Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 19:36 - မြန်မာ

36 ထို​အ​ကြောင်း​အ​ရာ​ကား၊ သူ၏​အ​ရိုး​ကို မ​ချိုး​ရ​ဟု ကျမ်း​စာ​လာ​ချက် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ ``သူ​၏​အ​ရိုး​တစ် ချောင်း​မျှ​မ​ကျိုး​စေ​ရ'' ဟု​ကျမ်း​စာ​တော် တွင်​ပါ​ရှိ​သည့်​အ​တိုင်း​ပင်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36-37 ထိုသို့ဖြစ်ပျက်သည်မှာ အရိုးကိုမချိုးရဟူသော ကျမ်းချက်အတိုင်းလည်းကောင်း၊ ထိုးဖောက်ခဲ့သော သူ့ကိုရှု​မြော်ကြလိမ့်မည်ဟူသောကျမ်းချက်အတိုင်းလည်းကောင်း၊ ပြည့်စုံစေခြင်းငှာတည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ထို​အ​ကြောင်း​အ​ရာ​ကား၊ သူ၏​အ​ရိုး​ကို မ​ချိုး​ရ​ဟု ကျမ်း​စာ​လာ​ချက် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 ဤသို့​ဖြစ်ပျက်​ခဲ့​သည်​မှာ “သူ​၏​အရိုး​တစ်​ချောင်း​မျှ ချိုးဖဲ့​ခြင်း​မ​ခံရ”​ဟူသော​ကျမ်းချက်​ကို ပြည့်စုံ​စေရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

36 ဤသို့​ဖြစ်ပျက်ရခြင်း​မှာ “သူ​၏ အရိုး​တစ်ချောင်း​မျှ မကျိုးစေရ” ဟူ၍ ကျမ်းစာ​တွင် ဖော်ပြထားသည့်​အရာ ဖြစ်လာ​ရန်​ပင်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 19:36
10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​ဖြင့် ထား​တော်​မူ​သော ဗျာ​ဒိတ်​တော် ပြည့်​စုံ​မည် အ​ကြောင်း​အ​တည်း။-


သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။-


ထို​သူ​တို့​က၊ အင်္ကျီ​ကို​မ​ဆုတ်​ကြ​နှင့်။ အ​ဘယ်​သူ​ယူ​ရ​မည်​ကို စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း ဆို​ကြ၏။ ကျမ်း​စာ​လာ​သည်​ကား၊ သူ​တို့​သည် အ​ကျွန်ုပ်​အ​ဝတ်​ကို အ​ချင်း​ချင်း​ဝေ​ဖန်၍ အ​ကျွန်ုပ်​အင်္ကျီ​ကို စာ​ရေး​တံ​ချ​ကြ​ပါ၏​ဟူ​သော အ​ချက်​စ​ကား​ကို ပြည့်​စုံ​စေ၍၊ စစ်​သူ​ရဲ​တို့​သည် ထို​သို့​ပြု​ကြ၏။


ထို​နောက်​မှ ကျမ်း​စာ​ပြည့်​စုံ​စေ​ခြင်း​ငှာ အ​မှု​ရှိ​သ​မျှ​ကုန်​စင်​ပြီး​သည်​ကို သိ​တော်​မူ​လျှင်၊ ရေ​ငတ်​သည်​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ