ဆာလံ 112:9 - မြန်မာ့စံမီသမ္မာကျမ်း9 သူသည်စွန့်ကြဲ၍ နွမ်းပါးသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝရတည်၏။ သူ၏ဦးချိုသည် ဘုန်းအသရေရှိစွာ ချီးမြှောက်ခြင်းကိုခံရလိမ့်မည်။ Ver CapítuloCommon Language Bible9 သူသည်ချို့တဲ့နွမ်းပါးသူတို့ကိုရက်ရောစွာ ပေးကမ်းတတ်၏။ သူသည်အစဉ်သနားကြင်နာတတ်၏။ သူသည်တန်ခိုးကြီး၍ရိုသေလေးစားမှုကို ခံရလိမ့်မည်။ Ver CapítuloGarrad Bible9 သူ သည် စွန့် ကြဲ ပြီ။ နွမ်း ပါး သူ တို့ အား ပေး ကမ်း ပြီ။ သူ့ ဖြောင့် မတ် ခြင်း သည်၊ ကာ လ အ စဉ် တည်၍၊ ဦး ချို သည်၊ ဂုဏ် အ သ ရေ နှင့် ချီး မြှောက် ခံ ရ လိမ့် မည်။ Ver CapítuloJudson Bible9 သူသည် စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အားပေးကမ်းပြီ။ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲ တည်တတ်၏။ သူ၏ဦးချိုသည် ဂုဏ်အသရေနှင့် ချီးမြှင့်ခြင်းရှိလိမ့်မည်။ Ver Capítulo |
အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။