ထို့နောက် သူက “ထာဝရဘုရားမိန့်တော်မူသည့် နိမိတ်လက္ခဏာဟူမူကား ‘ကြည့်ရှုလော့။ ယဇ်ပလ္လင်အက်ကွဲပြီး ယဇ်ပလ္လင်ပေါ်ရှိပြာများ ဖိတ်ကျလာလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု ဆိုလျက် ထိုနေ့တွင် နိမိတ်လက္ခဏာတစ်ခုကို ပြလေ၏။
တရားဟော 13:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုနိမိတ်လက္ခဏာ၊ သို့မဟုတ် အံ့ဩဖွယ်အမှုတို့လည်း ပြည့်စုံလာပြီး ‘သင်တို့မသိသောအခြားဘုရားများနောက်သို့ လိုက်သွားကြကုန်စို့။ ဝတ်ပြုကြကုန်စို့’ဟု သင်တို့အားဆိုလျှင်လည်း Common Language Bible သင်တို့ယခင်ကဝတ်မပြု၊ မကိုးကွယ်ဘူး သောဘုရားများကို ဝတ်ပြုကိုးကွယ်စေရန် အလို့ငှာနိမိတ်လက္ခဏာကိုသော်လည်းကောင်း၊ အံ့ဖွယ်သောအမှုကိုသော်လည်းကောင်းပြုမည် ဟုပြောလိမ့်မည်။ သူပြောသည့်အတိုင်း နိမိတ် လက္ခဏာနှင့်အံ့ဖွယ်သောအမှုကိုပြနိုင် သည့်တိုင်အောင်၊- Judson Bible သင်တို့မသိသော အခြားတစ်ပါးသောဘုရားကို ဆည်းကပ်၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုကိုပေး၍၊ ထိုနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုသည် ပြည့်စုံသော်လည်း၊ |
ထို့နောက် သူက “ထာဝရဘုရားမိန့်တော်မူသည့် နိမိတ်လက္ခဏာဟူမူကား ‘ကြည့်ရှုလော့။ ယဇ်ပလ္လင်အက်ကွဲပြီး ယဇ်ပလ္လင်ပေါ်ရှိပြာများ ဖိတ်ကျလာလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု ဆိုလျက် ထိုနေ့တွင် နိမိတ်လက္ခဏာတစ်ခုကို ပြလေ၏။
အီဂျစ်နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များအားဖြင့် ထိုနည်းတူပြုကြ၏။ ထို့ကြောင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျောလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ မဟုတ်မမှန်သောအိပ်မက်ကို ပရောဖက်ပြုဟောပြော၍ လိမ်လည်ကြွားဝါခြင်းဖြင့် ငါ၏လူမျိုးတော်အား လမ်းလွဲစေသော ပရောဖက်တို့ကို ငါစီရင်မည်။ သူတို့ကိုငါမစေလွှတ်၊ ငါမမိန့်မှာ။ သူတို့သည် ငါ့လူမျိုးတော်ကို ဘာမျှအကျိုးမပြုသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ သင်တို့သည် ဘေဘီလုံဘုရင်ကို အစေခံရမည်မဟုတ်ဟု ဆိုသော ပရောဖက်များ၊ ဂမ္ဘီရအတတ်ပညာရှင်များ၊ အိပ်မက်နိမိတ်ရသူများ၊ ဗေဒင်ဆရာများနှင့် မှော်ဆရာများ၏စကားကို နားမထောင်ကြနှင့်။
ပရောဖက်တစ်ဦးက ငြိမ်းချမ်းခြင်းအကြောင်းကို ပရောဖက်ပြုဟောပြော၍ သူဟောသည့်အတိုင်းဖြစ်လာလျှင် သူသည် ထာဝရဘုရားစေလွှတ်တော်မူသောပရောဖက်ဖြစ်ကြောင်း သိရမည်”ဟု ဆို၏။
အကယ်စင်စစ် တေရပ်ရုပ်တုတို့သည် လှည့်စားသောစကားကိုဆို၏။ ဂမ္ဘီရပညာရှင်တို့လည်း မဟုတ်မမှန်သောနိမိတ်ကို မြင်ကြ၏။ အလိမ်အညာအိပ်မက်များကို မြင်မက်ပြီး အချည်းနှီးနှစ်သိမ့်ပေးတတ်၏။ ထို့ကြောင့် လူတို့သည် သိုးစုကဲ့သို့ လှည့်လည်သွားလာရကြ၏။ သိုးထိန်းမရှိသဖြင့် အနှိပ်စက်ခံရကြ၏။
အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင် လှည့်ဖြားရန် ကြီးမားသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို ပြုကြလိမ့်မည်။
ဆိုးညစ်သောသူတို့ထကြွပြီး သင်မသိသောအခြားဘုရားများကို ‘ငါတို့သွား၍ ဝတ်ပြုကြစို့’ဟု ဆိုလျက် သူတို့သည် သူတို့မြို့၌နေထိုင်သောသူတို့ကို ဖြားယောင်းသွေးဆောင်နေကြောင်း သင်ကြားလျှင်
သင်၏မအေတူဖအေကွဲညီအစ်ကိုဖြစ်စေ၊ သင်၏သားသမီးဖြစ်စေ၊ သင်၏ရင်ခွင်၌ရှိသောမယားဖြစ်စေ၊ အရင်းနှီးဆုံးမိတ်ဆွေဖြစ်စေ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသောအခြားဘုရားများဖြစ်သည့်
ပရောဖက်တစ်ပါးပါးသည် အတင့်ရဲ၍ ငါမမိန့်မှာထားသောစကားကို ငါ့နာမဖြင့် ဆင့်ဆိုလျှင်ဖြစ်စေ၊ အခြားသောဘုရား၏နာမဖြင့်ဆင့်ဆိုလျှင်ဖြစ်စေ ထိုပရောဖက်သည် အသတ်ခံရမည်’ဟု မိန့်တော်မူ၏။
ပရောဖက်သည် ထာဝရဘုရား၏နာမတော်ဖြင့် ဆင့်ဆို၍ သူဆင့်ဆိုသည့်အတိုင်း မဖြစ်လာ၊ မပြည့်စုံလာလျှင် ထိုစကားသည် ထာဝရဘုရားမိန့်တော်မူသောစကား မဟုတ်။ ထိုပရောဖက်သည် အတင့်ရဲစွာဆင့်ဆိုပြီ။ သင်သည် သူ့ကို မကြောက်ရ။