ဟေဗြဲ 2:4 - မြန်မာ့စံမီသမ္မာကျမ်း4 ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများအားဖြင့်လည်းကောင်း၊ တန်ခိုးလက္ခဏာအမျိုးမျိုးအားဖြင့်လည်းကောင်း၊ မိမိအလိုတော်နှင့်အညီ သန့်ရှင်းသောဝိညာဉ်တော်ကို မျှဝေပေးတော်မူခြင်းအားဖြင့်လည်းကောင်း သူတို့နှင့်အတူ သက်သေခံတော်မူ၏။ Ver CapítuloCommon Language Bible4 တစ်ချိန်တည်းမှာပင်ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးအမျိုးမျိုးတို့ကို ပြတော်မူခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်သည်မိမိအလိုတော် အတိုင်း ဆုကျေးဇူးများကိုဝေငှတော်မူ ခြင်းအားဖြင့်လည်းကောင်းထပ်လောင်း သက်သေပြတော်မူ၏။ Ver CapítuloGarrad Bible4 နိ မိတ် လ က္ခ ဏာ များ၊ အံ့ ဖွယ် ရာ များ၊ အ မျိုး မျိုး သော အ မှု ကြီး များ နှင့် လည်း ကောင်း၊ အ လို တော် အ လျောက် ဝေ မျှ တော် မူ သည့် သန့် ရှင်း သော် ဝိ ညာဉ် တော် ဆု များ နှင့်လည်း ကောင်း ဘု ရား သ ခင် သက် သေ ခံ တော် မူ၏။ Ver CapítuloJudson Bible4 ထိုသက်သေခံသောသူတို့နှင့်အတူ ဘုရားသခင်သည် နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုအားဖြင့်လည်းကောင်း၊ ထူးဆန်းသောတန်ခိုး အထူးထူး အပြားပြားအားဖြင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိအလိုတော်အတိုင်း ဝေငှသော ဆုကျေးဇူးအားဖြင့်လည်းကောင်း သက်သေခံတော်မူပြီ။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း4 တစ်ချိန်တည်းမှာပင် ဘုရားသခင်ကလည်း နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ဖြစ်ရပ်များ၊ အမျိုးမျိုးသော အံ့ဖွယ်တန်ခိုးများ၊ မိမိအလိုတော်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးများကို ဝေမျှတော်မူခြင်း စသည်တို့ဖြင့် သူတို့နှင့်အတူ သက်သေခံတော်မူ၏။ Ver Capítulo |