La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယော​ရှု 7:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ခါနာန်​လူမျိုး​နှင့် ခါနာန်​ပြည်သား​အပေါင်း​တို့​ကြား​လျှင် သူ​တို့​သည် အကျွန်ုပ်​တို့​ကို​ဝိုင်းရံ​ထား​ပြီး အကျွန်ုပ်​တို့​၏​အမည်​ကို မြေကြီး​ပေါ်မှ​ပယ်ဖျက်​ကြ​ပါ​လိမ့်မည်​။ ကိုယ်တော်​၏​ကြီးမြတ်​သော​နာမ​တော်​အဖို့ မည်သို့​ပြု​တော်မူ​မည်နည်း​”​ဟု လျှောက်ဆို​လေ​၏​။

Ver Capítulo

Common Language Bible

ခါ​နာန်​အမျိုး​သား​မှ​စ​၍​ဤ​ပြည်​ရှိ​လူ အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​သ​ဖြင့် အ​ကျွန်ုပ်​တို့​ကို​ဝိုင်း​၍ တစ်​ယောက်​မျှ​မ​ကျန် အောင်​သတ်​ဖြတ်​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​၏​ဘုန်း​တန်​ခိုး​တော်​ကို လူ​တို့ အ​ထင်​မ​သေး​ကြ​စေ​ခြင်း​ငှာ​မည်​သို့ ပြု​တော်​မူ​ပါ​မည်​နည်း'' ဟု​လျှောက်​ထား လေ​၏။

Ver Capítulo

Garrad Bible

ခါ န နိ အ စ ရှိ သော ဤ တိုင်း ရင်း သား အ ပေါင်း တို့ ကြား လျှင်၊ အ ကျွန်ုပ် တို့ ကို ဝန်း ဝိုင်း၍ အ မည် ကို လည်း မြေ ပေါ် မှ ချေ ဖျောက် ကြ လိမ့် တ ကား။ ဤ သို့ ပြု လျှင်၊ မြင့် မြတ် သော နာ မ တော် အ ဖို့ အ လို့ ငှာ မည် သို့ ပြု တော် မူ အံ့ နည်း ဟု လျှောက် ဆို သော်၊

Ver Capítulo

Judson Bible

ခါ​န​နိ​လူ အ​စ​ရှိ​သော ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​လျှင်၊ အ​ကျွန်ုပ်​တို့​ကို​ဝိုင်း၍ အ​ကျွန်ုပ်​တို့၏​နာ​မည်​ကို မြေ​ကြီး​မှ ပယ်​ရှင်း​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် ကြီး​မြတ်​သော နာ​မ​တော်​အ​ဖို့​အ​လို​ငှာ အ​ဘယ်​သို့ ပြု​တော်​မူ​မည်​နည်း​ဟု လျှောက်​ဆို၏။

Ver Capítulo



ယော​ရှု 7:9
19 Referencias Cruzadas  

အကျွန်ုပ်​တို့​၌​မ​ဟုတ်​ဘဲ​၊ အို ထာဝရဘုရား​၊ အကျွန်ုပ်​တို့​၌​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​နာမ​တော်​၌​သာ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် ကိုယ်တော်​၏​သမ္မာတရား​ကြောင့် ဘုန်းအသရေ​ရှိ​ပါစေသော​။


အို ဘုရားသခင်​၊ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​သည် ကိုယ်တော်​၏​နာမ​တော်​နည်းတူ ကမ္ဘာမြေ​အစွန်း​တိုင်အောင် ပျံ့နှံ့​ပါ​၏​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ဖြောင့်မတ်​ခြင်း​နှင့်​ပြည့်ဝ​ပါ​၏​။


အကျွန်ုပ်​တို့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊ ကိုယ်တော့်​နာမ​တော်​၏​ဘုန်းအသရေ​တော်​ကို​ထောက်​၍ အကျွန်ုပ်​တို့​ကို ကူညီမစ​တော်မူ​ပါ​။ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အကျွန်ုပ်​တို့​ကို​ကယ်နုတ်​ပြီး အကျွန်ုပ်​တို့​၏​အပြစ်​များ​ကို ဖြေလွှတ်​တော်မူ​ပါ​။


သူ​တို့​က “​လာ​ကြ​၊ အစ္စရေး​ဟူသော​အမည်နာမ​ကို နောက်တစ်ဖန် အောက်မေ့စရာ​အကြောင်း​မ​ရှိ​စေရန် သူ​တို့​ကို လူမျိုး​တစ်​မျိုး​အဖြစ်​မှ ပယ်ဖျက်​ကြ​ကုန်စို့​”​ဟု ဆို​ကြ​ပါ​၏​။


အမှန်စင်စစ် သူ​တို့​သည် စိတ်သဘော​တညီတညွတ်တည်း​ဖြင့် လျှို့ဝှက်ကြံစည်​ကြ​၍ ကိုယ်တော်​ကို​ဆန့်ကျင်​လျက် မဟာမိတ်​ဖွဲ့​ကြ​ပါ​၏​။


အီဂျစ်​လူမျိုး​တို့​က ‘​ကိုယ်တော်​သည် တော​တောင်​များ​ထဲ၌ အစ္စရေး​လူမျိုး​တို့​ကို​ကွပ်မျက်​၍ မြေကြီး​ပေါ်​မှ​သုတ်သင်​ရန်​အတွက် မကောင်း​သော​ရည်ရွယ်ချက်​ဖြင့် ထုတ်ဆောင်​တော်မူ​ခဲ့​သည်​’​ဟု အဘယ်ကြောင့်​ပြောဆို​ကြ​ရ​မည်နည်း​။ ကိုယ်တော်​၏​ပြင်းထန်​သော​အမျက်​တော်​ပြေ​၍ ကိုယ်တော်​၏​လူမျိုး​တော်​အပေါ်​ကျရောက်​စေ​မည့်​ဘေးအန္တရာယ်​မှ စိတ်ပြောင်းလဲ​တော်မူ​ပါ​။


သို့သော် သူ​တို့​နေထိုင်​ရာ​လူမျိုးခြား​တို့​အလယ်​တွင် ငါ့​နာမ​ရှုတ်ချ​မ​ခံရ​ရန်​အတွက် ငါ​ပြု​ခဲ့​၏​။ သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို လူမျိုးခြား​တို့​အား သိ​စေ​ခဲ့​၏​။


ထာဝရဘုရား​၏​အမှု​တော်​ဆောင် ယဇ်ပုရောဟိတ်​တို့​သည် ဆင်ဝင်ပေါက်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် ငိုကြွေး​လျက် “​အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လူမျိုး​တော်​ကို သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​အမွေ​တော်​ကို လူမျိုးခြား​တို့​အလယ်​တွင် ကဲ့ရဲ့စရာ​၊ ပုံခိုင်းစရာ​ဖြစ်​အောင် ပြု​တော်​မ​မူ​ပါ​နှင့်​။ လူမျိုးခြား​တို့​က ‘သူ​တို့​၏​ဘုရားသခင်​သည် အဘယ်မှာ​ရှိ​သနည်း’​ဟူ၍ လူမျိုးတကာ​၏​အလယ်​တွင် အဘယ်ကြောင့် ဆို​ရ​ပါ​မည်နည်း​”​ဟု လျှောက်​ကြ​စေ​။


“​သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကား အဘယ်မှာ​ရှိ​သနည်း”​ဟု ငါ့​အား ပြောဆို​သော​ရန်သူ​သည် ထို​အဖြစ်​ကို​မြင်​၍ အရှက်ကွဲ​ရ​လိမ့်မည်​။ ယခု​တွင် သူ​သည် လမ်း​ပေါ်မှ ရွှံ့​ကဲ့သို့ နင်းချေ​ခံရ​သည်​ကို ငါ့​မျက်စိ​ဖြင့် တပ်အပ်​မြင်​ရ​လိမ့်မည်​။


သို့သော် မောရှေ​က ထာဝရဘုရား​အား “​ကိုယ်တော်​၏​တန်ခိုး​တော်​အားဖြင့် ဤ​လူမျိုး​ကို အီဂျစ်​လူမျိုး​တို့​အလယ်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သည်​ကို အီဂျစ်​လူမျိုး​တို့​ကြား​ကြ​၍


‘အို အဖ၊ ကိုယ်တော်​၏​နာမ​တော်​အား ဘုန်း​တော်​ထင်ရှား​စေ​တော်မူ​ပါ’”​ဟု မြွက်ဆို​တော်မူ​၏။ ထိုအခါ “ငါ​သည် ဘုန်း​တော်​ထင်ရှား​စေ​ခဲ့​ပြီ။ နောက်တစ်ဖန်​လည်း ထင်ရှား​စေ​ဦး​မည်”​ဟု ကောင်းကင်​မှ​အသံ​တော်​လာ​၏။


သို့မဟုတ်လျှင် အကျွန်ုပ်​တို့​ကို ကိုယ်တော်​ထုတ်ဆောင်​လာ​ခဲ့​သည့်​ပြည်​မှ လူ​တို့​က “ထာဝရဘုရား​သည် သူ​တို့​အား ကတိထား​သည့်​ပြည်​သို့ ပို့ဆောင်​ရန်​မ​တတ်နိုင်​သောကြောင့်​၊ သူ​တို့​ကို​မုန်းတီး​သောကြောင့် တောကန္တာရ​ထဲ၌ သူ​တို့​ကို​ကွပ်မျက်​ရန် ထုတ်ဆောင်​တော်မူ​ခဲ့​၏”​ဟု ဆို​ကြ​ပါ​လိမ့်မည်​။


ထိုအခါ ထာဝရဘုရား​က ယောရှု​အား “​ထ​လော့​။ အဘယ်ကြောင့် ဤသို့​ပျပ်ဝပ်​လျက်​နေ​ရ​သနည်း​။


အို အကျွန်ုပ်​ဘုရားရှင်​၊ အစ္စရေး​လူမျိုး​တို့​သည် ရန်သူ​တို့​ရှေ့​မှ လှည့်ပြေး​ခဲ့​ရ​ပြီ​ဖြစ်၍ အကျွန်ုပ် မည်သို့​လျှောက်ဆို​နိုင်​ဦး​မည်နည်း​။


ထာဝရဘုရား​သည် ကြီးမြတ်​သော​နာမ​တော်​ကို ထောက်​၍ မိမိ​၏​လူမျိုး​တော်​ကို စွန့်ပစ်​မည်​မ​ဟုတ်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​ကို မိမိ​လူမျိုး​တော်​ဖြစ်​စေဖို့ အလိုရှိ​တော်မူ​၏​။