Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 1:45 - မြန်မာ

45 ထို​သူ​သည် ထွက်​သွား၍ စ​ကား​များ​သော​အား​ဖြင့် ထို​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ကျော်​စော​စေ၏။ ထို​ကြောင့် ကိုယ်​တော်​သည် နောက်​တစ်​ဖန် မြို့​ထဲ​သို့ ထင်​ရှား​စွာ​မ​ဝင်​ရ​ဘဲ၊ မြို့​ပြင်​တော​အ​ရပ်၌​သာ နေ​တော်​မူ၍ အ​ရပ်​ရပ်​တို့​မှ အ​ထံ​တော်​သို့ ရောက်​လာ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

45 ထို​သူ​သည်​ထွက်​ခွာ​၍​သွား​၏။ သို့​ရာ​တွင်​မိ​မိ​၏ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ပြော​ကြား​လေ​သည်။ ထို​သ​တင်း​သည်​လွန်​စွာ ပြန့်​သွား​ရ​ကား​သ​ခင်​ယေ​ရှု​သည် အ​ဘယ်​မြို့​သို့​မျှ အ​ထင်​အ​ရှား​မ​ဝင်​နိုင်​တော့​ချေ။ ဆိတ်​ကွယ်​ရာ မြို့​ပြင်​ဒေ​သ​များ​မှာ​သာ​နေ​ရ​၏။ သို့​သော် အ​ရပ်​ရပ်​မှ​လူ​အ​ပေါင်း​တို့​သည်​အ​ထံ​တော် သို့​လာ​ရောက်​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

45 ထို သူ ထွက် သွား ပြီး လျှင် များ စွာ သ တင်း ကြော် ငြာ ကြား ပြော သ ဖြင့်၊ နောင် ကိုယ် တော် သည် မြို့ တွင်း သို့ အ ထင် အ ရှား မ ဝင် ဘဲ တော အ ရပ် များ၌ နေ တော် မူ ရ၏။ အ ရပ် ရပ် မှ ကိုယ် တော့် ထံ ရောက် လာ ကြ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

45 ထို​သူ​သည် ထွက်​သွား၍ စ​ကား​များ​သော​အား​ဖြင့် ထို​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ကျော်​စော​စေ၏။ ထို​ကြောင့် ကိုယ်​တော်​သည် နောက်​တစ်​ဖန် မြို့​ထဲ​သို့ ထင်​ရှား​စွာ​မ​ဝင်​ရ​ဘဲ၊ မြို့​ပြင်​တော​အ​ရပ်၌​သာ နေ​တော်​မူ၍ အ​ရပ်​ရပ်​တို့​မှ အ​ထံ​တော်​သို့ ရောက်​လာ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

45 သို့သော် ထို​သူ​သည် ထွက်သွား​၍ ထို​သတင်း​ကို အားပါးတရ​ပြောကြား​ပြီး ပျံ့နှံ့​စေ​သဖြင့် ကိုယ်တော်​သည် မြို့​ထဲသို့ ထင်ရှား​စွာ​မ​ဝင်​နိုင်​တော့​ဘဲ မြို့​ပြင်​လူသူ​ကင်းဝေး​ရာ​အရပ်​၌ နေ​တော်မူ​၏။ ထိုအခါ အရပ်ရပ်​မှ​လူ​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

45 သို့သော်လည်း ထို​သူ​သည် သွား​၍ ထို​သတင်း​ကို နေရာအနှံ့​ပြော​လျက် ပျံ့နှံ့စေ၏။ ထို့ကြောင့် ယေရှု​သည် မြို့​ထဲသို့ ထင်ရှား​စွာ မဝင်နိုင်တော့ဘဲ မြို့ပြင် လူသူကင်းဝေးသော​အရပ်တို့​တွင်သာ နေတော်မူ၏။ ထိုအခါ နေရာ​အသီးသီး​မှ လူတို့​သည် ကိုယ်တော်​ထံသို့ ရောက်လာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 1:45
12 ပူးပေါင်းရင်းမြစ်များ  

သွန်​သင်​သည်​နှင့်​အ​ညီ စစ်​သူ​ရဲ​တို့​သည် ငွေ​ကို​ယူ၍​ပြု​ကြ၏။ ထို​စ​ကား​ကို ယ​ခု​တိုင်​အောင် ယု​ဒ​လူ​တို့​သည် အ​နှံ့​အ​ပြား ပြော​ဆို​ကြ၏။


ထို​သ​တင်း​စ​ကား​သည် တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​လေ၏။-


သို့​သော်​လည်း ထို​သူ​တို့​သည်​သွား၍ သ​တင်း​တော်​ကို တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​စေ၏။-


နောက်​တစ်​ဖန် အိုင်​နား​သို့ ကြွ​တော်​မူ၍၊ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​လျှင်၊ သူ​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။-


ထို​သူ​တို့​သည် အိမ်​သို့​ဝင်​ကြ​လျှင်၊ အ​စာ​ကို မ​စား​နိုင်​သည်​တိုင်​အောင် လူ​များ​တို့​သည် တစ်​ဖန် စု​ဝေး​ကြ​ပြန်၏။-


ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ အိုင်​နား​သို့ ပြောင်း​ကြွ​တော်​မူ၍၊ ဂါ​လိ​လဲ​ပြည်၊-


ထို​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​စေ​ခြင်း​ငှာ သူ​တို့​ကို ပ​ညတ်​တော်​မူ၏။ ပ​ညတ်​တော်​မူ​သော်​လည်း သူ​တို့​သည် သာ၍ အ​လွန်​သ​တင်း ကြား​ပြော​ကြ၏။-


အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၌ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် မြင်​ကြ​သ​ဖြင့် နောက်​တော်​သို့ လိုက်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ