ထိုအခါ ခေနာနာ၏သားဇေဒကိသည် မိက္ခာယအနားသို့လာပြီး ပါးကိုရိုက်၏။ ထို့နောက် “ထာဝရဘုရား၏ဝိညာဉ်တော်သည် သင်နှင့်စကားပြောရန် ငါ့ထံမှ မည်သည့်အချိန်က ထွက်သွားသနည်း”ဟု မေး၏။
မဿဲ 26:67 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးလျက် ကိုယ်တော်ကိုထိုးနှက်ကြ၏။ အချို့တို့သည်လည်း ကိုယ်တော်ကိုရိုက်ပုတ်လျက် Common Language Bible ထိုနောက်သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၏။ ကိုယ်တော်ကိုလက်သီးနှင့် ထိုးကြ၏။ အချို့သောသူတို့သည်ပါးတော်ကို လက်ဝါးဖြင့်ရိုက်ပြီးလျှင်၊- Garrad Bible ကိုယ် တော် ကို လက် သီး နှင့် ထိုး ကြ၏။ အ ချို့ က လည်း လက် ဝါး နှင့် ရိုက် လျက် အ ချင်း ခ ရစ် တော် Judson Bible ထိုအခါ မျက်နှာတော်ကို တံတွေးနှင့် ထွေးကြ၏။ လက်သီးနှင့် ထိုးကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူတို့သည် ယေရှု၏ မျက်နှာတော်ကို တံတွေးနှင့် ထွေး၍ လက်သီးဖြင့် ထိုးနှက်ကြ၏။ တချို့ကလည်း ယေရှုကို ရိုက်ပုတ်လျက် မြန်မာ ထိုအခါ မျက်နှာတော်ကို တံတွေးနှင့် ထွေးကြ၏။ လက်သီးနှင့် ထိုးကြ၏။- |
ထိုအခါ ခေနာနာ၏သားဇေဒကိသည် မိက္ခာယအနားသို့လာပြီး ပါးကိုရိုက်၏။ ထို့နောက် “ထာဝရဘုရား၏ဝိညာဉ်တော်သည် သင်နှင့်စကားပြောရန် ငါ့ထံမှ မည်သည့်အချိန်က ထွက်သွားသနည်း”ဟု မေး၏။
ရိုက်နှက်သူတို့အား ငါ့ကျောကိုပေး၏။ မုတ်ဆိတ်ဆွဲနုတ်သူတို့အား ငါ့ပါးကိုပေး၏။ အသရေဖျက်ခံရခြင်း၊ တံတွေးထွေးခံရခြင်းမှ ငါ့မျက်နှာကို ငါမလွှဲ။
သူ၏ရုပ်ရည်သည် လူမဟုတ်သကဲ့သို့၊ သူ၏ရုပ်ဆင်းသဏ္ဌာန်သည် လူသားမဟုတ်သကဲ့သို့ ရုပ်ပျက်ဆင်းပျက်ဖြစ်သဖြင့် လူများစွာတို့သည် သူ့ကိုအလွန်အံ့အားသင့်ကြ၏။
သူသည် မထီမဲ့မြင်ပြုခြင်းကိုခံရ၏။ လူတို့၏ငြင်းပယ်ခြင်းကိုခံရ၏။ ဒုက္ခဝေဒနာခံရသောသူ၊ နာကျင်ခြင်းဝေဒနာနှင့် မိတ်ဖွဲ့ရသူဖြစ်၏။ မျက်နှာလွှဲခြင်းဖြင့် သူ့ကိုမထီမဲ့မြင်ပြုကြ၏။ ငါတို့သည်လည်း သူ့ကိုအလေးမထားကြ။
ပါရှုရသည် ပရောဖက်ယေရမိအား ရိုက်နှက်ပြီး ထာဝရဘုရား၏အိမ်တော်ရှိ အထက်ဗင်္ယာမိန်တံခါး၌ ထိတ်ခတ်ထားလေ၏။
ကိုယ်တော်သည် ငါတို့ကို လူမျိုးတကာအလယ်တွင် အညစ်အကြေး၊ အမှိုက်သရိုက် ဖြစ်စေတော်မူပြီ။
အို စစ်သမီးပျိုတပ်ဖွဲ့တို့၊ စုဝေးကြလော့။ ငါတို့ ဝိုင်းထားခံရပြီ။ အစ္စရေးအုပ်ချုပ်သူတို့၏ပါးကို ကြိမ်လုံးနှင့်ရိုက်ကြပြီ။
ထာဝရဘုရားက မောရှေအား “သူ့ဖခင်သည် သူ့မျက်နှာကို တံတွေးထွေးလျှင် သူသည် ခုနစ်ရက်ပတ်လုံး အရှက်ရမည်မဟုတ်လော။ သူ့ကို တပ်စခန်း၏အပြင်ဘက်၌ ခုနစ်ရက်ပတ်လုံး နေစေရမည်။ ထို့နောက်မှ သူ့ကိုပြန်ခေါ်လာရမည်”ဟု မိန့်တော်မူ၏။
“အချင်းခရစ်တော်၊ သင့်ကိုရိုက်သောသူသည် မည်သူဖြစ်သည်ကို ဟောကြည့်ပါ”ဟု ဆိုကြ၏။
ထို့နောက် ကိုယ်တော်ကို တံတွေးနှင့်ထွေး၍ ကျူရိုးကိုယူပြီးလျှင် ကိုယ်တော်၏ဦးခေါင်းကိုရိုက်ကြ၏။
သို့သော် သင်တို့အား ငါဆိုမည်။ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ယာဘက်ပါးကိုရိုက်သောသူအား နောက်တစ်ဖက်ကိုလည်း လှည့်ပေးဦးလော့။
လူမျိုးခြားတို့သည် သူ့ကိုပြောင်လှောင်၍ တံတွေးနှင့်ထွေးပြီး ဒဏ်ခတ်ရိုက်နှက်ကာအသေသတ်ကြလိမ့်မည်။ သို့သော် သုံးရက်ကြာသောအခါ သူသည်ထမြောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် အချို့တို့သည် ကိုယ်တော်ကိုတံတွေးနှင့်ထွေးလျက် မျက်နှာတော်ကိုဖုံးအုပ်ပြီးလျှင် ကိုယ်တော်ကိုထိုးနှက်ကာ “ဟောကြည့်ပါ”ဟု ဆိုကြ၏။ အစောင့်တပ်သားများသည်လည်း ကိုယ်တော်ကိုခေါ်သွား၍ ရိုက်ပုတ်ကြ၏။
ထို့ပြင် ကိုယ်တော်၏ဦးခေါင်းကို ကျူရိုးဖြင့်ရိုက်ကာ ကိုယ်တော်ကိုတံတွေးနှင့်ထွေး၍ ဒူးထောက်လျက် ကိုယ်တော်ကိုရှိခိုးကြ၏။
ထိုသို့မိန့်တော်မူသောအခါ အနီး၌ရပ်နေသော အစောင့်တပ်သားတစ်ဦးက “ယဇ်ပုရောဟိတ်မင်းကို ဤသို့ပြန်ပြောရသလော”ဟု ဆိုလျက် ယေရှုကိုရိုက်ပုတ်လေ၏။
ကိုယ်တော်ထံသို့ချဉ်းကပ်လျက် “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ဆိုပြီး ကိုယ်တော်ကိုရိုက်ပုတ်ကြ၏။
စော်ကားပြောဆိုခြင်းခံရသောအခါ မေတ္တာပြကြ၏။ ယခုတိုင်အောင် ငါတို့သည် လူတကာတို့၏အပယ်ခံများ၊ လောက၏အမှိုက်သရိုက်များကဲ့သို့ ဖြစ်ရကြ၏။
သူ၏မရီးသည် သူ့ထံသို့ သွား၍ သက်ကြီးဝါကြီးတို့ရှေ့၌ သူ့ခြေမှ ဖိနပ်ကိုချွတ်ယူပြီး သူ၏မျက်နှာကို တံတွေးထွေးကာ ‘ကိုယ့်အစ်ကို၏အိမ်ကိုမတည်ဆောက်သောသူအား ဤသို့ပြုရသည်’ဟု ပြောရမည်။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။