La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဂ​လာ​တိ 5:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လွတ်လပ်​မှု​ကို​ရရှိ​စေရန် ခရစ်တော်​သည် ငါ​တို့​ကို လွတ်မြောက်​စေ​တော်မူ​ပြီ။ ထို့ကြောင့် ခိုင်မြဲ​စွာ​ရပ်တည်​လျက် ကျွန်​ထမ်းပိုး​တွင် နောက်တစ်ဖန် ချည်နှောင်​ခြင်း​မ​ခံ​ကြ​နှင့်။

Ver Capítulo

Common Language Bible

ခ​ရစ်​တော်​သည်​ငါ​တို့​အား ကျွန်​ဘ​ဝ​မှ​လွတ် မြောက်​စေ​တော်​မူ​ပြီ​ဖြစ်​၍ ငါ​တို့​သည်​ကျွန် မ​ဟုတ်​ကြ။ သို့​ဖြစ်​၍​လွတ်​လပ်​သူ​များ​အ​ဖြစ် နှင့်​ရပ်​တည်​ကြ​လော့။ နောက်​တစ်​ဖန်​ကျွန်​မ​ဖြစ် ကြ​နှင့်။

Ver Capítulo

Garrad Bible

ခ ရစ် တော် ပေး တော် မူ သော လွတ် ခွင့် ရ သူ ဖြစ် သည် နှင့် အ ညီ၊ ကျွန် ထမ်း ပိုး အောက် ပြန် မ လျိုး ဘဲ တည် ကြည် စွာ နေ ကြ လော့။

Ver Capítulo

Judson Bible

ထို​ကြောင့် ခ​ရစ်​တော်​သည် ငါ​တို့​ကို လွှတ်​တော်​မူ​သော လွှတ်​ခြင်း​အ​ခွင့်၌ တည်​နေ​သ​ဖြင့်၊ ကျွန်​ခံ​ရာ ထမ်း​ပိုး​ကို​ထမ်း၍ ချည်​နှောင်​ခြင်း​ကို တစ်​ဖန် မ​ခံ​ကြ​နှင့်။

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ပညတ်တရား​မှ လွတ်လပ်ခွင့်​ရ​စေရန် ခရစ်တော်​သည် ကျွန်ုပ်တို့​ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများ​အဖြစ် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ ကျွန်​ထမ်းပိုး​ကို နောက်တစ်ဖန် မထမ်းကြနှင့်။

Ver Capítulo



ဂ​လာ​တိ 5:1
42 Referencias Cruzadas  

ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သော ရွှင်မြူး​ခြင်း​ကို အကျွန်ုပ်​အား ပြန်လည်ခံစား​စေ​၍ စေတနာထက်သန်​သော​ဝိညာဉ်​တော်​ဖြင့် အကျွန်ုပ်​ကို ထောက်မ​တော်မူ​ပါ​။


သမ္မာတရား​ကို​ဝယ်ယူ​လော့​။ မ​ရောင်း​နှင့်​။ ဉာဏ်ပညာ​၊ ဆုံးမပဲ့ပြင်​ခြင်း​နှင့် အသိဉာဏ်​ကို​လည်း ထိုနည်းတူ​ပြု​လော့​။


ဘုရားရှင်​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​တည်​တော်မူ​၏​။ အကြောင်းမူကား ဆင်းရဲသား​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရန် ထာဝရဘုရား​သည် ငါ့​ကို​ဘိသိက်ပေး​တော်မူ​ပြီ​။ စိတ်နှလုံး​ကြေကွဲ​သော​သူ​တို့​ကို ဖြေသိမ့်​ပေး​ရန်​၊ ဖမ်းဆီးချုပ်နှောင်​ခံရ​သူ​တို့​အား လွတ်မြောက်​ခြင်း​တရား​ကို​ဟောပြော​ရန်​၊ အကျဉ်းချ​ခံရ​သော​သူ​တို့​အား လွတ်ငြိမ်း​ခြင်း​တရား​ဟောပြော​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။


သူ​တို့​သည် လေးလံ​၍ ထမ်းရခက်​သော​ဝန်​များ​ကို ထုပ်ပိုး​လျက် လူ​တို့​၏​ပခုံး​ပေါ်​တင်​တတ်​ကြ​၏။ သူ​တို့​ကိုယ်တိုင်​က​မူ ၎င်း​တို့​ကို မိမိ​တို့​၏​လက်ဖျား​နှင့်​မျှ မ​ရွှေ့​လို​ကြ။


စပျစ်​ဝိုင်​အသစ်​ကို သားရေဘူး​အသစ်​၌​သာ ထည့်​ရ​၏။


သို့ဖြစ်လျှင် သင်​တို့​သည် ငါ​တို့​ဘိုးဘေး​များ​နှင့် ငါ​တို့​ကိုယ်တိုင်​လည်း မ​ထမ်း​နိုင်​သော​ထမ်းပိုး​ကို ထို​တပည့်​တော်​တို့​၏​လည်ပင်း​ပေါ်၌ တင်​ခြင်း​အားဖြင့် ဘုရားသခင်​ကို အဘယ်ကြောင့် စမ်းသပ်​ကြ​သနည်း။


အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ပညတ်​တရား​လက်အောက်​၌​မ​ရှိ​ဘဲ ကျေးဇူး​တော်​လက်အောက်​၌​ရှိ​ကြ​သည်​ဖြစ်၍ အပြစ်​တရား​သည် သင်​တို့​ကို အစိုးတရ​ပြု​လိမ့်မည်​မ​ဟုတ်။


အပြစ်​၏​လက်​မှ လွတ်မြောက်​ခွင့်​ရ​ပြီး ဖြောင့်မတ်​ခြင်း​၏​ကျွန်​ဖြစ်လာ​ကြ​သောကြောင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။


သို့ဖြစ်၍ ခင်ပွန်း​အသက်ရှင်​နေ​စဉ် အခြား​သော​ယောက်ျား​နှင့်​ပေါင်း​လျှင် ဖောက်ပြန်​သော​မိန်းမ​ဟု အခေါ်​ခံရ​လိမ့်မည်။ ခင်ပွန်း​သေဆုံး​လျှင်​မူကား ထို​ပညတ်​တရား​မှ ကင်းလွတ်​သည်​ဖြစ်​၍ အခြား​သော​ယောက်ျား​နှင့်​ပေါင်း​သော်လည်း ဖောက်ပြန်​သော​မိန်းမ​မ​ဟုတ်​ပေ။


သို့သော် ယခု​အခါ ငါ​တို့​သည် ငါ​တို့​ကို​ချုပ်နှောင်​ထား​သော​ပညတ်​တရား​အရာ​၌ သေဆုံး​ခဲ့​ပြီး ပညတ်​တရား​မှ ကင်းလွတ်​ခွင့်​ရ​ကြ​ပြီ​ဖြစ်၍ အက္ခရာတင်​ထား​သော​တရား​၏​နည်းလမ်း​ဟောင်း​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​၏​နည်းလမ်း​သစ်​အားဖြင့် အစေခံ​လျက်​ရှိ​ကြ​၏။


သင်​တို့​သည် ကြောက်ရွံ့​ခြင်း​သို့ တစ်ဖန်​ရောက်​စေ​သော ကျွန်​၏​ဝိညာဉ်​ကို​ခံယူ​ရရှိ​ကြ​သည်​မ​ဟုတ်​ဘဲ သားသမီး​အရာ​ကို​ပေး​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​၏။ ထို​ဝိညာဉ်​တော်​အားဖြင့် “အဗ္ဗ၊ အဖ”​ဟု ငါ​တို့​ခေါ်​ကြ​၏။


အကြောင်းမူကား ခရစ်တော်​ယေရှု​၌​ရှိ​သည့် အသက်ရှင်​ခြင်း​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​တရား​သည် အပြစ်​နှင့်​သေ​ခြင်း​တို့​နှင့်ဆိုင်သော​တရား​မှ သင့်​ကို​လွတ်မြောက်​စေ​ပြီ​ဖြစ်​၏။


ထို့ကြောင့် ငါ​ချစ်​သော​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌ သင်​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​သည် အချည်းနှီး​မ​ဖြစ်​ကြောင်း​သိမှတ်​၍ ခိုင်မြဲ​စွာ​ရပ်တည်​လျက် ဖောက်ပြန်​ရွေ့လျော​ခြင်း​မ​ရှိ​ဘဲ သခင်​ဘုရား​၏​အမှု​တော်​ကို အစဉ်အမြဲ စွမ်းစွမ်းတမံ​ဆောင်ရွက်​ကြ​လော့။


သတိ​ဝီရိယ​ရှိ​ကြ​လော့။ ယုံကြည်​ခြင်း​၌ ခိုင်မြဲ​စွာ​ရပ်တည်​ကြ​လော့။ ရဲစွမ်းသတ္တိ​ရှိ​ကြ​လော့။ ကြံ့ခိုင်​သန်စွမ်း​ကြ​လော့။


အကြောင်းမူကား ကျွန်​ဖြစ်​စဉ် သခင်​ဘုရား​၌ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​သည် သခင်​ဘုရား​အားဖြင့်​လွတ်လပ်​ခွင့်​ရ​သူ​ဖြစ်​၏။ ထိုနည်းတူ လွတ်လပ်​သူ​ဖြစ်စဉ် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​သည် ခရစ်တော်​၏​ကျွန်​ဖြစ်​၏။


တစ်စုံတစ်ယောက်​သည် သင်​တို့​ကို ကျွန်​ပြု​သည်​ဖြစ်စေ၊ အခွင့်ကောင်း​ယူ​သည်​ဖြစ်စေ၊ လုယူ​သည်​ဖြစ်စေ၊ အထင်အမြင်သေး​သည်​ဖြစ်စေ၊ ပါး​ရိုက်​သည်​ဖြစ်စေ သင်​တို့​သည် သည်းခံ​ကြ​၏။


သခင်​ဘုရား​သည် ဝိညာဉ်​တော်​ဖြစ်​၏။ သခင်​ဘုရား​၏​ဝိညာဉ်​တော်​ရှိ​ရာ​အရပ်​၌ လွတ်လပ်​မှု​ရှိ​၏။


ဤသို့​ဆို​ရ​ခြင်းမှာ လျှို့ဝှက်​စွာ​ဝင်လာ​သော ညီအစ်ကို​အတုအယောင်​များ​ရှိ​ကြ​သောကြောင့်​ဖြစ်​၏။ ထို​သူ​တို့​သည် ငါ​တို့​ကို ကျွန်ခံ​စေ​လို​၍ ခရစ်တော်​ယေရှု​အားဖြင့် ငါ​တို့​ရရှိ​သော ငါ​တို့​၏​လွတ်လပ်​ခြင်း​ကို​စုံစမ်း​ရန် ဝင်ရောက်​လာ​ကြ​၏။


သို့သော် ယုံကြည်​ခြင်း​တရား​ရောက်လာ​ပြီ​ဖြစ်၍ ငါ​တို့​သည် အုပ်ထိန်း​သူ​၏​လက်အောက်​၌ မ​ရှိ​ကြ​တော့​ပေ။


သို့သော် အထက်​အရပ်​တွင်​ရှိ​သော ဂျေရုဆလင်​မြို့​သည် လွတ်လပ်​သော​မိန်းမ​ဖြစ်၍ ၎င်း​သည် ငါ​တို့​၏​အမိ​ဖြစ်​၏။


သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​တို့​သည် ကျွန်​မ​၏​သားသမီး​များ​မ​ဟုတ်​ဘဲ လွတ်လပ်​သော​မိန်းမ​၏​သားသမီး​များ​ဖြစ်​ကြ​၏။


ယခု​မူကား သင်​တို့​သည် ဘုရားသခင်​ကို​သိ​ကြ​၏။ တစ်နည်းဆိုရလျှင် ဘုရားသခင်​သည် သင်​တို့​ကို​သိ​တော်မူ​၏။ သို့ဖြစ်လျှင် အားနည်း​၍ ချမ်းသာ​မ​ပေး​နိုင်​သော​အခြေခံ​တရား​ဘက်​သို့ အဘယ်ကြောင့် ပြန်လှည့်​၍ ထို​အခြေခံ​တရား​ထံ အသစ်တစ်ဖန် ပြန်၍​ကျွန်ခံ​လို​ကြ​သနည်း။


ညီအစ်ကို​တို့၊ သင်​တို့​သည် လွတ်လပ်​မှု​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​ကြ​၏။ သို့သော် ထို​လွတ်လပ်​မှု​ကို သွေးသား​ဇာတိ​အတွက် အခွင့်အရေး​တစ်​ခု​အနေဖြင့် မ​သုံး​ဘဲ မေတ္တာ​အားဖြင့် အချင်းချင်း​အစေခံ​ကြ​လော့။


သို့ဖြစ်၍ သမ္မာတရား​ဖြင့် သင်​တို့​ခါး​ကို​စည်း​လျက် ဖြောင့်မတ်​ခြင်း​ရင်အုပ်​တန်ဆာ​ကို ဝတ်ဆင်​ကာ


မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​နှင့်​ထိုက်တန်​စွာ ပြုမူ​နေထိုင်​ကြ​လော့။ ဤသည်ကား သင်​တို့​သည် ဝိညာဉ်​တစ်ပါးတည်း​၌ ခိုင်မြဲ​စွာ​ရပ်တည်​လျက် တစ်စိတ်​တစ်သဘောတည်း​ဖြင့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် ယုံကြည်​ခြင်း​အတွက် အတူတကွ​ကြိုးစား​လုပ်ဆောင်​ကာ ဆန့်ကျင်​သူ​များ​ကြောင့် မည်သည့်​အရာ​၌​မျှ ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြောင်း​ကို ငါ​သည် သင်​တို့​နှင့်​လာ​၍​တွေ့ဆုံ​သည်​ဖြစ်စေ၊ ကွဲကွာ​နေ​သည်​ဖြစ်စေ၊ သင်​တို့​နှင့်​ပတ်သက်၍ ကြားသိ​နိုင်​ရန်​ဖြစ်​၏။


သင်​တို့​သည် သခင်​ဘုရား​၌​ခိုင်မြဲ​စွာ​ရပ်တည်​လျှင် ယခု ငါ​တို့​အသက်ရှင်​နိုင်​၏။


ထို့ကြောင့် ညီအစ်ကို​တို့၊ ခိုင်မြဲ​စွာ​ရပ်တည်​လျက် ငါ​တို့​၏​စကား​အားဖြင့်​ဖြစ်စေ၊ စာ​အားဖြင့်​ဖြစ်စေ သင်​တို့​သင်ယူ​ထား​သော​ဓလေ့​ထုံးတမ်း​ကို စွဲကိုင်​ထား​ကြ​လော့။


ကတိ​ပေး​တော်မူ​သော​အရှင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​သည်​ဖြစ်၍ ယိမ်းယိုင်​ခြင်း​မ​ရှိ​ဘဲ ငါ​တို့​ဝန်ခံ​သော​မျှော်လင့်​ခြင်း​ကို စွဲကိုင်​ထား​ကြ​ကုန်စို့။


အကြောင်းမူကား ငါ​တို့​သည် အစ​၌​ရှိ​သော​စိတ်ချ​မှု​ကို အဆုံး​တိုင်အောင် ခိုင်မြဲ​စွာ​စွဲကိုင်​ထား​လျှင် ခရစ်တော်​နှင့်​စပ်ဆိုင်​သော​သူ​များ​ဖြစ်​ကြ​၏။


ခရစ်တော်​မူကား သား​တော်​အဖြစ် ဘုရားသခင်​၏​အိမ်​တော်​အပေါ်​သစ္စာရှိ​တော်မူ​၏။ ငါ​တို့​သည် ယုံကြည်​စိတ်ချ​ခြင်း​နှင့် မျှော်လင့်​ခြင်း​၌​ဂုဏ်ယူ​ဝါကြွား​ခြင်း​တို့​ကို စွဲကိုင်​ထား​လျှင် ဘုရားသခင်​၏​အိမ်​တော်​ဖြစ်​ကြ​၏။


ထို့ကြောင့် ကောင်းကင်​တို့​ကို​ဖြတ်​၍​ကြွ​တော်မူ​သည့် ကြီးမြတ်​သော ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ဘုရားသခင်​၏​သား​တော်​ယေရှု​သည် ငါ​တို့​၌​ရှိ​တော်မူ​သည်​ဖြစ်၍ ငါ​တို့​ယုံကြည်​ဝန်ခံ​သော​အရာ​ကို စွဲကိုင်​ထား​ကြ​ကုန်​စို့။


လွတ်လပ်​သော​သူ​များ​အဖြစ် အသက်ရှင်​နေထိုင်​ကြ​လော့။ သို့သော် ထို​လွတ်လပ်​ခြင်း​ကို မကောင်းမှု​ပြု​ရန် ဆင်ခြေဆင်လက်​အဖြစ် အသုံး​မ​ပြု​ဘဲ ဘုရားသခင်​၏​အစေအပါး​အဖြစ် အသုံးပြု​ကြ​လော့။


သူ​တို့​သည် ထို​သူ​တို့​အား လွတ်လပ်​မှု​ကို​ပေး​မည်​ဟု ကတိ​ပေး​လျက်​နှင့် သူ​တို့​ကိုယ်တိုင်​သည် ပျက်စီး​ခြင်း​၏​ကျေးကျွန်​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား လူ​သည် တစ်စုံတစ်ခု​၏​အနိုင်ယူ​စိုးမိုး​ခြင်း​ကို​ခံရ​လျှင် ထို​အရာ​၏​ကျေးကျွန်​ဖြစ်​၏။


ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​အားလုံး​နှင့်ဆိုင်သော​ကယ်တင်​ခြင်း​အကြောင်း​ကို သင်​တို့​ထံ​ရေးသား​ပေးပို့​ရန် အလွန်​ကြိုးစား​လျက်​နေ​စဉ်​မှာ​ပင် သန့်ရှင်း​သူ​တို့​ထံ တစ်ကြိမ်တည်း​နှင့်အပြီး​ပေးအပ်​တော်မူ​သော​ယုံကြည်​ခြင်း​အတွက် ကြိုးစား​တိုက်ခိုက်​ကြ​မည့်​အကြောင်း သင်​တို့​အား စာ​ရေး​၍​တိုက်တွန်း​နှိုးဆော်​ရန် လိုအပ်​သည်​ဟု ငါ​တွေ့​ရ​၏။


သင်​တို့​၌​ရှိ​သော​အရာ​ကို​သာ ငါ​ကြွလာ​သည့်​တိုင်အောင် စွဲကိုင်​ထား​ကြ​လော့။


ထို့ကြောင့် သင်​သည် မည်သို့​ခံယူ​၍ ကြားနာ​ခဲ့​သည်​ကို သတိရ​လျက် ထို​အရာ​တို့​ကို​စောင့်ထိန်း​လော့။ နောင်တရ​လော့။ သင်​သည် သတိ​နှင့်​စောင့်​နေ​ခြင်း​မ​ရှိ​ပါက သူခိုး​ကဲ့သို့ ငါ​လာ​မည်​ဖြစ်၍ မည်သည့်​အချိန်​၌ သင့်​ထံသို့​ငါ​လာ​မည်​ကို သင်​လုံးဝ​သိ​လိမ့်မည်​မ​ဟုတ်။