Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 2:49 - မြန်မာ

49 ယေ​ရှု​က၊ မိ​ဘ​သည် အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ရှာ​ရ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည် အ​ဘ၏​အိမ်၌ နေ​ရ​သည်​ကို မ​သိ​ပါ​သ​လော​ဟု ပြော​ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

49 သူ​ငယ်​တော်​က ``အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​ကို​ရှာ ကြ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည်​ခ​မည်း​တော်​၏​အိမ် တွင်​ရှိ​နေ​ရ​မည်​ကို​မ​သိ​ကြ​ပါ​သ​လော'' ဟု ပြန်​ပြော​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

49 အ ဘယ် ကြောင့် ရှာ ကြ သ နည်း။ ခ မည်း တော်၏ ဗိ မာန် တွင် အ ကျွန်ုပ် ရှိ နေ သင့် ကြောင်း မ သိ ကြ လော ဟု ပြန် ၍ မေး တော် မူ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

49 ယေ​ရှု​က၊ မိ​ဘ​သည် အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ရှာ​ရ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည် အ​ဘ၏​အိမ်၌ နေ​ရ​သည်​ကို မ​သိ​ပါ​သ​လော​ဟု ပြော​ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

49 ယေရှု​က​လည်း“အဘယ်ကြောင့် အကျွန်ုပ်​ကို​ရှာ​ကြ​သနည်း။ အကျွန်ုပ်​သည် အကျွန်ုပ်​ခမည်းတော်​၏​အိမ်​၌​နေ​ရ​မည်​ကို မ​သိ​ကြ​သလော”​ဟု သူ​တို့​အား​ပြန်ပြော​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

49 ယေရှု​ကလည်း “အဘယ်ကြောင့် အကျွန်ုပ်​ကို ရှာကြသနည်း။ အကျွန်ုပ်​သည် ခမည်းတော်​၏​အိမ်တော်​၌ ရှိနေ​ရမည်​ကို မသိကြသလော” ဟု ပြန်ဖြေလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 2:49
11 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ ဗိ​မာန်​တော်၌​ရောင်း​ဝယ်​သော​သူ အ​ပေါင်း​တို့​ကို နှင်​ထုတ်၍၊ ငွေ​လဲ​သော​သူ​တို့၏ ခုံ​များ​ကို​လည်း​ကောင်း၊ ချိုး​ငှက်​ရောင်း​သော​သူ​တို့၏ ထိုင်​နေ​ရာ​ကို​လည်း​ကောင်း တွန်း​လှဲ​တော်​မူ​လျက်၊-


မိ​ဘ​တို့​သည် သား​ကို​မြင်​လျှင် မိန်း​မော​တွေ​ဝေ၍ မယ်​တော်​က၊ ငါ့​သား၊ အ​ဘယ်​ကြောင့် ငါ​တို့​အား ဤ​သို့ ပြု​သ​နည်း။ ညှိုး​ငယ်​ကြောင့်​ကြ​သော​စိတ်​နှင့် မိ​ဘ​တို့​သည် မောင်​ကို​ရှာ​ကြ​ပြီ​ဟု ဆို​သော်၊-


ယေ​ရှု​က၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​ကို​ဆောင်​ခြင်း၊ သူ၏​အ​မှု​တော်​ကို ပြီး​စီး​ခြင်း​အ​မှု​သည် ငါ့​စား​စ​ရာ​ဖြစ်၏။-


ယေ​ရှု​က​လည်း၊ ငါ့​ခ​မည်း​တော်​သည် ယ​ခု​တိုင်​အောင် အ​လုပ်​လုပ်​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည်​လည်း လုပ်၏​ဟု ပြန်​ပြော​တော်​မူ၏။-


ယော​ဟန်၏​သက်​သေ​ထက် သာ၍​ကြီး​သော​သက်​သေ​သည် ငါ၌​ရှိ၏။ အ​ကြင်​အ​မှု​တို့​ကို ငါ​ပြီး​စီး​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် ငါ့​လက်​သို့ အပ်​ပေး​တော်​မူ၍၊ ငါ​ပြု​သော ထို​အ​မှု​တို့​သည်​လည်း ငါ့​ဘက်၌​နေ၍၊ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။-


အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​လိုက်​ခြင်း​ငှာ ကောင်း​ကင်​မှ​ဆင်း​သက်​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​သို့​လိုက်​ခြင်း​ငှာ ဆင်း​သက်၏။-


ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် စွန့်​ပစ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ နှစ်​သက်​တော်​မူ​သော​အ​မှု​ကို အ​စဉ်​မ​ပြတ်​ငါ​ပြု​သည်​ဟု မိန့်​တော်​မူ၏။-


ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏​အ​မှု​ကို နေ့​အ​ချိန်၌​ရှိ​စဉ်​တွင် ငါ​ပြု​ရ​မည်။ အ​ဘယ်​သူ​မျှ အ​မှု​မ​ပြု​နိုင်​သော အ​ချိန်​တည်း​ဟူ​သော ည​အ​ချိန်​လာ​သေး၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ