ဆာလံ 147:13 - မြန်မာ့စံမီသမ္မာကျမ်း13 အကြောင်းမူကား ကိုယ်တော်သည် သင်၏မြို့တံခါးကန့်လန့်ကျင်တို့ကို ခိုင်ခံ့စေ၍ သင့်အထဲ၌ရှိသော သင်၏သားသမီးတို့ကို ကောင်းချီးပေးတော်မူ၏။ Ver CapítuloCommon Language Bible13 ကိုယ်တော်သည်သင်၏မြို့တံခါးကိုခိုင်ခံ့ စေတော်မူ၍ သင်၏မြို့သူမြို့သားတို့ကိုကောင်းချီးပေး တော်မူ၏။ Ver CapítuloGarrad Bible13 သင်၏ တံ ခါး ပေါက် မင်း ထုပ် များ ကို ခိုင် ခံ့ စေ လျက်၊ သင့် အ ထဲ မှာ၊ သား သ မီး များ ကို ကောင်း ကြီး ပေး တော် မူ ပြီ။ Ver CapítuloJudson Bible13 အကြောင်းမူကား၊ သင်၏တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍၊ သင်၏အထဲမှာ သားသမီးများကို ကောင်းချီးပေးတော်မူ၏။ Ver Capítulo |
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဂျေရုဆလင်မြို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ဘိသိက်ခံမင်းတစ်ပါးပေါ်ထွန်းမည့်နေ့အထိ ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်ဟု သိနားလည်လော့။ ခဲယဉ်းသောကာလများ၌ပင် ထိုမြို့၏လမ်းနှင့်ကျုံးတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ကြလိမ့်မည်။