သူသည်စွန့်ကြဲ၍ နွမ်းပါးသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝရတည်၏။ သူ၏ဦးချိုသည် ဘုန်းအသရေရှိစွာ ချီးမြှောက်ခြင်းကိုခံရလိမ့်မည်။
ဆာလံ 148:14 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မိမိ၏လူမျိုးတော်အတွက် ဦးချိုကိုချီးမြှောက်တော်မူ၏။ ၎င်းသည် မိမိ၏သန့်ရှင်းသူအားလုံးအတွက်၊ မိမိအနီးတွင်ရှိသည့်လူမျိုးတည်းဟူသော အစ္စရေးအမျိုးသားတို့အတွက် ချီးမွမ်းရာဖြစ်၏။ ဟာလေလုယ။ Common Language Bible ကိုယ်တော်သည်မိမိ၏လူစုတော်၊ မိမိချစ်မြတ်နိုးတော်မူလှသည့်ဣသရေလ အမျိုးသားတို့အား ခွန်အားကြီးမားစေတော်မူသဖြင့်ထိုသူ တို့သည် ကိုယ်တော်အားထောမနာပြုကြ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။ Garrad Bible အ ပါး တော် ၌ ရှိ နေ ရ သော လူ မျိုး၊ ဣ သ ရေ လ အ မျိုး သား ဖြစ် သူ၊ ကိုယ် တော် ကို ကြည် ညို သူ အ ပေါင်း တို့ ၏ သ ဒ္ဓိ တင် ရာ ဖြစ် သော ဦး ချို ကို၊ ချီး မြင့် တော် မူ ၏။ ဟာ လေ လု ယ။ Judson Bible မိမိလူစုတို့၏ဦးချိုကို ချီးမြှင့်တော်မူသဖြင့်၊ အနီးတော်၌ရှိသောလူစု၊ ဣသရေလအမျိုးသားတည်းဟူသော မိမိသန့်ရှင်းသူအပေါင်းတို့၏ ချီးမွမ်းရာဖြစ်တော်မူ၏။ ဟာလေလုယ။ |
သူသည်စွန့်ကြဲ၍ နွမ်းပါးသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝရတည်၏။ သူ၏ဦးချိုသည် ဘုန်းအသရေရှိစွာ ချီးမြှောက်ခြင်းကိုခံရလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်ပြုလုပ်ဖန်ဆင်းသောအရာရှိသမျှတို့သည် ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းကြပါလိမ့်မည်။ ကိုယ်တော်၏သန့်ရှင်းသူအပေါင်းတို့သည်လည်း ကိုယ်တော်ကို ကောင်းချီးထောမနာပြုကြပါလိမ့်မည်။
ရေးသားထားသောတရားစီရင်ချက်ကို ထိုသူတို့အပေါ် သက်ရောက်စေရန်လည်းကောင်းဖြစ်၏။ ဤသည်ကား ကိုယ်တော်၏သန့်ရှင်းသူအပေါင်းတို့၌ရှိသော ခန့်ညားထည်ဝါမှုဖြစ်၏။ ဟာလေလုယ။
“ဆိုးယုတ်သောသူတို့၏ဦးချိုရှိသမျှတို့ကို ငါပိုင်းဖြတ်မည်။ ဖြောင့်မတ်သောသူတို့၏ဦးချိုသည် ချီးမြှောက်ခြင်းခံရလိမ့်မည်။”
အကြောင်းမူကား ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ဂုဏ်ကျက်သရေဖြစ်တော်မူ၏။ အကျွန်ုပ်တို့၏ဦးချိုသည် ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ချီးမြှောက်ခြင်းခံရပါ၏။
အကြောင်းမူကား အကျွန်ုပ်တို့၏ဒိုင်းလွှားသည် ထာဝရဘုရား၏ပိုင်ဆိုင်တော်မူရာဖြစ်၏။ အကျွန်ုပ်တို့၏ရှင်ဘုရင်သည်လည်း အစ္စရေး၏သန့်ရှင်းသောအရှင်၏ ပိုင်ဆိုင်တော်မူရာဖြစ်၏။
ကိုယ်တော်သည် အကျွန်ုပ်၏ဦးချိုကို နွားရိုင်းဦးချိုကဲ့သို့ချီးမြှောက်၍ သန့်စင်ကောင်းမွန်သောဆီဖြင့် အကျွန်ုပ်ကို ဘိသိက်ပေးတော်မူ၏။
အို ထာဝရဘုရား အကျွန်ုပ်ကို ကျန်းမာစေတော်မူပါ။ သို့မှသာ အကျွန်ုပ် ကျန်းမာပါလိမ့်မည်။ အကျွန်ုပ်ကိုကယ်တော်မူပါ။ သို့မှသာ အကျွန်ုပ် ကယ်တင်ခြင်းခံရပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်၏ချီးမွမ်းရာဖြစ်တော်မူပါ၏။
သို့သော် တစ်ချိန်က ဝေးကွာလျက်ရှိခဲ့သောသင်တို့သည် ယခုအခါ ခရစ်တော်ယေရှု၌ ခရစ်တော်၏သွေးတော်အားဖြင့် အနီးသို့ရောက်ရကြပြီ။
ထို့နောက် ကိုယ်တော်သည် ကြွလာတော်မူ၍ အဝေး၌ရှိသောသင်တို့ကိုလည်းကောင်း၊ အနီး၌ရှိသောသူတို့ကိုလည်းကောင်း သင့်မြတ်ငြိမ်းချမ်းခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူ၏။
ထို့ကြောင့် သင်တို့သည် လူမျိုးခြားများနှင့်သူစိမ်းဧည့်သည်များမဟုတ်တော့ဘဲ သန့်ရှင်းသူတို့နှင့်တစ်မျိုးသားတည်းဖြစ်ကြပြီး ဘုရားသခင်၏အိမ်သူအိမ်သားများဖြစ်ကြ၏။
သင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည့် ကြောက်မက်ဖွယ်ကောင်းသောအမှုကြီးများကို သင့်အတွက်ပြုတော်မူသောအရှင်သည် သင်ချီးမွမ်းရာ သင်၏ဘုရားသခင်ဖြစ်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ငါတို့ခေါ်သောအခါတိုင်း ကိုယ်တော်သည် ငါတို့အနီး၌ရှိတော်မူသကဲ့သို့ အနီး၌ရှိတော်မူသောဘုရားသည် မည်သည့်လူမျိုးကြီး၌ရှိသနည်း။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
ထို့နောက် ဟန္နက “အကျွန်ုပ်၏စိတ်နှလုံးသည် ထာဝရဘုရား၌ ရွှင်လန်း၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ဦးချိုကို ချီးမြှောက်တော်မူပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်ကို ကယ်တင်တော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ဝမ်းမြောက်လျက် ရန်သူတို့ကို အားရစွာချေပပြောဆိုနိုင်ပါပြီ။