သို့သော် တပည့်တော်တို့သည် သူ့ကိုဝိုင်းရံလျက်နေကြစဉ် သူသည် ထ၍ မြို့ထဲသို့ဝင်လေ၏။ နောက်တစ်နေ့တွင် ပေါလုသည် ဗာနဗနှင့်အတူ ဒေရဗေမြို့သို့ ထွက်ခွာသွားလေ၏။
တမန်တော်ဝတ္ထု 20:4 - မြန်မာ့စံမီသမ္မာကျမ်း ပေါလုနှင့်အတူလိုက်ပါသောသူတို့မှာ ဗေရိမြို့သား ပုရု၏သားသောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့်သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ တိမောသေ၊ အာရှပြည်သား တုခိတ်နှင့်တရောဖိမ်တို့ဖြစ်ကြ၏။ Common Language Bible ဗေရိမြို့သားပုရု၏သားဖြစ်သူသောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့်သေကန္ဒု၊ ဒေရဗေမြို့သားဖြစ် သူဂါယု၊ အာရှနယ်သားများဖြစ်ကြသော တုခိတ်နှင့်တရောဖိမ်တို့သည်လည်းကောင်း၊ တိမောသေသည်လည်းကောင်းသူနှင့်အတူ လိုက်သွားကြ၏။- Garrad Bible ထို အ ခါ အ ပေါင်း ပါ ဖြစ် သူ ဗေ ရိ မြို့ နေ ပု ရု၏ သား သော ပ တ ရု၊ သက် သာ လော နိတ် မြို့ သား အာ ရိ တ္တာ ခု နှင့် သေ ကု န္ဒု၊ ဒေ ရ ဗေ မြို့ သား ဂါ ယု၊ တိ မော သေ၊ အာ ရှိ ပြည် သား တု ခိတ် နှင့် တ ရော ဖိမ် တို့ သည်၊ Judson Bible ပေါလုနှင့်အတူ အာရှိပြည်သို့ လိုက်သောသူ ဟူမူကား၊ ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သားတုခိတ်နှင့် တရောဖိမ်တည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သားဖြစ်သော ဂါယု၊ တိမောသေ၊ အာရှပြည်သားများဖြစ်ကြသော တုခိတ်နှင့် တရောဖိမ်တို့သည် ပေါလုနှင့်အတူ လိုက်ပါသွားကြ၏။ |
သို့သော် တပည့်တော်တို့သည် သူ့ကိုဝိုင်းရံလျက်နေကြစဉ် သူသည် ထ၍ မြို့ထဲသို့ဝင်လေ၏။ နောက်တစ်နေ့တွင် ပေါလုသည် ဗာနဗနှင့်အတူ ဒေရဗေမြို့သို့ ထွက်ခွာသွားလေ၏။
တမန်တော်တို့သည် ကြားသိ၍ လုကောနိပြည်ရှိမြို့များဖြစ်ကြသည့် လုတ္တရမြို့၊ ဒေရဗေမြို့နှင့် ဝန်းကျင်ရှိဒေသများသို့ ထွက်ပြေးကာ
ထို့နောက် ပေါလုသည် ဒေရဗေမြို့မှတစ်ဆင့် လုတ္တရမြို့သို့ ရောက်လာ၏။ ထိုအရပ်၌ တိမောသေအမည်ရှိ တပည့်တော်တစ်ဦးရှိ၏။ သူသည် ယုံကြည်သူဂျူးအမျိုးသမီး၏သားဖြစ်သော်လည်း သူ၏ဖခင်မှာမူ ဂရိအမျိုးသားဖြစ်၏။
ထို့နောက် သူတို့သည် ဖြူဂိပြည်နှင့်ဂလာတိပြည်တို့ကို ဖြတ်သွားကြသောအခါ အာရှပြည်တွင် နှုတ်ကပတ်တရားကိုမဟောပြောရန် သန့်ရှင်းသောဝိညာဉ်တော်၏တားမြစ်ခြင်းကို ခံရကြ၏။
ထို့နောက် ပေါလုနှင့်သိလတို့သည် အံဖိပေါလိမြို့နှင့်အာပေါလောနိမြို့တို့ကို ဖြတ်၍ သက်သာလောနိတ်မြို့သို့ရောက်ကြ၏။ ထိုမြို့တွင် ဂျူးလူမျိုး၏ဝတ်ပြုစည်းဝေးကျောင်းရှိ၏။
သို့သော် ပေါလုသည် ဘုရားသခင်၏နှုတ်ကပတ်တရားကို ဗေရိမြို့တွင်လည်း ဟောပြောနေကြောင်း သက်သာလောနိတ်မြို့မှ ဂျူးလူမျိုးတို့ ကြားသိကြသောအခါ ထိုအရပ်သို့လိုက်လာ၍ လူထုပရိသတ်များကိုလှုံ့ဆော်ကာ မငြိမ်မသက်ဖြစ်စေကြ၏။
ထိုအခါ တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်လေ၏။ လူတို့သည် ပေါလုနှင့်အတူလိုက်ပါသည့် မာကေဒေါနိပြည်သား ဂါယုနှင့်အာရိတ္တာခုတို့ကို ဖမ်းဆီးပြီး ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
ငါတို့တွင် ပါသိလူမျိုး၊ မေဒိလူမျိုးနှင့် ဧလံလူမျိုးများမှစ၍ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊
ဤသို့ခရီးပြုခြင်းမှာ ပေါလုသည် အာရှပြည်တွင် အချိန်မကုန်စေရန် ဧဖက်မြို့၌မဆိုက်ဘဲရွက်လွှင့်သွားမည်ဟု ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။ သူသည် ဖြစ်နိုင်လျှင် ပင်တေကုတ္တေပွဲနေ့တွင် ဂျေရုဆလင်မြို့သို့ရောက်လိုသည်ဖြစ်၍ ခရီးကိုလျင်မြန်စွာပြုနေ၏။
သူတို့ရောက်လာကြသောအခါ ပေါလုက “ငါသည် အာရှပြည်၌ ပထမဦးဆုံးခြေချသည့်နေ့မှစ၍ သင်တို့နှင့်အတူရှိခဲ့သည့်ကာလတစ်လျှောက် မည်ကဲ့သို့အသက်ရှင်ခဲ့သည်ကို သင်တို့သိကြ၏။
ထိုသို့ဆိုခြင်းမှာ သူတို့သည် ဧဖက်မြို့သား တရောဖိမ်ကို ပေါလုနှင့်အတူ မြို့ထဲ၌တွေ့ခဲ့သဖြင့် ပေါလုသည် ထိုသူကို ဗိမာန်တော်ထဲသို့ခေါ်ဆောင်ခဲ့သည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။
ငါတို့သည် အာရှပြည် ကမ်းခြေတစ်လျှောက်ရှိ ဆိပ်ကမ်းများသို့ရွက်လွှင့်သွားမည့် အဒြာမုတ္တိသင်္ဘောကိုစီးလျက် ရွက်လွှင့်ကြ၏။ မာကေဒေါနိပြည်၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုသည်လည်း ငါတို့နှင့်အတူပါလာ၏။
ငါ၏လုပ်ဖော်ဆောင်ဖက်တိမောသေ၊ ငါ့အမျိုးသားချင်း လုကိ၊ ယာသုန်နှင့် သောသိပါတရုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
ငါမှစ၍ အသင်းတော်တစ်ခုလုံးကိုလက်ခံသောအိမ်ရှင်ဂါယုသည် သင်တို့ကိုနှုတ်ဆက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ငါတို့၏ညီအစ်ကိုကွာတုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် ကောရိန္သုမြို့၌ရှိသော ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံးရှိ သန့်ရှင်းသူအပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။
အမှန်စင်စစ် ငါမှစ၍ သိလွာနုနှင့် တိမောသေတို့က သင်တို့ထဲတွင်ဟောပြောခဲ့သော ဘုရားသခင်၏သားတော် ယေရှုခရစ်တော်၌ တစ်ချိန်တည်းတွင် “ဟုတ်ပါ၏” နှင့် “မဟုတ်ပါ”ဟူ၍မရှိဘဲ ကိုယ်တော်၌ “ဟုတ်ပါ၏”ဟူ၍သာရှိ၏။
ငါ၌ဖြစ်နေသောအရာများနှင့် ငါပြုနေသည့်အမှုကို သင်တို့လည်းသိရှိနိုင်ရန် သခင်ဘုရား၌သစ္စာရှိသောအမှုတော်ဆောင်ဖြစ်သည့် ချစ်ရသောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ပြောပြလိမ့်မည်။
ငါသည် သင်တို့အကြောင်းကိုကြားသိ၍ အားတက်လာစေရန် တိမောသေကို သင်တို့ထံသို့ မကြာမီစေလွှတ်နိုင်မည်ဟု သခင်ယေရှု၌ ငါမျှော်လင့်ထား၏။
ငါနှင့်အတူအကျဉ်းချခံနေရသူအာရိတ္တာခုနှင့် ဗာနဗ၏ညီဝမ်းကွဲမာကုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မာကုသည် သင်တို့ထံသို့လာလျှင် သူ့ကိုလက်ခံကြပါဟူသည့် သူနှင့်ပတ်သက်သောညွှန်ကြားချက်များကို သင်တို့ရရှိထား၏။
သခင်ဘုရား၌ အစေအပါးချင်းဖြစ်ပြီး သစ္စာရှိသောအမှုတော်ဆောင်ဖြစ်သည့် ချစ်ရသောညီတုခိတ်သည် ငါနှင့်ပတ်သက်သည့်အကြောင်းအရာရှိသမျှတို့ကို သင်တို့အား ပြောပြလိမ့်မည်။
ငါတို့၏ကယ်တင်ရှင်ဘုရားသခင်နှင့် ငါတို့၏မျှော်လင့်ရာဖြစ်တော်မူသော ခရစ်တော်ယေရှု၏အမိန့်တော်အတိုင်း ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုသည်
ချစ်သားတိမောသေထံသို့ စာရေးလိုက်ပါ၏။ ခမည်းတော်ဘုရားသခင်နှင့် ငါတို့သခင်ခရစ်တော်ယေရှုထံမှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်၌ရှိပါစေသော။
ဧရတ္တုသည် ကောရိန္သုမြို့၌ နေရစ်ခဲ့၏။ တရောဖိမ်ကိုမူကား နာမကျန်းဖြစ်နေသဖြင့် မိလက်မြို့တွင် ငါထားခဲ့၏။
ငါသည် အာတေမ၊ သို့မဟုတ် တုခိတ်ကို သင့်ထံသို့စေလွှတ်သောအခါ ငါရှိရာနိကောပလိမြို့သို့လာရန် ကြိုးစားလော့။ အကြောင်းမူကား ဆောင်းကာလအတွင်း ထိုမြို့၌နေထိုင်ရန် ငါဆုံးဖြတ်ထား၏။
ငါ၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည့် မာကု၊ အာရိတ္တာခု၊ ဒေမနှင့် လုကာတို့သည် သင့်ကိုနှုတ်ဆက်ကြပါ၏။
သက်ကြီးဝါကြီးဖြစ်သောငါသည် သမ္မာတရား၌ ငါချစ်သည့် ချစ်ရသောဂါယုထံသို့ စာရေးလိုက်ပါ၏။