ထွက်မြောက် 32:12 - မြန်မာ့စံမီသမ္မာကျမ်း12 အီဂျစ်လူမျိုးတို့က ‘ကိုယ်တော်သည် တောတောင်များထဲ၌ အစ္စရေးလူမျိုးတို့ကိုကွပ်မျက်၍ မြေကြီးပေါ်မှသုတ်သင်ရန်အတွက် မကောင်းသောရည်ရွယ်ချက်ဖြင့် ထုတ်ဆောင်တော်မူခဲ့သည်’ဟု အဘယ်ကြောင့်ပြောဆိုကြရမည်နည်း။ ကိုယ်တော်၏ပြင်းထန်သောအမျက်တော်ပြေ၍ ကိုယ်တော်၏လူမျိုးတော်အပေါ်ကျရောက်စေမည့်ဘေးအန္တရာယ်မှ စိတ်ပြောင်းလဲတော်မူပါ။ Ver CapítuloCommon Language Bible12 အီဂျစ်အမျိုးသားတို့ကကိုယ်တော်ရှင်သည် ဣသရေလအမျိုးသားတို့ကိုတောင်များ ပေါ်သို့ခေါ်ဆောင်၍၊ အကုန်အစင်ရှင်းလင်း သုတ်သင်ပစ်ရန်အီဂျစ်ပြည်မှထုတ်ဆောင် သွားသည်ဟူ၍ဆိုဖွယ်ရာအကြောင်းရှိ စေရပါမည်လော။ ပြင်းပြသောအမျက် တော်ကိုပြေစေလျက်ကိုယ်တော်၏လူမျိုး တော်အားပေးမည့်အပြစ်ဒဏ်မှလွတ် ငြိမ်းချမ်းသာခွင့်ရစေပါ။- Ver CapítuloGarrad Bible12 မ ကောင်း သင့် ရောက် ခြင်း၊ တောင် ရိုး၌ ကွပ် မျက် ခြင်း၊ မြေ ပေါ် က ကုန် ခန်း ခြင်း တိုင် အောင် ထုတ် ဆောင် တော် မူ သည် တ ကား ဟု အ ဘယ် ကြောင့် အိ ဂျစ် လူ တို့ ဆို ဖွယ် ရှိ ရ ပါ မည် နည်း။ အ မျက် တော် အ ရှိန် ကို ငြိမ်း စေ တော် မူ ပါ။ လူ မျိုး တော် အ ပေါ် တွင် ပေး လ တ္တံ့ သော ဘေး ဒဏ် မှ စိတ် ပြောင်း လဲ တော် မူ ပါ။ Ver CapítuloJudson Bible12 အဲဂုတ္တုလူတို့ကလည်း၊ ဘုရားသခင်သည် မကောင်းသောအကြံရှိသဖြင့်၊ သူတို့ကိုတောတောင်များ၌သတ်၍ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းခြင်းအလိုငှာသာ၊ နုတ်ဆောင်လေသည်ဟု အဘယ်ကြောင့်ဆိုဖွယ်အကြောင်း ရှိရပါမည်နည်း။ ပြင်းစွာသောအမျက်တော်ကို ပယ်တော်မူပါ။ ကိုယ်တော်၏လူတို့၌ ဤသို့အပြစ်ပေးမည်အကြံကို နောင်တရတော်မူပါ။ Ver Capítulo |
သို့ဖြစ်၍ အကျွန်ုပ်တို့၏အကြီးအကဲများသည် လူထုတစ်ရပ်လုံးအတွက် တာဝန်ယူပါစေ။ တစ်ပါးအမျိုးသားမိန်းမပျိုတို့နှင့်စုံဖက်သောသူအားလုံး ကိုယ့်မြို့ကိုယ့်ရွာရှိသက်ကြီးဝါကြီးများ၊ တရားသူကြီးများနှင့်အတူ သတ်မှတ်ထားသောအချိန်တွင် လာ၍ ဤကိစ္စနှင့်ပတ်သက်ပြီး အကျွန်ုပ်တို့၏ဘုရားသခင် အမျက်တော်ပြေသည့်တိုင်အောင် အစစ်ဆေးခံပါစေ”ဟု ပြန်ပြောကြ၏။
ယခု အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရပါလျှင် အကျွန်ုပ်အား ကိုယ်တော်၏လမ်းခရီးကို သိစေတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် ကိုယ်တော်ကိုသိမည်ဖြစ်၍ ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရပါလိမ့်မည်။ ဤလူမျိုးသည် ကိုယ်တော်၏လူမျိုးတော်ဖြစ်သည်ကို ဆင်ခြင်တော်မူပါ”ဟု လျှောက်လေ၏။
ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။