Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 22:70 - မြန်မာ

70 ထို​သူ​အ​ပေါင်း​တို့​က၊ သို့​ဖြစ်၍ သင်​သည် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​သည်​တ​ကား​ဟု ဆို​ကြ​လျှင်၊ သင်​တို့​ဆို​သည်​အ​တိုင်း​မှန်​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

70 ထို​သူ​တို့​က ``သို့​ဖြစ်​ပါ​မူ​သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​ပါ​သ​လော'' ဟု​မေး ကြ​၏။ ကိုယ်​တော်​က ``ငါ​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​သည်​ဟု​သင်​တို့​ပင်​ဆို​ချေ သည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

70 ထို အ ခါ ရှိ သ မျှ တို့ က သို့ ဖြစ် လျှင် သင် သည် ဘု ရား သ ခင့် သား တော် လော ဟု မေး ကြ သော် သင် တို့ ဆို ကြ သည့် အ တိုင်း ငါ ဖြစ် သည် ဟု မိန့် တော် မူ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

70 ထို​သူ​အ​ပေါင်း​တို့​က၊ သို့​ဖြစ်၍ သင်​သည် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​သည်​တ​ကား​ဟု ဆို​ကြ​လျှင်၊ သင်​တို့​ဆို​သည်​အ​တိုင်း​မှန်​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

70 ထိုအခါ ထို​သူ​အပေါင်း​တို့​က “သို့ဖြစ်လျှင် သင်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သလော”​ဟု ဆို​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​ဆို​သည့်​အတိုင်း ငါ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

70 ထိုအခါ သူတို့​အားလုံး​က “သို့ဖြစ်လျှင် သင်​သည် ဘုရား​သား​ဖြစ်သလော” ဟု မေးကြ၏။ ယေရှု​က “သင်တို့​ဆိုသည့်​အတိုင်း မှန်သည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 22:70
20 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ကို အပ်​နှံ​မည့်​သူ ယု​ဒ​ရှ​ကာ​ရုတ်​က​လည်း၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​လော​ဟု မေး​လျှောက်​လျှင်၊ သင်​ဆို​သည်​အ​တိုင်း မှန်​သည်​ဟု ပြန်​ပြော​တော်​မူ၏။


ယေ​ရှု​က၊ သင်​ဆို​သည်​အ​တိုင်း မှန်၏။ ထို​မျှ​မ​က ငါ​ဆို​သည်​ကား၊ နောင်​ကာ​လ၌ လူ​သား​သည် တန်​ခိုး​တော်၏ လက်​ယာ​ဘက်၌​ထိုင်​လျက် မိုး​တိမ်​ကို​စီး၍ ကြွ​လာ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​သည် မြို့​ဝန်​မင်း​ရှေ့​သို့ ရောက်​တော်​မူ​သည်​ရှိ​သော် မြို့​ဝန်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု မေး​လျှင်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။-


သူ​သည် ဘု​ရား​သ​ခင်​ကို ကိုး​စား​ပြီ။ ငါ​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်၏​ဟု ဆို​ပြီ။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​သည် သူ၌ အ​လို​တော်​ရှိ​လျှင် ယ​ခု​ပင် ကယ်​တင်​တော်​မူ​ပါ​လေ​စေ​ဟု ပြက်​ရယ်​ပြု၍ ပြော​ဆို​ကြ၏။-


ယေ​ရှု​ကို​စောင့်​သော တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​များ​တို့​သည် မြေ​ကြီး​လှုပ်​ခြင်း​စ​သည်​တို့​ကို မြင်​လျှင် အ​လွန်​ထိတ်​လန့်၍၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​ပေ၏​ဟု ဆို​ကြ၏။-


ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။


ထို​အ​ခါ စုံ​စမ်း​သွေး​ဆောင်​သော​သူ​သည် ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင်၊ ဤ​ကျောက်​ခဲ​တို့​ကို မုန့် ဖြစ်​စေ​ခြင်း​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-


ယေ​ရှု​က၊ မှန်၏။ နောင်​ကာ​လ၌ လူ​သား​သည် တန်​ခိုး​တော်၏​လက်​ယာ​ဘက်၌ ထိုင်​လျက်၊ မိုး​တိမ်​ကို စီး၍ ကြွ​လာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-


ပိ​လတ်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု ကိုယ်​တော်​ကို​မေး​လျှင်၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။-


ထို​သူ​တို့​က​လည်း၊ အ​ဘယ်​သက်​သေ လို​သေး​သ​နည်း။ သူ၏​စ​ကား​ကို ငါ​တို့​ကိုယ်​တိုင် ကြား​ရ​ပြီ​ဟု ဆို​ကြ၏။


ပိ​လတ်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင်​မှန်​သ​လော​ဟု ယေ​ရှု​ကို​မေး​လျှင်၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။-


နတ်​ဆိုး​တို့​လည်း၊ ကိုယ်​တော်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏​ဟု ဟစ်​ကြော်​လျက် လူ​များ​မှ ထွက်​သွား​ကြ၏။ ကိုယ်​တော်​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​သော​ကြောင့် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​စေ​ခြင်း​ငှာ မြစ်​တား​တော်​မူ၏။


ငါ​သည်​မြင်၍ ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​သည်​ဟု ယော​ဟန်​ဆို​လေ၏။


အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏၊ ဣ​သ​ရေ​လ​လူ​တို့၏ ရှင်​ဘု​ရင်​လည်း ဖြစ်​တော်​မူ၏​ဟု နာ​သ​နေ​လ​လျှောက်​လေ၏။-


ငါ​သည် ငါ့​ခ​မည်း​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။


ခ​မည်း​တော်​သည်​သန့်​ရှင်း​စေ၍၊ ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သော​သူ​က၊ ငါ​သည်​ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​သည်​ဟု​ဆို​သော​ကြောင့်၊ သင်​သည် ဘု​ရား​သ​ခင်​ကို လွန်​ကျူး၍​ပြော​သည်​ဟု ထို​သူ​အား​ဆို​ရာ​သ​လော။-


ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် ရှင်​ဘု​ရင်​မှန်​သ​လော​ဟု မေး​သော်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း ငါ​သည်​ရှင်​ဘု​ရင်​မှန်၏။ သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ​ခြင်း​ငှာ ငါ​သည်​မွေး​ဖွား​ခြင်း​ကို​ခံ၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ သ​မ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သ​မျှ​သော သူ​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​သည်​ဟု မိန့်​တော်​မူ၏။-


ယု​ဒ​လူ​တို့​က၊ ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​ယောင်​ဆောင်​သော​ကြောင့် အ​ကျွန်ုပ်​တို့၌​ရှိ​သော ဓ​မ္မ​သတ်​အ​တိုင်း သေ​ထိုက်​ပါ​သည်​ဟု​လျှောက်​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ