထာဝရဘုရား​၏​စိတ်​တော်​တို့​ကို မ​သိ​၊ အကြံအစည်​တော်​ကို နား​မ​လည်​ကြ​။ စင်စစ် ကိုယ်တော်​သည် သူ​တို့​ကို ကောက်နယ်တလင်း​မှ ကောက်လှိုင်း​များ​ကဲ့သို့ စုစည်း​တော်မူ​မည်​။


ထို့ကြောင့် ငါ​ထ​၍ လုယက်​တိုက်ခိုက်​မည့်​နေ့​ကို စောင့်​နေ​လော့​။ အကယ်စင်စစ် ငါ​သည် တိုင်းနိုင်ငံ​အရပ်ရပ်​မှ လူမျိုးတကာ​တို့​ကို ခေါ်ယူ​စုစည်း​ပြီး တရားစီရင်​မည်​။ ပြင်းထန်​သော ငါ့​အမျက်​၊ ငါ့​ဒေါသမီး​အလုံးအရင်း​ကို သူ​တို့​အပေါ်​သို့​သွန်ချ​မည်​။ ငါ့​ဒေါသ​မီး​အရှိန်​ကြောင့် မြေ​တစ်ပြင်လုံး​လောင်ကျွမ်း​သွား​လိမ့်မည်​။


လူမျိုး​တို့​သည် အမျက်ထွက်​ကြ​ပါ​၏။ သို့သော် ကိုယ်တော်​၏​အမျက်​တော်​သည် သက်ရောက်​လာ​ပါ​၏။ သေလွန်​သော​သူ​တို့​ကို တရား​စီရင်​ရန်​လည်းကောင်း၊ ကိုယ်တော်​၏​အစေအပါး​များ၊ ပရောဖက်​များ၊ သန့်ရှင်း​သူ​များ​နှင့် ကိုယ်တော်​၏​နာမ​တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​သူ​အကြီး​အငယ်​တို့​အား ဆုလာဘ်​ပေး​တော်မူ​ရန်​လည်းကောင်း၊ ကမ္ဘာ​မြေကြီး​ကို​ဖျက်ဆီး​သော​သူ​တို့​ကို ဖျက်ဆီး​ရန်​လည်းကောင်း အချိန်​ရောက်လာ​ပါ​၏”​ဟု လျှောက်​ကြ​၏။


ထို​ဝိညာဉ်​တို့​သည် နိမိတ်​လက္ခဏာ​များ​ကို​ပြု​သော နတ်ဆိုး​တို့​၏​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ ၎င်း​တို့​သည် ကမ္ဘာ​တစ်ဝန်းလုံး​ရှိ ဘုရင်​များ​ကို အနန္တ​တန်ခိုးရှင်​ဘုရားသခင်​၏​နေ့ရက်​ကြီး​နှင့်ဆိုင်သော​စစ်ပွဲ​အတွက်​စုဝေး​စေရန် ထို​ဘုရင်​များ​ထံသို့ ထွက်ခွာ​သွား​ကြ​၏။


ထို​ဝိညာဉ်​တို့​သည် ဘုရင်​များ​ကို ဟေဗြဲ​ဘာသာစကား​အားဖြင့် အာမဂေဒုန်​ဟု​ခေါ်​သော​အရပ်​၌ စုဝေး​စေ​ကြ​၏။


အကြောင်းမူကား ထို​သူ​တို့​သည် သန့်ရှင်း​သူ​များ​နှင့် ပရောဖက်​များ​၏​သွေး​ကို သွန်း​ခဲ့​ကြ​သည်​ဖြစ်၍ ကိုယ်တော်​သည် ထို​သွေး​တို့​ကို သူ​တို့​အား​သောက်​ရန် ပေး​တော်မူ​ပြီ။ သူ​တို့​သည် ထိုသို့​ခံရ​ရန် ထိုက်တန်​ပေ​၏”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။


ကမ္ဘာ​မြေကြီး​လေး​မျက်နှာ​ရှိ လူမျိုး​များ​ဖြစ်​ကြ​သည့် ဂေါဂ၊ မာဂေါဂ​ကို​လှည့်ဖြား​ရန်​နှင့် စစ်ပွဲ​အတွက် သူ​တို့​ကို​စုဝေး​စေရန် ထွက်သွား​လိမ့်မည်။ သူ​တို့​၏​အရေအတွက်​သည် သမုဒ္ဒရာ​သဲပွင့်​များ​နှင့်အမျှ​ရှိ​ကြ​၏။