ထာဝရဘုရားက မောရှေအား “သင်နှင့်ငါပြောသောစကားကို လူတို့ကြား၍ သင့်ကို အစဉ်အမြဲယုံကြစေရန် ငါသည် သင့်ထံသို့မိုးတိမ်တိုက်ဖြင့်ကြွလာမည်”ဟု မိန့်တော်မူ၏။ မောရှေသည်လည်း လူတို့၏စကားများကို ထာဝရဘုရားထံ ကြားလျှောက်လေ၏။
တရားဟော 5:4 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် တောင်ပေါ်၌ သင်တို့နှင့် မီးထဲမှမျက်နှာချင်းဆိုင် မိန့်တော်မူ၏။ Common Language Bible ထာဝရဘုရားသည်တောင်ပေါ်တွင်မီးထဲ မှ သင်တို့နှင့်မျက်နှာချင်းဆိုင်၍မိန့်မြွက် တော်မူသည်။- Garrad Bible မီး တော် ကြောင့် တောင် ပေါ် သို့ မ တက် ဝံ့ ကြ သည့် အ တွက်၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို ပြန် ကြား အံ့ သော ငှါ၊ သင် တို့ နှင့် ထာ ဝ ရ ဘု ရား စပ် ကြား တွင် ငါ ရပ် တန့် ခိုက်၊ တောင် ပေါ် တွင် မီး အ လယ် မှ ထာ ဝ ရ ဘု ရား သည် သင် တို့ နှင့် တွေ့ ဆိုင် ၍၊ ဗျာ ဒိတ် ပေး တော် မူ သည် ကား၊ Judson Bible ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲကသင်တို့နှင့် မျက်နှာချင်းဆိုင်၍ မိန့်မြွက်တော်မူ၏။ |
ထာဝရဘုရားက မောရှေအား “သင်နှင့်ငါပြောသောစကားကို လူတို့ကြား၍ သင့်ကို အစဉ်အမြဲယုံကြစေရန် ငါသည် သင့်ထံသို့မိုးတိမ်တိုက်ဖြင့်ကြွလာမည်”ဟု မိန့်တော်မူ၏။ မောရှေသည်လည်း လူတို့၏စကားများကို ထာဝရဘုရားထံ ကြားလျှောက်လေ၏။
ထာဝရဘုရားသည် မိတ်ဆွေချင်းစကားပြောသကဲ့သို့ မောရှေနှင့် မျက်နှာချင်းဆိုင်စကားပြောတော်မူ၏။ ထို့နောက် မောရှေသည် တပ်စခန်းသို့ ပြန်လာ၏။ သူ၏လက်ထောက်လူငယ်တစ်ဦးဖြစ်သည့် နုန်၏သားယောရှုမူကား တဲတော်ထဲမှ မထွက်ဘဲနေရစ်ခဲ့၏။
သူနှင့်မျက်နှာချင်းဆိုင် ရှင်းလင်းစွာမိန့်ဆို၏။ သွယ်ဝိုက်၍ မမိန့်ဆို။ သူသည် ထာဝရဘုရား၏ပုံသဏ္ဌာန်ကို မြင်ရ၏။ သင်တို့သည် ငါ့အစေအပါးမောရှေကို အဘယ်ကြောင့် ဆန့်ကျင်ပြောဆိုဝံ့သနည်း”ဟု မိန့်တော်မူပြီးနောက်
ဤပြည်၌နေထိုင်သောသူတို့အား ပြောပြကြပါလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုးအလယ်၌ ရှိတော်မူကြောင်းကိုလည်းကောင်း၊ အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်ကို ကိုယ်တိုင်မြင်ရ၍ ကိုယ်တော်၏မိုးတိမ်သည် သူတို့အပေါ်၌တည်လျက် နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်အားဖြင့် ကိုယ်တော်သည် သူတို့၏ရှေ့မှ ကြွတော်မူကြောင်းကိုလည်းကောင်း ဤပြည်သားတို့ကြားထားကြပါပြီ။
ထိုအချိန်မှစ၍ အစ္စရေးလူမျိုးတွင် မောရှေကဲ့သို့ ထာဝရဘုရားအား တရင်းတနှီးသိကျွမ်းသော ပရောဖက်တစ်ပါးမျှ မပေါ်ထွန်းတော့ပေ။
ထာဝရဘုရားသည်လည်း သင်တို့အား မီးထဲမှ မိန့်မြွက်တော်မူ၏။ သင်တို့သည် စကားသံကိုကြားရသော်လည်း ပုံသဏ္ဌာန်တော်ကိုမမြင်ရ။ အသံတော်ကိုသာကြားရ၏။
ဟောရပ်တောင်၌ သင်တို့အား ထာဝရဘုရား မီးထဲမှ မိန့်တော်မူသောနေ့တွင် သင်တို့သည် ကိုယ်တော်ကို မည်သည့်ပုံသဏ္ဌာန်နှင့်မျှမမြင်ရ။ သို့ဖြစ်၍ သင်တို့ကိုယ်သင်တို့ အထူးသတိပြုကြလော့။
မီးထဲမှမိန့်တော်မူသော ဘုရားသခင်၏အသံတော်ကို သင်တို့ကြားရသကဲ့သို့ ကြား၍ အသက်ချမ်းသာရာရသောလူမျိုးရှိဖူးသလော။
ကိုယ်တော်သည် မိုးကောင်းကင်မှ ပဲ့ပြင်သောစကားသံကို သင်တို့အား ကြားစေတော်မူ၏။ မြေကြီးပေါ်၌လည်း သင်တို့အား မီးတောက်မီးလျှံကြီးကို ပြတော်မူ၍ ထိုမီးထဲမှ ကိုယ်တော်၏စကားတော်ကို သင်တို့ကြားရကြ၏။
ထာဝရဘုရားသည် တောင်ပေါ်၌ မီး၊ မိုးတိမ်နှင့် အမှောင်ထုတို့ထဲမှ ကြီးမားသောအသံဖြင့် လူအစုအဝေးတစ်ရပ်လုံးအား ဤစကားတို့ကို မိန့်တော်မူ၏။ ထို့နောက် ထပ်၍ မိန့်တော်မမူဘဲ ဤစကားတို့ကို ကျောက်ပြားနှစ်ချပ်ပေါ်၌ ရေးသားပြီး ငါ့အား ပေးအပ်တော်မူ၏။