ဟေရှာယ 45:15 - မြန်မာ့စံမီသမ္မာကျမ်း15 အို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကယ်တင်ရှင်၊ အကယ်စင်စစ် ကိုယ်တော်သည် လျှို့ဝှက်နက်နဲသောဘုရား ဖြစ်တော်မူ၏။ Ver CapítuloCommon Language Bible15 မိမိ၏လူမျိုးတော်တို့ကယ်တင်တော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည်၊ လူ့ဉာဏ်မျက်စိဖြင့်မတွေ့မမြင်နိုင်သော ဘုရား ဖြစ်တော်မူ၏ဟုဝန်ခံကြလိမ့်မည်။ Ver CapítuloJudson Bible15 အို ဣသရေလအမျိုး၏ ဘုရားသခင်၊ ကယ်တင်တော်မူသောဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် ကိုယ်ကိုထင်ရှားစွာ ပြတော်မမူသော ဘုရားသခင်ဖြစ်တော်မူ၏။ Ver Capítulo |
ထိုကျောက်တိုင်သည် အီဂျစ်ပြည်တွင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အမှတ်လက္ခဏာသဖွယ်၊ သက်သေသဖွယ် ဖြစ်လိမ့်မည်။ သူတို့သည် ညှဉ်းဆဲခြင်းခံရသောကြောင့် ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ကြသောအခါ ကိုယ်တော်သည် ကယ်တင်ပေးသူ၊ ကာကွယ်ပေးသူကို သူတို့ထံစေလွှတ်တော်မူ၍ သူတို့ကို ကယ်တင်တော်မူလိမ့်မည်။