La Biblia Online

Anuncios


Toda la Biblia A.T. N.T.




တော​လည် 6:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​အတွက် မိမိကိုယ်မိမိ သီးခြား​ထား​သော​ကာလ​ပတ်လုံး လူသေအလောင်း​အနီး​သို့ မ​သွား​ရ​။

Ver Capítulo

Common Language Bible

သူ​၏​ဆံ​ပင်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင် အား​ဆက်​ကပ်​သော​အ​မှတ်​လက္ခ​ဏာ​ဖြစ်​သည်။ ထို​ကြောင့်​သူ​သည်​မိ​မိ​ကိုယ်​ကို​မ​ညစ်​ညမ်း စေ​ရန်​လူ​သေ​အ​လောင်း​အ​နီး​သို့​မ​ချဉ်း ကပ်​ရ။ မိ​ဘ၊ ညီ​အစ်​ကို၊ နှ​မ​သေ​သော် လည်း​မ​ချဉ်း​ကပ်​ရ။-

Ver Capítulo

Garrad Bible

ထာ ဝ ရ ဘု ရား အ ဖို့ ကိုယ် ကို သီး ခြား ထား သ မျှ ကာ လ ပတ် လုံး သူ သေ အ လောင်း ရှိ ရာ မ ဝင် ရ သည် နှင့်၊

Ver Capítulo

Judson Bible

ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ​သော​ကာ​လ​ပတ်​လုံး၊ အ​သေ​ကောင်​ကို မ​ချဉ်း​မ​ကပ်​ရ။

Ver Capítulo



တော​လည် 6:6
10 Referencias Cruzadas  

သေ​သော​သူ​အတွက် သင်​တို့​အသား​ကို မ​ခုတ်​မ​ရှ​ရ​။ သင်​တို့​ကိုယ်​ပေါ်၌ ဆေးမင်ကြောင် မ​ထိုး​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


လူသေအလောင်း​ရှိ​ရာ​သို့ မ​သွား​ရ​။ မိမိ​၏​မိခင်​၊ သို့မဟုတ် မိမိ​၏​ဖခင် ဖြစ်စေကာမူ ကိုယ့်ကိုယ်ကိုယ်​မ​ညစ်ညူး​စေ​ရ​။


ဘုရားသခင်​၏​ဆက်ကပ်​ခြင်း​ဆိုင်ရာ​ဘိသိက်​ဆီ​သည် သူ့​အပေါ်​၌​ရှိ​သည်​ဖြစ်၍ သူ​သည် သန့်ရှင်းရာဌာန​ထဲမှ မ​ထွက်​ရ​။ ဘုရားသခင်​၏​သန့်ရှင်းရာဌာန​ကို မ​ညစ်ညူး​စေ​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


ထို့ကြောင့် ယခု​မှစ၍ ငါ​တို့​သည် မည်သူ့​ကို​မျှ သွေးသား​ဇာတိ​သဘော​ဖြင့် မ​သိမှတ်​တော့​ပေ။ ငါ​တို့​သည် ခရစ်တော်​ကို သွေးသား​ဇာတိ​သဘော​ဖြင့် သိမှတ်​ခဲ့​လျှင်​လည်း ယခု​တွင် ထိုသို့​မ​သိမှတ်​တော့​ပေ။