Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 8:27 - မြန်မာ

27 ယေ​ရှု​သည် ကုန်း​ပေါ်​သို့ တက်​တော်​မူ​လျှင်၊ ကာ​လ​တာ​ရှည်​စွာ နတ်​ဆိုး​စွဲ​သ​ဖြင့် အ​ဝတ်​ကို​မ​ဝတ်၊ အိမ်၌​မ​နေ၊ သင်္ချိုင်း​တ​စ​ပြင်၌​နေ​တတ်​သော ဂါ​ဒ​ရ​ပြည်​သား​တစ်​ယောက်​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို ပြု​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 ကိုယ်​တော်​သည်​ကမ်း​ပေါ်​သို့​တက်​သော​အ​ခါ မြို့​သား​တစ်​ဦး​သည်​ကိုယ်​တော်​ကို​လာ​ရောက် တွေ့​ဆုံ​၏။ ထို​သူ​ကို​နတ်​မိစ္ဆာ​ပူး​ကပ်​နေ​သည် မှာ​ကာ​လ​ကြာ​လေ​ပြီ။ သူ​သည်​အ​ဝတ်​ကို မ​ဝတ်၊ အိမ်​တွင်​လည်း​မ​နေ၊ သင်္ချိုင်း​ဂူ​များ တွင်​သာ​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 ကုန်း ပေါ် သို့ တက် ကြွ တော် မူ ခိုက် နတ် အ များ ပူး၍ ကာ လ ရှည် စွာ အ ဝတ် မ ကပ် ဘဲ အိမ် တွင် မ နေ၊ သင်္ချိုင်း ဂူ များ တွင် သာ နေ ထိုင် သော ထို မြို့ သား တစ် ယောက် ဆီး ကြို လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ယေ​ရှု​သည် ကုန်း​ပေါ်​သို့ တက်​တော်​မူ​လျှင်၊ ကာ​လ​တာ​ရှည်​စွာ နတ်​ဆိုး​စွဲ​သ​ဖြင့် အ​ဝတ်​ကို​မ​ဝတ်၊ အိမ်၌​မ​နေ၊ သင်္ချိုင်း​တ​စ​ပြင်၌​နေ​တတ်​သော ဂါ​ဒ​ရ​ပြည်​သား​တစ်​ယောက်​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို ပြု​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ကိုယ်တော်​သည် ကမ်း​ပေါ်သို့​တက်​တော်မူ​သောအခါ နတ်ဆိုး​များ​ပူး​သဖြင့် ကာလ​အတန်ကြာ အဝတ်​လည်း​မ​ဝတ်၊ အိမ်​၌​လည်း​မ​နေ​ဘဲ သင်္ချိုင်း​၌​နေ​တတ်​သော ထို​မြို့​မှ​လူ​တစ်​ဦး​သည် ကိုယ်တော်​ကို​ဆီးကြို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 ယေရှု​သည် ကမ်း​ပေါ်​သို့ ကြွတော်မူ​သောအခါ နတ်ဆိုးပူးသော​မြို့သား​တစ်ဦး​သည် ယေရှု​နှင့် တွေ့​ရန်​လာ၏။ ထို​သူ​သည် နှစ်ပေါင်း​များစွာ အိမ်​တွင်​မနေဘဲ အဝတ်​ဗလာ​နှင့် သင်္ချိုင်းဂူများ​တွင် နေလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:27
8 ပူးပေါင်းရင်းမြစ်များ  

သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။


အ​ထံ​တော်​သို့ ရောက်​သော​အ​ခါ၊ နတ်​ဆိုး လေ​ဂေါင်​စွဲ​သော​သူ​သည် အ​ဝတ်​ကို​ဝတ်၍ ပ​က​တိ​စိတ်​နှင့် ထိုင်​နေ​သည်​ကို မြင်​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​ကြ၏။-


ဂါ​လိ​လဲ​ပြည်​နှင့် အိုင်​တစ်​ဖက်​ဖြစ်​သော ဂါ​ဒ​ရ​ပြည်​သို့ ရောက်​ကြ၍၊-


ကိုယ်​တော်​ကို​မြင်​လျှင် ပျပ်​ဝပ်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ