La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ထွက်​မြောက် 38:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဝင်းတံခါး​အတွက် တိုင်​လေး​တိုင်​၊ တိုင်​အောက်ခံ​ကြေးနီ​အစွပ်​လေး​ခု​နှင့် ငွေ​ချိတ်​ကို​လုပ်​၏​။ တိုင်​ထိပ်​နှင့်​တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​မွမ်းမံ​၏​။

Ver Capítulo

Common Language Bible

ထို​ကန့်​လန့်​ကာ​ကို​ကြေး​ဝါ​ဖိ​နပ်​လေး​ခု​စွပ် ထား​သော​တိုင်​လေး​တိုင်​တို့​တွင်​ချိတ်​ဆွဲ​ထား ၏။ ချိတ်​များ၊ ထိပ်​အုပ်​များ​နှင့်​တန်း​များ​ကို ငွေ​ဖြင့်​ပြု​လုပ်​၏။-

Ver Capítulo

Garrad Bible

တိုင် လေး လုံး၊ ကြေး အောက် ခံ ခုံ လေး ခု၊ ငွေ မှို၊ ငွေ ထိပ် ပတ် များ ရှိ၏။ တိုင် ထိပ် များ လည်း ငွေ မွမ်း မံ လျက် ရှိ၏။

Ver Capítulo

Judson Bible

ဝင်း​တံ​ခါး​ဝ​တိုင် လေး​ခု​ရှိ၍၊ ကြေး​ဝါ​ခြေ​စွပ်​လေး​ခု၊ ငွေ​တံ​စို့၊ ငွေ​တန်း​များ၊ ငွေ​နှင့်​မွမ်း​မံ​သော​ထိပ်​များ​နှင့် ပြည့်​စုံ​ကြ၏။

Ver Capítulo



ထွက်​မြောက် 38:19
4 Referencias Cruzadas  

တိုင်​ထိပ်​တွင်​အုပ်​ဖို့ ကြေးနီ​ဖြင့်​သွန်းလုပ်​ထား​သော​တိုင်အုပ်​နှစ်​ခု​ကို သွန်းလုပ်​၏​။ တိုင်အုပ်​တစ်ခုစီ​သည် အမြင့်​ငါး​တောင်​ရှိ​၏​။


ထို​အကာ​အတွက် တိုင်​နှစ်ဆယ်​နှင့် တိုင်​အောက်ခံအစွပ်​အခု​နှစ်ဆယ်​ကို ကြေးနီ​ဖြင့်​လည်းကောင်း​၊ တိုင်​ချိတ်​နှင့်​တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း လုပ်​ရ​မည်​။


ဝင်း​အဝင်ဝ​ကို​ကာ​ရန် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ထား​သော​လိုက်ကာ​ကို​လုပ်​၏​။ ထို​လိုက်ကာ​၏​အလျား​သည် အတောင်​နှစ်ဆယ်​၊ အနံ​သည် ဝင်း​အကာ​၏​အမြင့်​အတိုင်း ငါး​တောင်​ရှိ​၏​။


ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ဝင်း​ပတ်ပတ်လည်​အတွက် ငုတ်တိုင်​အားလုံး​ကို ကြေးနီ​ဖြင့်​လုပ်​၏​။