ဗျာဒိတ် 18:20 - မြန်မာ့စံမီသမ္မာကျမ်း20 ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။ Ver CapítuloCommon Language Bible20 ကောင်းကင်ဘုံသားတို့၊ ထိုမြို့ပျက်စီးသည့် အတွက်ဝမ်းမြောက်ရွှင်မြှုးကြလော့။ ဘုရား သခင်၏လူစုတော်ဝင်များ၊ တမန်တော်များ၊ ပရောဖက်များတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ သင်တို့အားပြုသမျှအတွက်ဘုရားသခင် သည်ထိုမြို့ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။ Ver CapítuloGarrad Bible20 အ ချင်း ကောင်း ကင် ဘုံ မှ စ၍ သီး သန့် ထား သူ တ မန် တော် ပ ရော ဖက် တို့၊ ထို မြို့ အ တွက် ရွှင် လန်း ကြ လော့။ ဘု ရား သ ခင် သည် ထို မြို့ ကို ဒဏ် ခတ် သ ဖြင့် သင် တို့ အ မှု ကို စီ ရင် တော် မူ ပြီ ဟူ၍ တည်း။ Ver CapítuloJudson Bible20 ကောင်းကင်မှစ၍ သန့်ရှင်းသူတမန်တော်၊ ပရောဖက်တို့၊ သူ့ကို ကြည့်ရှု၍ ဝမ်းမြောက်ကြလော့။ ဘုရားသခင်သည် သင်တို့ဘက်၌နေ၍၊ သူ့ကို တရားစီရင်တော်မူပြီဟု ပြောဆိုသည်ကို ငါကြား၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း20 အို ကောင်းကင်ဘုံသားတို့… ထိုမြို့၏ပျက်စီးခြင်းအတွက် ဝမ်းမြောက်ကြလော့။ အို သန့်ရှင်းသောသူတို့၊ တမန်တော်တို့နှင့် ပရောဖက်တို့… ဝမ်းမြောက်ကြလော့။ သင်တို့အပေါ် ပြုခဲ့သည့်အမှုအတွက် ဘုရားသခင်သည် ထိုမြို့ကို တရားစီရင်တော်မူပြီ။ Ver Capítulo |
အို မိုးကောင်းကင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပြီဖြစ်၍ ရွှင်လန်းစွာသီချင်းဆိုလော့။ မြေကြီး၏နက်ရှိုင်းသောအရပ်တို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အို တောင်တို့၊ ဟစ်ကြော်ကြလော့။ တောနှင့်တကွ သစ်ပင်အပေါင်းတို့၊ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ အစ္စရေးလူမျိုး၌ ဘုန်းထင်ရှားတော်မူပြီ။