Biblia Todo Logo
La Biblia Online
- Anuncios -




ယော​လ 3:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သူ​တို့​သည် ငါ့​လူမျိုး​တော်​တို့​ကို​မဲချ​ခွဲဝေ​ယူ​ကြ​၏​။ ပြည့်တန်ဆာ​ကို​ရ​ရန် လုလင်ငယ်​ဖြင့် အလဲအလှယ်ပြု​၍ စပျစ်ဝိုင်​သောက်​ရန် လုံမငယ်​ကို ရောင်း​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

3 သူ​တို့​သည်​သုံ့​ပန်း​များ​ကို​အ​ဘယ်​သူ​သို့ ပေး​အပ် ရ​မည်​ကို​မဲ​ချ​၍​ဆုံး​ဖြတ်​ခဲ့​ကြ​၏။ ပြည့်​တန်​ဆာ​မ​များ​အ​တွက်​အ​ခ​ကြေး​ငွေ​နှင့် စ​ပျစ်​ရည်​ဖိုး​ရ​ရှိ​ရန် သူ​တို့​သည်​သူ​ငယ်​သူ​ငယ်​မ​များ​ကို ရောင်း​စား​ခဲ့​ကြ​သည်။

Ver Capítulo Copiar

Garrad Bible

3 ထို သူ တို့ သည်။ ငါ့ လူ မျိုး ကို မဲ ချ ဝေ ဖန် လျက်၊ သူ ငယ် ကို ပြည် တန် စာ နှင့်၎င်း၊ မိန်း မ ငယ် ကို သုံး သောက် ရာ စ ပျစ် ရည် နှင့်၎င်း၊ ရောင်း ချ လဲ လှယ် ကြ လေ ပြီ တ ကား။

Ver Capítulo Copiar

Judson Bible

3 သူ​တို့​သည် ငါ၏​လူ​တို့​အ​ဖို့ စာ​ရေး​တံ​ချ​ကြ​ပြီ။ လူ​က​လေး​ကို ပြည်​တန်​ဆာ​နှင့်​လည်း​ကောင်း၊ မိန်း​မ​က​လေး​ကို မိ​မိ​သောက်​စ​ရာ စ​ပျစ်​ရည်​နှင့်​လည်း​ကောင်း ဖ​လှယ်​ကြ​ပြီ​တ​ကား။

Ver Capítulo Copiar




ယော​လ 3:3
8 Referencias Cruzadas  

ဖတဆိုး​ကို​ပင် သင်​တို့​မဲချ​ခွဲဝေ​ယူ​ကြ​၏​။ ကိုယ့်​မိတ်ဆွေရင်း​ကို​ပင် သင်​တို့​ရောင်းစား​ကြ​၏​။


ယာဝန်​အမျိုးသား​၊ တုဗလ​အမျိုးသား​၊ မေရှက်​အမျိုးသား​တို့​သည် သင်​နှင့်​ကုန်သွယ်​ကြ​၏​။ သင်​၏​ကုန်စည်​များ​ကို သက်ရှိ​လူ​များ​၊ ကြေးနီ​အသုံးအဆောင်​များ​နှင့် လဲလှယ်​ကြ​၏​။


သေသောက်ကြူး​သူ​တို့​၊ ထ​၍​ငိုကြွေး​ကြ​လော့​။ စပျစ်ဝိုင်​သောက်​သူ​တို့​၊ စပျစ်ဝိုင်သစ်​ကြောင့် ညည်းတွား​ကြ​လော့​။ အကြောင်းမူကား သင်​တို့​နှုတ်​သည် စပျစ်ဝိုင်သစ်​ကို တို့ထိ​ခွင့်​ရ​တော့​မည်​မ​ဟုတ်​။


တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​အစ္စရေး​လူမျိုး​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ငွေ​အတွက် ဖြောင့်မတ်​သော​သူ​ကို ရောင်းစား​၏​။ ဖိနပ်​တစ်ရံ​အတွက် နွမ်းပါး​သူ​ကို ရောင်းစား​၏​။


ယာကုပ်​၏​ဥစ္စာပစ္စည်း​များ​ကို သူစိမ်း​တို့ သိမ်းယူ​သွား​သော​နေ့​၊ တစ်ပါးအမျိုးသား​တို့ မြို့​တံခါး​များ​မှ ဝင်ရောက်​လာ​ပြီး ဂျေရုဆလင်​မြို့​ကို မဲ​ချ​သော​နေ့​တွင် သင်​သည်​ဘေး​မှ​ရပ်ကြည့်​နေ​၏​။ သင်​သည် ထို​သူ​တို့​နှင့်​အလိုတူ​အလိုပါ​ဖြစ်​၏​။


သို့သော်လည်း သူ​သည် သုံ့ပန်း​အဖြစ်​ဖမ်းခေါ်​သွား​ခြင်း​ခံရ​၍ ကလေးသူငယ်​များ​သည် လမ်းဆုံလမ်းခွ​တိုင်း​၌ ကိုင်ယူ​ပေါက်သတ်​ခြင်း​ခံရ​လေ​ပြီ​။ သူ​၏​လူကြီးလူကောင်း​များ​သည် မဲချ​ခွဲဝေ​ခြင်း​ခံရ​ပြီး မင်းအရာရှိ​အားလုံး​လည်း သံကြိုး​ဖြင့်​ချည်နှောင်​ခြင်း​ခံရ​ကြ​လေ​ပြီ​။


သစ်ကြံပိုး၊ ဟင်းခတ်​အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လော်ဗန်၊ စပျစ်​ဝိုင်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ​နွား​တိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်း​ရထား၊ လူ့​ကိုယ်ခန္ဓာ​နှင့် လူ​၏​အသက်​တို့​ပင်​ဖြစ်​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos