Biblia Todo Logo
La Biblia Online
- Anuncios -




မဿဲ 27:30 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 ထို့နောက် ကိုယ်တော်​ကို တံတွေး​နှင့်​ထွေး​၍ ကျူရိုး​ကို​ယူ​ပြီးလျှင် ကိုယ်တော်​၏​ဦးခေါင်း​ကို​ရိုက်​ကြ​၏။

Ver Capítulo Copiar

Common Language Bible

30 သူ​တို့​သည်​ကိုယ်​တော်​ကို​တံ​တွေး​နှင့်​ထွေး​ကြ​၏။ ကူ​ရိုး​ကို​ယူ​၍​ခေါင်း​တော်​ကို​ရိုက်​ကြ​၏။-

Ver Capítulo Copiar

Garrad Bible

30 ကိုယ် တော် ကို တံ တွေး ထွေး ခြင်း၊ ကျူ လုံး ယူ၍ ဦး ခေါင်း တော် ကို ရိုက် ခြင်း များ ကို ပြု ကြ၏။

Ver Capítulo Copiar

Judson Bible

30 ကိုယ်​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ ကျူ​လုံး​ကို​ယူ၍ ခေါင်း​တော်​ကို ရိုက်​ကြ၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

30 သူတို့​သည် ကိုယ်တော်​ကို တံတွေး​ဖြင့် ထွေး​ပြီး​လျှင် လက်တော်​တွင် ကိုင်ထားသော ကျူရိုး​ကို ယူ​၍ ခေါင်းတော်​ကို ရိုက်နှက်ကြ၏။

Ver Capítulo Copiar

မြန်မာ

30 ကိုယ်​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ ကျူ​လုံး​ကို​ယူ၍ ခေါင်း​တော်​ကို ရိုက်​ကြ၏။-

Ver Capítulo Copiar




မဿဲ 27:30
12 Referencias Cruzadas  

အစ္စရေး​လူမျိုး​ကို​ရွေးနုတ်​တော်မူ​သော​အရှင်​၊ ထို​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ထာဝရဘုရား​က လူ​တို့​၏​မထီမဲ့မြင်ပြု​ခြင်း​ခံရ​သော​၊ လူမျိုးတကာ​တို့​၏​စက်ဆုပ်ရွံရှာ​ခြင်း​ခံရ​သော​၊ အုပ်စိုး​သော​မင်း​တို့​ထံ၌​ကျွန်ခံရ​သော​သူ​အား “​သင့်​ကို​ရွေးချယ်​တော်မူ​၍ သစ္စာရှိ​တော်မူ​သော အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ထာဝရဘုရား​ကို ရှင်ဘုရင်​တို့​သည် မြင်​၍ အကြီးအကဲ​တို့​မတ်တတ်ရပ်​ကြ​ပြီး သူ​တို့​အတူတကွ ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ရိုက်နှက်​သူ​တို့​အား ငါ့​ကျော​ကို​ပေး​၏​။ မုတ်ဆိတ်​ဆွဲနုတ်​သူ​တို့​အား ငါ့​ပါး​ကို​ပေး​၏​။ အသရေဖျက်​ခံရ​ခြင်း​၊ တံတွေးထွေး​ခံရ​ခြင်း​မှ ငါ့​မျက်နှာ​ကို ငါ​မ​လွှဲ​။


သူ​၏​ရုပ်ရည်​သည် လူ​မ​ဟုတ်​သကဲ့သို့​၊ သူ​၏​ရုပ်ဆင်းသဏ္ဌာန်​သည် လူသား​မ​ဟုတ်​သကဲ့သို့ ရုပ်ပျက်ဆင်းပျက်​ဖြစ်​သဖြင့် လူ​များစွာ​တို့​သည် သူ့​ကို​အလွန်​အံ့အားသင့်​ကြ​၏​။


သူ​သည် မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​၏​။ လူ​တို့​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​၏​။ ဒုက္ခဝေဒနာ​ခံရ​သော​သူ​၊ နာကျင်​ခြင်း​ဝေဒနာ​နှင့် မိတ်ဖွဲ့​ရ​သူ​ဖြစ်​၏​။ မျက်နှာ​လွှဲ​ခြင်း​ဖြင့် သူ့​ကို​မထီမဲ့မြင်ပြု​ကြ​၏​။ ငါ​တို့​သည်​လည်း သူ့​ကို​အလေး​မ​ထား​ကြ​။


သူ​သည် ညှဉ်းဆဲ​နှိပ်စက်​ခြင်း​ခံရ​သော်လည်း နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏​။ အသတ်​ခံရ​မည့်​နေရာ​သို့ ခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​သိုးသငယ်​ကဲ့သို့​၊ အမွေးညှပ်​သော​သူ​ရှေ့​၌ တိတ်ဆိတ်​စွာ​နေ​သော​သိုး​ကဲ့သို့ နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏​။


အို စစ်သမီးပျို​တပ်ဖွဲ့​တို့​၊ စုဝေး​ကြ​လော့​။ ငါ​တို့ ဝိုင်းထား​ခံရ​ပြီ​။ အစ္စရေး​အုပ်ချုပ်​သူ​တို့​၏​ပါး​ကို ကြိမ်လုံး​နှင့်​ရိုက်​ကြ​ပြီ​။


ထို့နောက် သူ​တို့​သည် ကိုယ်တော်​၏​မျက်နှာ​တော်​ကို တံတွေး​နှင့်​ထွေး​လျက် ကိုယ်တော်​ကို​ထိုးနှက်​ကြ​၏။ အချို့​တို့​သည်​လည်း ကိုယ်တော်​ကို​ရိုက်ပုတ်​လျက်


လူမျိုးခြား​တို့​သည် သူ့​ကို​ပြောင်လှောင်​၍ တံတွေး​နှင့်​ထွေး​ပြီး ဒဏ်ခတ်​ရိုက်နှက်​ကာ​အသေ​သတ်​ကြ​လိမ့်မည်။ သို့သော် သုံး​ရက်​ကြာ​သောအခါ သူ​သည်​ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ထို့နောက် အချို့​တို့​သည် ကိုယ်တော်​ကို​တံတွေး​နှင့်​ထွေး​လျက် မျက်နှာ​တော်​ကို​ဖုံးအုပ်​ပြီးလျှင် ကိုယ်တော်​ကို​ထိုးနှက်​ကာ “ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။ အစောင့်​တပ်သား​များ​သည်​လည်း ကိုယ်တော်​ကို​ခေါ်​သွား​၍ ရိုက်ပုတ်​ကြ​၏။


ထို့ပြင် ကိုယ်တော်​၏​ဦးခေါင်း​ကို ကျူရိုး​ဖြင့်​ရိုက်​ကာ ကိုယ်တော်​ကို​တံတွေး​နှင့်​ထွေး​၍ ဒူး​ထောက်​လျက် ကိုယ်တော်​ကို​ရှိခိုး​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos