ထွက်မြောက် 38:18 - မြန်မာ့စံမီသမ္မာကျမ်း18 ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကိုလုပ်၏။ ထိုလိုက်ကာ၏အလျားသည် အတောင်နှစ်ဆယ်၊ အနံသည် ဝင်းအကာ၏အမြင့်အတိုင်း ငါးတောင်ရှိ၏။ Ver CapítuloCommon Language Bible18 တဲတော်တံခါးဝအတွက်ကန့်လန့်ကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက်လုပ်၍ပန်းထိုးထား၏။ တဲတော်ဝင်းကန့်လန့်ကာများကဲ့သို့တံခါး ဝကန့်လန့်ကာသည်အလျားတစ်ဆယ်ကိုက် နှင့်အမြင့်နှစ်ကိုက်ခွဲရှိ၏။- Ver CapítuloGarrad Bible18 တံ တိုင်း တံ ခါး ဖြစ် ရန် ကန့် လန့် ကာ သည် ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် ပန်း ထိုး ထည် ဖြစ် ၏။ အ လျား အ တောင် နှစ် ဆယ်၊ အ မြင့် ငါး တောင် ရှိ လျက် တံ တိုင်း တင်း တိမ် ရံ နှင့် တစ် ဆင် တည်း ဖြစ် ၏။ Ver CapítuloJudson Bible18 ဝင်းတံခါးဝ၌ကာရန် ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ချယ်လှယ်သောကုလားကာ၊ အလျားအတောင်နှစ်ဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ဝင်းကာသောကုလားကာနှင့် တညီတည်းဖြစ်၏။ Ver Capítulo |