သို့ရာတွင် ဖာရောမင်းကြီးသည် ဤတစ်ကြိမ်၌လည်း စိတ်နှလုံးခိုင်မာပြန်၍ အစ္စရေးလူမျိုးတို့ကိုမလွှတ်ဘဲနေလေ၏။
သို့ရာတွင်ဘုရင်သည်ယခုအကြိမ်၌လည်း ခေါင်းမာမြဲခေါင်းမာလျက် ဣသရေလ အမျိုးသားတို့ကိုသွားခွင့်မပြုချေ။
ယ ခု တစ် ကြိမ်၌ လည်း ဖာ ရော မင်း သည် စိတ် နှ လုံး ခက် မာ ပြန်၍ ထို လူ မျိုး ကို မ လွှတ် ဘဲ နေ ၏။
ထိုအခါ၌လည်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။
ထာဝရဘုရားက မောရှေအား “သင်သည် အီဂျစ်ပြည်သို့ပြန်ရောက်သောအခါ သင်၌ ငါအပ်ပေးသော အံ့ဩဖွယ်အမှုအလုံးစုံတို့ကို ဖာရောမင်းကြီးရှေ့၌ပြုလော့။ သို့ရာတွင် ငါသည် သူ၏စိတ်နှလုံးကို မာကျောစေမည်ဖြစ်၍ သူသည် အစ္စရေးလူမျိုးတို့ကို မလွှတ်ဘဲနေလိမ့်မည်။
ဖာရောမင်းကြီးသည် သက်သာရာရကြောင်းကို သိမြင်သောအခါ ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း သူ၏စိတ်နှလုံးသည်ခိုင်မာလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
ထိုအခါ ထာဝရဘုရားသည် မောရှေတောင်းလျှောက်သည့်အတိုင်းပြုသဖြင့် ယင်ရဲများသည် ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းများ၊ သူ၏လူများထံမှ တစ်ကောင်မျှမကျန်ထွက်သွားလေ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုခေါ်၍ “ငါနှင့်ငါ၏လူတို့ထံမှ ဖားများကိုဖယ်ရှားပေးမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းလော့။ သို့ပြုလျှင် ထာဝရဘုရားအားယဇ်ပူဇော်ရန် အစ္စရေးလူတို့ကိုငါလွှတ်ပေးမည်”ဟု ဆိုလေ၏။
ထိုအခါ ဖာရောမင်းကြီးသည် လူကိုစေလွှတ်ရာ အစ္စရေးလူမျိုးတို့၏တိရစ္ဆာန်တစ်ကောင်မျှမသေကြောင်း သိရှိ၏။ သို့သော်လည်း ဖာရောမင်းကြီးသည် စိတ်နှလုံးခိုင်မာလျက် အစ္စရေးလူမျိုးတို့ကို မလွှတ်ဘဲနေလေ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် လမ်းတော်မှလမ်းလွဲစေသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့စေရန် ကျွန်ုပ်တို့၏စိတ်ကို အဘယ်ကြောင့် ခိုင်မာစေသနည်း။ ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏အမွေတော်လူမျိုးစုအတွက် ပြန်လာတော်မူပါ။
သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။
ဖာရောမင်းကြီးအပါအဝင် အီဂျစ်လူမျိုးတို့ စိတ်နှလုံးမာကျောခဲ့သကဲ့သို့ အဘယ်ကြောင့် သင်တို့ စိတ်နှလုံးမာကျောကြသနည်း။ သူတို့ကို ဘုရားသခင် ပြင်းထန်စွာဒဏ်ခတ်လိုက်သောအခါ အစ္စရေးလူမျိုးတို့ကို လွှတ်လိုက်ရသဖြင့် အစ္စရေးလူမျိုးတို့ ထွက်လာကြရသည်မဟုတ်လော။