Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 5:13 - မြန်မာ

13 ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​သည်​ကို ရော​ဂါ​ကင်း​သော​သူ​သည် မ​သိ။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ လူ​စု​ဝေး​လျက်​ရှိ​သည်​ဖြစ်၍၊ ယေ​ရှု​သည် မ​ထင်​မ​ရှား ထွက်​ကြွ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 သို့​ရာ​တွင်​မိ​မိ​အား​ဤ​သို့​စေ​ခိုင်း​သူ​သည် မည်​သူ​ဖြစ်​ကြောင်း​ကို ကျန်း​မာ​လာ​သော​သူ သည်​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင် ယေ​ရှု​သည် ပ​ရိ​သတ်​အ​ကြား​မှ​မ​ထင် မ​ရှား​ထွက်​ခွာ​သွား​တော်​မူ​သော​ကြောင့်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ထိုအရပ်တွင် လူပရိသတ်ထူထပ်သည်နှင့် ယေရှုကွယ်ကြွတော်မူပြီးဖြစ်သောကြောင့် ရောဂါကင်းပျောက်သူသည် မည်သူမှန်းမသိချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​သည်​ကို ရော​ဂါ​ကင်း​သော​သူ​သည် မ​သိ။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ လူ​စု​ဝေး​လျက်​ရှိ​သည်​ဖြစ်၍၊ ယေ​ရှု​သည် မ​ထင်​မ​ရှား ထွက်​ကြွ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သို့ရာတွင် အကောင်း​ပကတိ​ဖြစ်​လာ​သော​သူ​သည် ထိုသို့​မိန့်​တော်မူ​သော​သူ​မှာ မည်သူ​ဖြစ်​သည်​ကို​မ​သိ။ အဘယ်ကြောင့်​ဆိုသော် ထို​အရပ်​၌ လူ​အစုအဝေး​ရှိ​နေ​စဉ် ယေရှု​သည် မထင်မရှား​ထွက်သွား​တော်မူ​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 သို့သော် မည်သူ​ဖြစ်ကြောင်း​ကို သူ​သည် မသိ။ အဘယ်ကြောင့်ဆိုသော် ယေရှု​သည် လူအုပ်​ထဲသို့ မထင်မရှား ကြွသွားတော်မူ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 5:13
6 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် မျက်​စိ​ပွင့်​လင်း၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​ကြ၏။ ထို​အ​ခါ ကိုယ်​တော်​သည် ကွယ်​တော်​မူ၏။-


ကိုယ်​တော်​သည် သူ​တို့​အ​လယ်၌ လျှောက်၍ ကြွ​သွား​တော်​မူ၏။


ယေ​ရှု​က၊ ဖိ​လိ​ပ္ပု၊ ဤ​မျှ​ကာ​လ​ပတ်​လုံး ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ပြီး​မှ သင်​သည် ငါ့​ကို မ​သိ​သေး​သ​လော။ ငါ့​ကို​မြင်​သော​သူ​သည် ခ​မည်း​တော်​ကို​မြင်၏။ သို့​ဖြစ်​လျှင်၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​ပါ​ဟု သင်​သည်​အ​ဘယ်​သို့ ဆို​ရ​သ​နည်း။-


ယု​ဒ​လူ​တို့​က​လည်း၊ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဟု သင့်​အား​ဆို​သော​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​မြန်း​ကြ၏။-


ထို​နောက်​မှ ယေ​ရှု​သည်​ဗိ​မာန်​တော်၌ ထို​သူ​ကို တွေ့​တော်​မူ​လျှင် သင်​သည် ကျန်း​မာ​ခြင်း​ရှိ၏။ သာ၍​ဆိုး​သော​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။-


ထို​အ​ခါ ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ ကျောက်​ခဲ​တို့​ကို ကောက်​ယူ​ကြ၏။ ယေ​ရှု​သည်​တိမ်း​ရှောင်၍ ထို​သူ​တို့​အ​လယ်၌ လျှောက်​သွား​ပြီး​လျှင် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ