ဟသေနသားမြေးတို့သည် ငါးတံခါးကို ပြန်လည်တည်ဆောက်ကြ၏။ တံခါးထုပ်များ၊ တံခါးရွက်များ၊ မင်းတုပ်များ၊ ကန့်လန့်ကျင်များကို တပ်ဆင်ကြ၏။
ဟဿေနာသားချင်းစုသည်ငါးတံခါးကို တည်ဆောက်ပြီးလျှင်တံခါးထုပ်များ၊ တံခါး ရွက်များ၊ တံခါးပိတ်ရန်မင်းတုပ်များနှင့် ကန့်လန့်ကျင်တို့ကိုတပ်ဆင်ကြ၏။
ဟဿေ နာ့ သား တို့ သည်၊ ငါး တံ ခါး ကို တည် ဆောက်၍၊ တံ ခါး ထုပ်၊ တံ ခါး ရွက်၊ တံ ခါး ကျင်၊ မင်း ထုပ် များ ကို တပ် ထား ကြ၏။
ငါးတံခါးကိုကား၊ ဟဿေနာအမျိုးသားတို့သည် ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။
ထို့နောက် မနာရှေမင်းကြီးသည် ဒါဝိဒ်မြို့အပြင်ဘက်တွင် မြို့ရိုးကိုမြင့်မားစွာတည်ဆောက်ထား၏။ ထိုမြို့ရိုးသည် ချိုင့်ဝှမ်းရှိဂိဟုန်ချောင်းအနောက်ဘက်မှ ငါးတံခါးဝအထိရောက်၍ ထိုမှ ဩဖေလအရပ်ဘက်သို့ကွေ့သွား၏။ ယုဒပြည်ရှိခိုင်ခံ့သောမြို့ရှိသမျှတို့၌ စစ်သူကြီးများကို ခန့်ထား၏။
သေနာမြို့သား အယောက်သုံးထောင်ခြောက်ရာ့သုံးဆယ် ဖြစ်၏။
ထိုမှ ဧဖရိမ်တံခါး၊ ယေရှနတံခါး၊ ငါးတံခါး၊ ဟာနနေလရဲတိုက်၊ မေအာရဲတိုက်၊ သိုးတံခါး တို့ကိုဖြတ်၍ ထောင်တံခါးသို့ရောက်သောအခါ ရပ်ကြ၏။
ထို့ပြင် အိမ်တော်နားရှိ ရဲတိုက်တံခါးများ၊ မြို့တံတိုင်းနှင့် အကျွန်ုပ်နေဖို့အိမ်တို့ကို ဆောက်လုပ်ရန် သစ်များကိုပေးမည့်အကြောင်း အရှင်မင်းကြီး၏သစ်တောဝန်အာသပ်ထံ အမိန့်စာကို ပါးလိုက်တော်မူပါ”ဟု တောင်းလျှောက်ရာ ဘုရားသခင်သည် ငါနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် ရှင်ဘုရင်သည် ငါတောင်းဆိုသည့်အတိုင်း ပြုပေး၏။
သူတို့၏ဘေးတွင် ဟက္ကုတ်၏မြေး၊ ဥရိယ၏သားမေရမုတ် ပြုပြင်၏။ သူ၏ဘေးတွင် မေရှဇဗေလ၏မြေး၊ ဗေရခိ၏သားမေရှုလံ ပြုပြင်၏။ သူ၏ဘေးတွင် ဗာနာ၏သားဇာဒုတ် ပြုပြင်၏။
ပါသာ၏သားယောယဒနှင့် ဗေသောဒေယ၏သားမေရှုလံတို့သည် ယေရှနတံခါးကို ပြုပြင်ကြ၏။ တံခါးထုပ်များ၊ တံခါးရွက်များ၊ မင်းတုပ်များ၊ ကန့်လန့်ကျင်များကို တပ်ဆင်ကြ၏။
ငါသည် မြို့ရိုးကိုအပေါက်ရာပင်မကျန်အောင် ပြန်လည်တည်ဆောက်ပြီးစီးကြောင်း သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူမျိုးဂေရှင်နှင့် အခြားရန်သူတို့ ကြားသိလေ၏။ ထိုအချိန်က မြို့တံခါးများပင် မတပ်ဆင်ရသေးချေ။
မြို့ရိုးကိုလက်စသတ်ပြီးသောအခါ ငါသည် တံခါးများကို တပ်ဆင်၍ တံခါးစောင့်များ၊ သီချင်းသည်များ၊ လေဝိအမျိုးများကို တာဝန်ခွဲဝေခန့်အပ်လေ၏။
သေနာမြို့သား အယောက်သုံးထောင်ကိုးရာ့သုံးဆယ်၊
အကြောင်းမူကား ကိုယ်တော်သည် သင်၏မြို့တံခါးကန့်လန့်ကျင်တို့ကို ခိုင်ခံ့စေ၍ သင့်အထဲ၌ရှိသော သင်၏သားသမီးတို့ကို ကောင်းချီးပေးတော်မူ၏။
ထိုနေ့ရက်၌ ငါးတံခါးဝမှ ငိုကြွေးသံ၊ မြို့၏နေရာသစ်မှ မြည်တမ်းသံ၊ တောင်ကုန်းများပေါ်မှကျယ်လောင်သော အက်ကွဲသံတို့ကို ကြားရလိမ့်မည်။