ရောမ 6:14 - မြန်မာ့စံမီသမ္မာကျမ်း14 အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပညတ်တရားလက်အောက်၌မရှိဘဲ ကျေးဇူးတော်လက်အောက်၌ရှိကြသည်ဖြစ်၍ အပြစ်တရားသည် သင်တို့ကို အစိုးတရပြုလိမ့်မည်မဟုတ်။ Ver CapítuloCommon Language Bible14 အပြစ်တရားသည်သင်တို့အားအစိုးမရစေ နှင့်။ အဘယ်ကြောင့်ဆိုသော်သင်တို့သည်ပညတ် တရားလက်အောက်၌မရှိ။ ဘုရားသခင်၏ ကျေးဇူးတရားလက်အောက်၌ရှိကြသော ကြောင့်တည်း။ Ver CapítuloGarrad Bible14 သင် တို့ သည် ပ ညတ် တ ရား အောက်၌ မ ဟုတ်။ ကျေး ဇူး တ ရား အောက်၌ ရှိ နေ ကြ သည့် အ လျောက် ကိုယ့် အ ပေါ် တွင် အ ပြစ် တ ရား မ အုပ် စိုး ရ။ Ver CapítuloJudson Bible14 ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက် ဖြစ်စေ၍၊ ဘုရားသခင်အား ဆက်ကြလော့။ သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း14 သင်တို့သည် ပညတ်တရား၏ လက်အောက်၌ အသက်မရှင်တော့ဘဲ ဘုရားသခင့်ကျေးဇူးတရား၏ လွပ်လပ်မှုအောက်တွင် အသက်ရှင်သဖြင့် အပြစ်တရားသည် သင်တို့၏ အရှင်သခင်မဟုတ်တော့ပေ။ Ver Capítulo |
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
အကြောင်းမူကား တစ်ယောက်သောသူကျူးလွန်သည့်အပြစ်ကြောင့် သေခြင်းသည် ထိုသူတစ်ယောက်အားဖြင့် စိုးမိုးခဲ့လျှင် ကျေးဇူးတော်နှင့်ဖြောင့်မတ်ခြင်း၏ကောင်းချီးလက်ဆောင်ကို ကြွယ်ဝစွာခံစားရသောသူတို့သည် တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်တော်အားဖြင့် အသက်ရှင်ခြင်း၌ ပို၍ပင် စိုးမိုးရကြလိမ့်မည်။