ထိုသို့ ဒုက္ခရောက်သောအခါ မနာရှေမင်းကြီးသည် သူ၏ဘုရားသခင်ထာဝရဘုရား၏မျက်နှာတော်ကို ရှာလျက် ဘိုးဘေးတို့၏ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုအလွန်နှိမ့်ချလေ၏။
ယောန 2:2 - မြန်မာ့စံမီသမ္မာကျမ်း “အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲတွင် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်နားညောင်းတော်မူ၏။ မရဏာနိုင်ငံတွင်းနက်ထဲမှ အကျွန်ုပ်အကူအညီအော်ဟစ်တောင်းခံသောအခါ အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါ၏။ Common Language Bible ``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ဘေးနှင့်ကြုံတွေ့နေရသည့်အတွက် ကိုယ်တော်အားဟစ်ခေါ်ခဲ့ပါသည်။ ကိုယ်တော်ကလည်းကြားတော်မူပါ၏။ အကျွန်ုပ်သည်သေမင်း၏ခံတွင်းမှနေ၍ ကိုယ်တော်အားဟစ်အော်သံကိုကိုယ်တော် ကြားတော်မူပါ၏။ Garrad Bible အ ကျွန်ုပ် သည် ဒု က္ခ ခံ ရ သော ကြောင့်၊ ထာ ဝ ရ ဘု ရား ကို ဟစ် ခေါ်၍၊ ကိုယ် တော် သည် ထူး တော် မူ၏။ မ ရ ဏာ့ နိုင် ငံ၏ ဝမ်း ထဲ မှ ဟစ် သော အ သံ ကို နား ညောင်း တော် မူ၏။ Judson Bible ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရားကိုဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။ မရဏနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နားထောင်တော်မူ၏။ |
ထိုသို့ ဒုက္ခရောက်သောအခါ မနာရှေမင်းကြီးသည် သူ၏ဘုရားသခင်ထာဝရဘုရား၏မျက်နှာတော်ကို ရှာလျက် ဘိုးဘေးတို့၏ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုအလွန်နှိမ့်ချလေ၏။
သေခြင်း၏နှောင်ကြိုးတို့သည် ငါ့ကိုရစ်ပတ်၍ မရဏာနိုင်ငံ၏ပြင်းပြသောဝေဒနာတို့သည် ငါ့အပေါ်ကျရောက်ကြ၏။ ငါသည် ဆင်းရဲဒုက္ခနှင့်ဝမ်းနည်းခြင်းကိုတွေ့ကြုံရ၏။
ငါသည် ဆင်းရဲဒုက္ခရောက်သောအခါ ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် ငါ့ကိုထူးတော်မူ၏။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသူအား ပုပ်ပျက်ခြင်းနှင့်ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်။
အကြောင်းမူကား ကိုယ်တော်သည် အဖိနှိပ်ခံရသောသူကြုံတွေ့ရသည့်ဖိနှိပ်မှုကို မထီမဲ့မြင်ပြုတော်မမူ။ ရွံရှာခြင်းလည်းရှိတော်မမူ။ မျက်နှာတော်ကိုလည်း သူ့ထံမှလွှဲတော်မမူဘဲ အကူအညီအော်ဟစ်တောင်းခံသောအခါ သူ့ကိုနားညောင်းတော်မူ၏။
အဖိနှိပ်ခံရသောဤသူ ခေါ်သောအခါ ထာဝရဘုရားသည် နားထောင်၍ သူ၏ဆင်းရဲဒုက္ခအပေါင်းတို့မှ သူ့ကိုကယ်တင်တော်မူ၏။
အကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသော ဘုရားသခင်၊ အကျွန်ုပ်ခေါ်သောအခါ အကျွန်ုပ်ကိုထူးတော်မူပါ။ အကျွန်ုပ်ဆင်းရဲဒုက္ခထဲရောက်သောအခါ ကိုယ်တော်သည် အကျွန်ုပ်ကို ချမ်းသာပေးတော်မူပါပြီ။ အကျွန်ုပ်ကိုသနား၍ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။
အကျွန်ုပ်သည် စိတ်နှလုံးညှိုးငယ်သောအခါ ကိုယ်တော်ကို ကမ္ဘာမြေကြီးအစွန်းမှ ခေါ်ပါ၏။ အကျွန်ုပ်ထက်မြင့်မားသောကျောက်ဆောင်ပေါ်သို့ အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ။
ဆုတောင်းချက်ကိုနားညောင်းတော်မူသောအရှင်၊ လူအပေါင်းတို့သည် ကိုယ်တော့်ထံသို့ လာကြပါလိမ့်မည်။
အကြောင်းမူကား အကျွန်ုပ်အပေါ်ထားရှိသော ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကြီးမားလှပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို နက်ရှိုင်းသောမရဏာနိုင်ငံမှ ကယ်နုတ်တော်မူပြီ။
သင်ရောက်လာမည်ဖြစ်၍ အောက်အရပ်ရှိမရဏာနိုင်ငံသည် စိတ်လှုပ်ရှားစွာဖြင့်ကြိုဆိုနေ၏။ သေလွန်ပြီးသော ကမ္ဘာမြေကြီး၏ခေါင်းဆောင်အပေါင်းတို့ကို လှုံ့ဆော်၏။ တိုင်းနိုင်ငံတို့၏ရှင်ဘုရင်အပေါင်းတို့ကို ရာဇပလ္လင်မှထစေ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် တွင်းနက်ထဲမှနေ၍ ကိုယ်တော်၏နာမတော်ကို ဟစ်ခေါ်ပါ၏။
ရှေးလူတို့ရောက်သွားရာ တွင်းထဲသို့ သင့်ကိုရောက်သွားစေမည်။ ရှေးကာလကတည်းကပြိုပျက်ရာ မြေကြီးအောက်တွင်းနက်ထဲတွင် ထိုသူတို့နှင့်အတူ သင့်ကိုနေထိုင်စေမည်။ သင်ပြန်လာရမည်မဟုတ်။ အသက်ရှင်သူတို့၏ပြည်၌ကား ဂုဏ်သရေရှိစေမည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ရေနားမှာရှိသောအပင်တို့သည် မြင့်နိုင်တော့မည်မဟုတ်။ အပင်ထိပ်ဖျားသည် မိုးတိမ်ထိအောင် မြင့်နိုင်တော့မည်မဟုတ်။ ရေအလုံအလောက်ရသောအပင်အားလုံးတို့လည်း မြင့်နိုင်တော့မည်မဟုတ်။ အကြောင်းမူကား ထိုအပင်ရှိသမျှတို့ကို သေခြင်းလက်သို့ ပေးအပ်ထားပြီဖြစ်၍ လူသားတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ဆင်းသွားရမည်’ဟု မိန့်တော်မူ၏။
အကြောင်းမူကား ယောနသည် ငါးကြီးဝမ်းထဲ၌ သုံးနေ့နှင့်သုံးညနေခဲ့ရသကဲ့သို့ လူ့သားသည်လည်း မြေကြီးအတွင်း၌ သုံးနေ့နှင့်သုံးညနေရလိမ့်မည်။
အကြောင်းမူကား တောင်းသောသူတိုင်းသည်ရ၏။ ရှာသောသူသည်လည်းတွေ့၏။ တံခါးခေါက်သောသူကိုလည်း ဖွင့်ပေးလိမ့်မည်။
ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကိုခံစားလျက် ပို၍ပြင်းပြစွာဆုတောင်းတော်မူရာ ကိုယ်တော်၏ချွေးသည် မြေပေါ်သို့ကျသောသွေးစက်သဖွယ်ဖြစ်လေ၏။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသောသူအားလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်။
ခရစ်တော်သည် လူသားအဖြစ်၌ရှိစဉ် သေခြင်းမှကယ်တင်နိုင်သောအရှင်ထံ ကျယ်လောင်သောအော်ဟစ်သံနှင့်မျက်ရည်တို့ဖြင့် တောင်းလျှောက်၍ အသနားခံသဖြင့် ထိုကြည်ညိုမှုကြောင့် ဘုရားသခင်သည် နားညောင်းတော်မူ၏။
သခင့်ကျွန်မကို ဆိုးညစ်သောမိန်းမဟု မထင်ပါနှင့်။ အကျွန်ုပ်၌ ပူဆွေးဝမ်းနည်းမှု များလွန်းသဖြင့် အဆက်မပြတ်ဆုတောင်းနေခြင်းသာ ဖြစ်ပါ၏”ဟု ပြန်ပြောသော်
လူအပေါင်းတို့သည် မိမိတို့၏သားသမီးများအတွက် စိတ်သောကရောက်လျက် ဒါဝိဒ်ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြသဖြင့် ဒါဝိဒ်မှာ အလွန်စိတ်ဒုက္ခရောက်ရလေ၏။ သို့သော် သူသည် သူ၏ဘုရားသခင်ထာဝရဘုရားထံတော်မှ အားယူလေ၏။