သင်တို့၏အငယ်ဆုံးညီကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ရမည်။ သို့ပြုလျှင် သင်တို့၏စကားမှန်ကန်ကြောင်းအတည်ပြုမည်။ သင်တို့ သေရမည်မဟုတ်”ဟု ဆို၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
ကမ္ဘာဦး 44:2 - မြန်မာ့စံမီသမ္မာကျမ်း အငယ်ဆုံး၏အိတ်ဝ၌ စားနပ်ရိက္ခာဝယ်ယူသည့်ငွေနှင့်တကွ ငါ့ငွေခွက်ကို ထည့်လိုက်လော့”ဟု မိန့်မှာ၏။ အိမ်ထိန်းသည် ယောသပ်မိန့်ဆိုသည့်စကားအတိုင်းပြုလေ၏။ Common Language Bible အငယ်ဆုံးသောသူ၏အိတ်ဝတွင်ငါ၏ဖလားနှင့် သူ၏စပါးဖိုးငွေကိုထည့်ပေးလော့'' ဟုအမိန့် ပေး၏။ အိမ်တော်ဝန်သည်ယောသပ်မိန့်မှာသည့် အတိုင်းဆောင်ရွက်လေ၏။- Garrad Bible အ ငယ် ဆုံး သော သူ၏ အိတ် ဝ တွင် စ ပါး ဖိုး ငွေ နှင့် ငါ့ ငွေ ဖ လား ကို လည်း ကောင်း၊ ထည့် လိုက် လော့ ဟု အိမ် အုပ် ဘ ဏ္ဍာ စိုး အား မှာ ထား သည့် အ တိုင်း ပြု ပြီး မှ၊ Judson Bible စပါးအဖိုးငွေနှင့် ငါ့ငွေဖလားကို၊ အငယ်ဆုံးသောသူ၏အိတ်ဝတွင်လည်းကောင်း ထည့်ထားလော့ဟု မှာသည်အတိုင်း ဝန်စာရေးပြုလေ၏။ |
သင်တို့၏အငယ်ဆုံးညီကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ရမည်။ သို့ပြုလျှင် သင်တို့၏စကားမှန်ကန်ကြောင်းအတည်ပြုမည်။ သင်တို့ သေရမည်မဟုတ်”ဟု ဆို၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
ထို့နောက် သူတို့၏အိတ်များထဲ၌ ဂျုံစပါးအပြည့်ဖြည့်၍ သူတို့၏ငွေများကိုလည်း သူတို့၏အိတ်အသီးသီး၌ ပြန်ထည့်ပေးရန်နှင့် သူတို့အား လမ်းခရီးအတွက်စားနပ်ရိက္ခာထည့်ပေးရန် ယောသပ်အမိန့်ပေးသည့်အတိုင်း သူတို့အတွက် ပြုပေးလေ၏။
ထိုအခါ ယောသပ်အတွက်တစ်ပွဲ၊ ယောသပ်၏ညီအစ်ကိုတို့အတွက်တစ်ပွဲ၊ ယောသပ်နှင့်အတူစားသောအီဂျစ်လူမျိုးတို့အတွက်တစ်ပွဲ သီးသန့်စီပြင်ဆင်ကြ၏။ အကြောင်းမှာ အီဂျစ်လူမျိုးတို့သည် ဟေဗြဲလူမျိုးတို့နှင့်အတူ အစားအစာမစားရ။ အတူတူစားခြင်းသည် အီဂျစ်လူမျိုးတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ထို့နောက် ယောသပ်သည် မိမိ၏အိမ်ထိန်းအား “သူတို့အိတ်များထဲ၌ သူတို့သယ်နိုင်သမျှအစားအစာကို အပြည့်ဖြည့်လော့။ သူတို့အသီးသီး၏ငွေကိုလည်း သူတို့အိတ်ဝ၌ပြန်ထည့်ပေးလော့။
အိမ်ထိန်းသည်လည်း အကြီးဆုံးမှစ၍ အငယ်ဆုံးတိုင်အောင်ရှာဖွေရာ ဗင်္ယာမိန်၏အိတ်ထဲ၌ ခွက်ကိုတွေ့လေ၏။
နားထောင်ကြလော့။ ဝံပုလွေများထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေကဲ့သို့လိမ္မာပါးနပ်လျက် ချိုးငှက်ကဲ့သို့ရိုးသားဖြူစင်ကြလော့။
ထိုသို့ဆိုသော် ပညတ်ချက်အနေဖြင့် ငါဆိုသည်မဟုတ်။ အခြားသူတို့၏စိတ်အားထက်သန်မှုအားဖြင့် သင်တို့ချစ်ခြင်းမေတ္တာ၏စစ်မှန်မှုကို စစ်ဆေးနေခြင်းသာဖြစ်၏။
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ သူ၏စကားတို့ကို နားမထောင်နှင့်။ အကြောင်းမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ချစ်သည်၊ မချစ်သည်ကိုသိရှိတော်မူရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို စမ်းသပ်တော်မူ၏။
သင့်ဘိုးဘေးတို့မသိသောမန္နမုန့်ဖြင့် တောကန္တာရ၌ သင့်ကိုကျွေးမွေးတော်မူသောအရှင်၊ နောက်ဆုံး၌ သင့်ကိုကောင်းစားစေမည့်အကြောင်း သင့်ကိုနှိမ့်ချခြင်းဖြင့် စမ်းသပ်တော်မူခဲ့သောအရှင်ဖြစ်တော်မူသည့် သင်၏ဘုရားသခင်ထာဝရဘုရားကို သင်မေ့လျော့လိမ့်မည်။
ဤအနှစ်လေးဆယ်ပတ်လုံး တောကန္တာရတွင် ပို့ဆောင်တော်မူခဲ့သည့် လမ်းခရီးတစ်လျှောက်ကို သင်တို့အောက်မေ့ရမည်။ ဤသည်မှာ ပညတ်တော်များကို သင်တို့စောင့်ထိန်းလိုစိတ်ရှိ၊ မရှိ သိမည့်အကြောင်းသင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုနှိမ့်ချတော်မူ၍ စမ်းသပ်တော်မူခဲ့ခြင်းဖြစ်၏။