သားရဲကိုက်သတ်သောအကောင်ကိုလည်း ဦးရီးထံသို့မယူဆောင်လာဘဲ ၎င်းအတွက် အကျွန်ုပ်ကသာ အနစ်နာခံခဲ့ပါသည်။ နေ့အချိန်အခိုးခံရသည်ဖြစ်စေ၊ ညအချိန်အခိုးခံရသည်ဖြစ်စေ ဦးရီးသည် အကျွန်ုပ်ထံတွင် အစားတောင်းခဲ့ပါသည်။
ထွက်မြောက် 22:9 - မြန်မာ့စံမီသမ္မာကျမ်း နွား၊ မြည်း၊ သိုး၊ အဝတ်အထည်အစရှိသည့် ပျောက်သွားသောအရာတစ်စုံတစ်ခုနှင့်ပတ်သက်သည့် ပြစ်မှုအမျိုးမျိုးတို့၌ ‘ဤအရာကား မိမိဥစ္စာဖြစ်၏’ဟူ၍ အငြင်းပွားသောသူနှစ်ဦး၏အမှုကို ဘုရားသခင်ထံ လျှောက်တင်ရမည်။ အပြစ်ရှိသည်ဟု ဘုရားသခင်က ဖော်ပြသောသူသည် မိမိအိမ်နီးချင်းအား နှစ်ဆအလျော်ပေးရမည်။ Common Language Bible ``သိုး၊ နွား၊ မြည်း၊ အဝတ်အစရှိသောပျောက် ဆုံးသည့်ပစ္စည်းကိုပိုင်ဆိုင်မှုနှင့်ပတ်သက်၍ လူနှစ်ဦးအငြင်းပွားခဲ့သည်ရှိသော်၊ ထိုသူ နှစ်ဦးတို့အားထာဝရဘုရားရှေ့တော်၌ အစစ်ခံ၍၊ တရားရှုံးသူကနှစ်ဆလျော် ရမည်။ Garrad Bible ၎င်း နည်း၊ မည် သည့် ကျူး လွန် မှု မျိုး မ ဆို နွား၊ မြည်း၊ သိုး၊ ဆိတ်၊ အ ဝတ် တန် ဆာ စ သော ပျောက် သ မျှ သော ဥ စ္စာ နှင့် စပ်၍ ဤ အ ရာ ကား ငါ ပိုင် တည်း ဟု တစ် စုံ တစ် ယောက် ဆို လျှင် နှစ် ဦး သား တို့ အ မှု ကို သ မာ ဓိ တို့ ထံ ဆက် သွင်း၍ သ မာ ဓိ တို့ အ ပြစ် စီ ရင် ခံ ရ သူ သည် နှစ် ဆ လျော် ပေး စေ။ Judson Bible သူ့ဥစ္စာကို ပြစ်မှားသည်အမှုမှာ၊ နွား၊ မြည်း၊ သိုး၊ အဝတ်အစရှိသော ပျောက်သော ဥစ္စာတစ်စုံတစ်ခုကိုတွေ့၍၊ ဤဥစ္စာကား၊ ငါ၏ဥစ္စာဖြစ်သည်ဟု တစ်စုံတစ်ယောက်ဆိုလျှင်၊ အမှုသည်နှစ်ဦးတို့သည် ဘုရားသခင်ရှေ့တော်၌ အစစ်ခံရ၍၊ တရားရှုံးသောသူသည် နှစ်ဆလျော်ရမည်။ |
သားရဲကိုက်သတ်သောအကောင်ကိုလည်း ဦးရီးထံသို့မယူဆောင်လာဘဲ ၎င်းအတွက် အကျွန်ုပ်ကသာ အနစ်နာခံခဲ့ပါသည်။ နေ့အချိန်အခိုးခံရသည်ဖြစ်စေ၊ ညအချိန်အခိုးခံရသည်ဖြစ်စေ ဦးရီးသည် အကျွန်ုပ်ထံတွင် အစားတောင်းခဲ့ပါသည်။
တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းကို ပြစ်မှားမိသဖြင့် ကျိန်ဆိုစရာအကြောင်းရှိ၍ ဤအိမ်တော်ရှိ ကိုယ်တော်၏ယဇ်ပလ္လင်ရှေ့တွင် လာရောက်ကျိန်ဆိုလျှင်
မြို့အသီးသီးတွင်နေထိုင်ကြသော သင်တို့၏ညီအစ်ကိုတို့သည် အချင်းချင်းသတ်ဖြတ်မှု၊ ဥပဒေသ၊ ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်စသည်တို့နှင့်ပတ်သက်သောအမှုအခင်းအလုံးစုံတို့ကို သင်တို့ထံသို့ ယူဆောင်လာလျှင် သင်တို့သည် သူတို့အား သတိပေးရမည်။ သို့မှ သူတို့သည် ထာဝရဘုရားကို မပြစ်မှားမိဘဲနေလိမ့်မည်။ သင်တို့နှင့် သင်တို့၏ညီအစ်ကိုအပေါ်အမျက်တော်မသက်ရောက်ဘဲနေလိမ့်မည်။ သင်တို့လည်း အပြစ်မပြုမိဘဲနေလိမ့်မည်။
တစ်စုံတစ်ဦးသည် မိမိအိမ်နီးချင်းထံ၌ မြည်း၊ နွား၊ သိုးစသော တိရစ္ဆာန်တစ်ကောင်ကောင်ကို ထိန်းသိမ်းပေးရန်အပ်ထားရာ မည်သူမျှမတွေ့မြင်ဘဲ သေသွားလျှင်ဖြစ်စေ၊ ဒဏ်ရာရလျှင်ဖြစ်စေ၊ ဖမ်းသွားခြင်းခံရလျှင်ဖြစ်စေ
ဘုရားသခင်အား ပြစ်မှားပြောဆိုခြင်းမပြုရ။ သင့်လူမျိုး၏ခေါင်းဆောင်ကို မကျိန်ဆဲရ။
ခိုးယူထားသောနွားဖြစ်စေ၊ မြည်းဖြစ်စေ၊ သိုးဖြစ်စေ သူ့လက်ထဲ၌ အသက်ရှင်လျက် အမှန်တကယ်ပြန်တွေ့လျှင် နှစ်ဆအလျော်ပေးရမည်။
မဟုတ်မမှန်ကျိန်ဆိုထားသောအရာအားလုံးနှင့်ပတ်သက်၍ တန်ရာတန်ကြေးအလျော်ပေးရမည့်အပြင် အလျော်ပေးရသည့်တန်ဖိုး၏ငါးပုံတစ်ပုံကိုလည်း ထပ်ပေါင်း၍ အပြစ်ဒဏ်ဖြေရာယဇ်ပူဇော်သောနေ့၌ပင် သက်ဆိုင်သူကို အလျော်ပေးရမည်။
သင်၏ညီအစ်ကိုသည် သင့်အားပြစ်မှားလျှင် သွား၍ နှစ်ကိုယ်ကြား သူ့ကိုဆိုဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် သင်၏ညီအစ်ကိုကို သင်ရရှိပြီ။
သင်တို့တစ်ဦးစီသည် မိမိညီအစ်ကိုကို စိတ်နှလုံးထဲမှခွင့်မလွှတ်လျှင်ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်သည်လည်း သင်တို့ကို ထိုနည်းတူပြုတော်မူလိမ့်မည်”ဟု မိန့်တော်မူ၏။
လူနှစ်ယောက် ခိုက်ရန်ဖြစ်ပွားကြလျှင် တရားရုံးသို့သွားရမည်။ တရားသူကြီးသည် ဖြောင့်မတ်သောသူကို အပြစ်မရှိဟုစီရင်ရမည်။ ဆိုးယုတ်သောသူကို အပြစ်ရှိသည်ဟုစီရင်ရမည်။