ခြေမသန်သူတို့သည် သမင်ကဲ့သို့ခုန်ပေါက်ကြလိမ့်မည်။ ဆွံ့အသောလျှာသည် ရွှင်လန်းစွာသီချင်းဆိုလိမ့်မည်။ တောကန္တာရ၌ရေပန်းထွက်၍ သဲကန္တာရ၌စမ်းချောင်းစီးလိမ့်မည်။
တမန်တော်ဝတ္ထု 8:7 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား များစွာသောသူတို့ထံ၌ပူးနေသည့် ညစ်ညူးသောနတ်တို့သည် ကျယ်လောင်သောအသံဖြင့်အော်ဟစ်လျက် ထွက်သွားကြ၏။ လေဖြတ်သောသူနှင့် ခြေမသန်စွမ်းသူများစွာတို့သည်လည်း အကောင်းပကတိဖြစ်လာကြ၏။ Common Language Bible နတ်မိစ္ဆာပူးဝင်နေသူအမြောက်အမြားထဲမှ နတ်မိစ္ဆာများသည် အသံကျယ်စွာဟစ်အော် လျက်ထွက်ခွာသွားကြ၏။ လေဖြတ်သူ၊ ခြေ လက်မစွမ်းမသန်သူများသည်လည်းရောဂါ ပျောက်သွားကြ၏။- Garrad Bible နတ် ဆိုး အ များ တို့ သည် ပြင်း စွာ အော် ဟစ် လျက် ပူး ကပ် သူ တို့ အ ထဲ မှ ထွက် ခွာ ကြ သည့် ပြင်၊ သွက် ချာ ပါ ဒ စွဲ သူ နှင့် ခြေ ဆွံ့ သူ အ များ လည်း ကျန်း မာ ကြ သည့် အ တိုင်း၊ Judson Bible အကြောင်းမူကား၊ နတ်ဆိုးစွဲသော သူများတို့၏အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာသောအသံနှင့် အော်ဟစ်လျက် ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိအဖြစ်သို့ ရောက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် နတ်ဆိုးပူးခံရသူများစွာအထဲမှ နတ်ဆိုးတို့သည် ကျယ်လောင်စွာအော်ဟစ်၍ ထွက်သွားကြသောကြောင့်ဖြစ်၏။ လေဖြတ်သောသူများနှင့် ခြေမသန်သောသူများသည်လည်း အကောင်းပကတိအတိုင်း ဖြစ်လာကြ၏။ |
ခြေမသန်သူတို့သည် သမင်ကဲ့သို့ခုန်ပေါက်ကြလိမ့်မည်။ ဆွံ့အသောလျှာသည် ရွှင်လန်းစွာသီချင်းဆိုလိမ့်မည်။ တောကန္တာရ၌ရေပန်းထွက်၍ သဲကန္တာရ၌စမ်းချောင်းစီးလိမ့်မည်။
ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍ ညစ်ညူးသောနတ်တို့ကိုနိုင်ရသောအခွင့်အာဏာကို သူတို့အားပေးတော်မူ၏။ ဤသည်ကား ထိုနတ်တို့ကိုနှင်ထုတ်စေရန်နှင့် ရောဂါအမျိုးမျိုးမှစ၍ အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေရန်အတွက်ဖြစ်၏။
မျက်မမြင်တို့သည် မျက်စိမြင်ရကြ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားရကြ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကို ကြားရကြ၏။
ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။
ထိုအခါ နတ်ဆိုးသည် အော်ဟစ်လျက် သူငယ်ကို ပြင်းထန်စွာတက်စေပြီးလျှင် ထွက်သွားလေ၏။ သူငယ်သည် လူသေကဲ့သို့ဖြစ်သွားသဖြင့် လူအပေါင်းတို့က “သူသေပြီ”ဟု ပြောဆိုကြ၏။
ထို့နောက် ထိုအယောက်ခုနစ်ဆယ်တို့သည် ဝမ်းမြောက်စွာပြန်လာ၍ “သခင်၊ ကိုယ်တော်၏နာမတော်၌ နတ်ဆိုးတို့ပင် အကျွန်ုပ်တို့ကိုနာခံကြပါ၏”ဟု လျှောက်ကြ၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုထက် ပို၍ကြီးမြတ်သောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့သွားမည်ဖြစ်၏။
ဂျေရုဆလင်မြို့ပတ်ဝန်းကျင်ရှိ မြို့များမှ များစွာသောလူတို့သည်လည်း နာမကျန်းဖြစ်သူများနှင့် ညစ်ညူးသောနတ်တို့၏ပူးဝင်နှောင့်ယှက်ခြင်းခံရသူများကို ခေါ်ဆောင်လာ၍ စုဝေးလာကြရာ ထိုသူအပေါင်းတို့သည် အကောင်းပကတိဖြစ်လာကြ၏။
လူထုပရိသတ်တို့သည် ဖိလိပ္ပုပြုသောနိမိတ်လက္ခဏာများကို ကြားရ၊ မြင်ရသောအခါ သူဟောပြောသည့်အရာများကို တညီတညွတ်တည်းဂရုစိုက်နားထောင်ကြ၏။
ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများအားဖြင့်လည်းကောင်း၊ တန်ခိုးလက္ခဏာအမျိုးမျိုးအားဖြင့်လည်းကောင်း၊ မိမိအလိုတော်နှင့်အညီ သန့်ရှင်းသောဝိညာဉ်တော်ကို မျှဝေပေးတော်မူခြင်းအားဖြင့်လည်းကောင်း သူတို့နှင့်အတူ သက်သေခံတော်မူ၏။