ဖြောင့်မတ်သောသူတို့သည် မြင်၍ ဝမ်းသာအားရဖြစ်ကြ၏။ အပြစ်ကင်းသောသူသည်လည်း သူတို့အား ပြက်ရယ်ပြု၏။
ဆာလံ 52:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖြောင့်မတ်သောသူတို့သည်မြင်၍ ကြောက်ရွံ့ကြလိမ့်မည်။ သူတို့က Common Language Bible သူတော်ကောင်းတို့သည်ဤအခြင်းအရာကို မြင်လျှင် ကြောက်လန့်ကြလိမ့်မည်။ သူတို့သည်သင့်အားကြည့်၍ပြုံးရယ်ကြလျက် Garrad Bible သူ တော် ကောင်း တို့ လည်း၊ သိ မြင် ရို သေ လျက်၊ ဘု ရား သ ခင် ကို မ ခို လှုံ ဘဲ၊ Judson Bible ဖြောင့်မတ်သောသူတို့သည်မြင်၍ ကြောက်ရွံ့ကြလိမ့်မည်။ |
ဖြောင့်မတ်သောသူတို့သည် မြင်၍ ဝမ်းသာအားရဖြစ်ကြ၏။ အပြစ်ကင်းသောသူသည်လည်း သူတို့အား ပြက်ရယ်ပြု၏။
ကိုယ်တော်ကိုကြောက်ရွံ့၍ အကျွန်ုပ်အသားသည် တဆတ်ဆတ်တုန်နေပါ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ရွံ့ပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မုသားနှုတ်ခမ်းမှလည်းကောင်း၊ လိမ်လည်ကောက်ကျစ်သောလျှာမှလည်းကောင်း ကယ်နုတ်တော်မူပါ။
ထာဝရဘုရားကိုစောင့်မျှော်၍ ကိုယ်တော်၏လမ်းကို စောင့်ထိန်းလော့။ သို့ပြုလျှင် သင်သည် ပြည်တော်ကိုအမွေဆက်ခံရရန် ကိုယ်တော်သည် သင့်ကိုချီးမြှောက်တော်မူလိမ့်မည်။ ဆိုးယုတ်သောသူတို့ဖယ်ရှားခြင်းခံရသည်ကို သင်မြင်ရလိမ့်မည်။
အကျွန်ုပ်တို့၏ဘုရားသခင်ကို ချီးမွမ်းရာသီချင်းအသစ်ကိုလည်း အကျွန်ုပ်၏နှုတ်၌ သွင်းပေးတော်မူ၏။ များစွာသောလူတို့သည် မြင်၍ကြောက်ရွံ့လျက် ထာဝရဘုရားကို ယုံကြည်ကိုးစားကြလိမ့်မည်။
ထိုအခါ လူအပေါင်းတို့သည် ကြောက်ရွံ့၍ ဘုရားသခင်၏လုပ်ဆောင်တော်မူချက်ကို ပြောကြားကာ ကိုယ်တော်ပြုတော်မူသောအမှုကို ဂရုပြုကြလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကြောင့် ဇိအုန်သည် ကြား၍ ဝမ်းမြောက်ပါ၏။ ယုဒပြည်၏သမီးတို့သည်လည်း ရွှင်လန်းကြပါ၏။
မှန်ကန်သောနှုတ်ခမ်းသည် ထာဝစဉ်တည်မြဲ၏။ မုသားသုံးသောလျှာမူကား တစ်ခဏမျှသာတည်၏။
ထိုဘုရင်ကိုရည်ညွှန်း၍ ထာဝရဘုရားက ဇိအုန်သမီးပျိုသည် သင့်ကိုမထီမဲ့မြင်ပြုလေပြီ။ သင့်ကိုပြက်ရယ်ပြုလေပြီ။ ဂျေရုဆလင်သမီးပျိုသည် သင့်နောက်မှနေ၍ ခေါင်းခါယမ်းလေပြီ။
သင်တို့သည် ကိုယ့်မျက်စိနှင့်မြင်၍ ‘ထာဝရဘုရားသည် အစ္စရေးပြည်ပြင်ပအထိပင် တန်ခိုးကြီးသောဘုရားဖြစ်တော်မူ၏’ဟု ဆိုကြလိမ့်မည်။
အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုလည်း မချီးမွမ်းဘဲ နေလိမ့်မည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ချက်တို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်သို့လာ၍ ရှိခိုးကြပါလိမ့်မည်”ဟု ဆိုကြ၏။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။