ငါမူကား အနန္တတန်ခိုးရှင်ကိုသာ လျှောက်တင်လိုပါ၏။ ဘုရားသခင်ထံသို့သာ လျှောက်လဲလိုပါ၏။
ယောဘဝတ္တု။ 23:3 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်အား မည်သည့်အရပ်၌တွေ့နိုင်မည်ကို ငါသိလိုပါ၏။ စံမြန်းတော်မူရာသို့ ငါရောက်လိုပါ၏။ Common Language Bible ဘုရားသခင်ကိုတွေ့နိုင်သော အရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။ Garrad Bible ကိုယ် တော် နှင့် တွေ့ ဆုံ ရာ ကို သိ လျက်၊ စံ တော် မူ ရာ သို့ တိုး ဝင် ရ ပါ စေ သော။ Judson Bible ဘုရားသခင်ကို တွေ့နိုင်သောအရပ်ကို ငါသိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။ |
ငါမူကား အနန္တတန်ခိုးရှင်ကိုသာ လျှောက်တင်လိုပါ၏။ ဘုရားသခင်ထံသို့သာ လျှောက်လဲလိုပါ၏။
ငါ့မိတ်ဆွေတို့သည် ငါ့ကို ပြက်ရယ်ပြုကြ၏။ ငါသည် ဘုရားသခင်ရှေ့တော်တွင် မျက်ရည်ကျရပါ၏။
လူအချင်းချင်းကြားတွင် စီရင်ဆုံးဖြတ်ပေးသူရှိသကဲ့သို့ လူနှင့်ဘုရားသခင်ကြားတွင် စီရင်ဆုံးဖြတ်ပေးမည့်သူ ရှိပါစေသော။
“ယနေ့တွင် ဝေဒနာကို ခါးသီးစွာခံစားနေရပါ၏။ ညည်းတွားရလွန်း၍ ငါလက်ပန်းကျကုန်ပြီ။
သို့မှသာ ငါ့အမှုကို ကိုယ်တော့်ရှေ့တွင် တင်ပြနိုင်မည်။ ငါ့နှုတ်ဖြင့် အလုံးစုံချေပပြောဆိုနိုင်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်၏တရားလမ်း၌ ကိုယ်တော်ကို အကျွန်ုပ်တို့စောင့်မျှော်ကြပါ၏။ ကိုယ်တော်၏နာမတော်၊ ကိုယ်တော်ပြုတော်မူသော အမှတ်ရစရာကို ကျွန်ုပ်တို့၏စိတ်ဝိညာဉ် တောင့်တပါ၏။
အို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကယ်တင်ရှင်၊ အကယ်စင်စစ် ကိုယ်တော်သည် လျှို့ဝှက်နက်နဲသောဘုရား ဖြစ်တော်မူ၏။
အကျွန်ုပ်တို့၏အပြစ်များက အကျွန်ုပ်တို့ကိုသက်သေထူနေသော်လည်း အို ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ စီရင်တော်မူပါ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာလမ်းလွဲဖောက်ပြန်၍ ကိုယ်တော်ကိုပြစ်မှားကြပါပြီ။
သို့ဖြစ်၍ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ဝင်ရသောအခွင့်သည် အချို့သောသူတို့အတွက်ရှိသေး၏။ ကောင်းမြတ်သောသတင်းကို ရှေးဦးစွာကြားရသောသူတို့သည် မနာခံမှုကြောင့် မဝင်ခဲ့ရကြချေ။