Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 12:33 - မြန်မာ

33 ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​သ​ခင် မ​ရှိ။ ထို​ဘု​ရား​သ​ခင်​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ ဉာဏ်​ရှိ​သ​မျှ၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ချစ်​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော သူ​ကို​လည်း၊ ကိုယ်​နှင့်​အ​မျှ ချစ်​ခြင်း​အ​ကျင့်​သည် မီး​ရှို့​သော​ယဇ်​ကောင်​မှ​စ၍ ယဇ်​အ​မျိုး​မျိုး​တို့​ကို ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သာ၍ မြတ်​ပါ​သည်​ဟု လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 ဘု​ရား​သ​ခင်​အား​စိတ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း​ရှိ သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ​ဖြင့်​ချစ်​ရ​မည်။ အိမ်​နီး ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​သော​ပ​ညတ် နှစ်​ပါး​ကို​လိုက်​နာ​ခြင်း​သည် ဘု​ရား​သ​ခင်​အား ပူ​ဇော်​သည့်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ယဇ်​အ​ပေါင်း တို့​ထက်​ပို​၍​မြတ်​ပါ​၏'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ကိုယ် တော် ကို စိတ် နှ လုံး၊ ဉာဏ် ပ ဋိ ဘာန်၊ အ စွမ်း သ တ္တိ အ ကြွင်း မဲ့ ချစ် ခြင်း၊ အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် ခြင်း သည် ကောင် လုံး မီး ရှို့ ရာ သ က္ကာ မှ စ သော ပူ ဇော် သ က္ကာ အ မျိုး မျိုး ထက် မြတ် ပါ သည် ဟု ဝန် ခံ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​သ​ခင် မ​ရှိ။ ထို​ဘု​ရား​သ​ခင်​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ ဉာဏ်​ရှိ​သ​မျှ၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ချစ်​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော သူ​ကို​လည်း၊ ကိုယ်​နှင့်​အ​မျှ ချစ်​ခြင်း​အ​ကျင့်​သည် မီး​ရှို့​သော​ယဇ်​ကောင်​မှ​စ၍ ယဇ်​အ​မျိုး​မျိုး​တို့​ကို ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သာ၍ မြတ်​ပါ​သည်​ဟု လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ဘုရားသခင်​ကို စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်စွမ်း​ရှိသမျှ၊ အစွမ်းသတ္တိ​ရှိသမျှ​တို့​ဖြင့်​ချစ်​၍ ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ခြင်း​သည်​လည်း မီးရှို့​ရာ​ယဇ်​နှင့် ယဇ်​ပူဇော်​ခြင်း​အပေါင်း​တို့​ထက် သာ၍​မြတ်​ပါ​၏”​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 ဘုရားသခင်​ကို စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်စွမ်း​ရှိသမျှ၊ အစွမ်း​သတ္တိ​ရှိသမျှ​နှင့် ချစ်လော့၊ ကိုယ်​နှင့်​သက်ဆိုင်သော​သူ​ကို ကိုယ်​နှင့်​အမျှ ချစ်လော့​ဟူသော ပညတ်တော်တို့​ကို လိုက်နာခြင်း​သည် မီးရှို့ရာ​ယဇ်​နှင့် အခြား​ယဇ်တို့​ကို ပူဇော်ခြင်း​ထက် သာ​၍ ကြီးမြတ်ပါသည်” ဟု ပြန်​၍ လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 12:33
15 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း​က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို သင်​တို့​သည် နား​လည်​လျှင်၊ အ​ပြစ်​ကင်း​သော​သူ​တို့​ကို အ​ပြစ်​မ​တင် မ​စီ​ရင်​ကြ​ပြီ။-


ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို နား​လည်​ခြင်း​ငှာ သင်​တို့​သွား၍ သင်​ကြ​လော့။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သည် မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ