Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 24:3 - မြန်မာ

3 ထို​နောက် သံ​လွင်​တောင်​ပေါ်​မှာ ထိုင်​တော်​မူ​စဉ်၊ တ​ပည့်​တော်​တို့​သည် အ​ခြား​သူ​မ​ပါ​ဘဲ ချဉ်း​ကပ်၍၊ ထို​အ​မှု​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​မည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည်​ကြွ​လာ၍ ဤ​ကပ်​က​မ္ဘာ​ကုန်​သော ပု​ပ္ပ​နိ​မိတ်​သည် အ​ဘယ်​နိ​မိတ် ဖြစ်​မည်​ကို​လည်း​ကောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ကိုယ်​တော်​သည်​သံ​လွင်​တောင်​ပေါ်​တွင်​တစ်​ကိုယ်​တည်း ထိုင်​နေ​တော်​မူ​စဉ်​တ​ပည့်​တော်​တို့​သည်​အ​ထံ​တော် သို့​ချဉ်း​ကပ်​၍ ``အ​ရှင်​မိန့်​တော်​မူ​သော​အ​မှု​အ​ရာ များ​သည်​အ​ဘယ်​အ​ခါ​ကာ​လ​၌​ဖြစ်​ပျက်​ပါ​မည် နည်း။ အ​ရှင်​ကြွ​လာ​တော်​မူ​ချိန်​နှင့်​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​၌​အ​ဘယ်​နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​အား​မိန့်​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 သံ လွင် တောင် ပေါ် တွင် ထိုင် နေ တော် မူ သော် တ ပည့် တော် တို့ သည် အ သီး အ ခြား ချဉ်း ကပ် ၍ မည် သည့် အ ခါ တွင် ထို သို့ ဖြစ် ပျက် မည် ကို လည်း ကောင်း၊ ကိုယ် တော် ကြွ လာ တော် မူ ခြင်း နှင့် ယ ခု ခေတ် ကာ လ ကုန် ဆုံး ခြင်း ဆိုင် ရာ နိ မိတ် လ က္ခ ဏာ များ ကိုလည်း ကောင်း၊ မိန့် တော် မူ ပါ ဟု လျှောက် ကြ ရာ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ထို​နောက် သံ​လွင်​တောင်​ပေါ်​မှာ ထိုင်​တော်​မူ​စဉ်၊ တ​ပည့်​တော်​တို့​သည် အ​ခြား​သူ​မ​ပါ​ဘဲ ချဉ်း​ကပ်၍၊ ထို​အ​မှု​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​မည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည်​ကြွ​လာ၍ ဤ​ကပ်​က​မ္ဘာ​ကုန်​သော ပု​ပ္ပ​နိ​မိတ်​သည် အ​ဘယ်​နိ​မိတ် ဖြစ်​မည်​ကို​လည်း​ကောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထို့နောက် သံလွင်​တောင်​ပေါ်၌ ကိုယ်တော်​ထိုင်​နေ​တော်မူ​စဉ် တပည့်​တော်​တို့​သည် သူတို့​ချည်းသာ အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “ထို​အရာ​များ​သည် မည်သည့်​အချိန်​၌​ဖြစ်ပျက်​မည်​ကို​လည်းကောင်း၊ ကိုယ်တော်​ကြွလာ​တော်မူ​ချိန်​နှင့် ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​တို့​၌ မည်သည့်​အတိတ်​နိမိတ်​ဖြစ်ပေါ်​မည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​အား မိန့်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ထို့နောက် ယေရှု​သည် သံလွင်တောင်​ပေါ်​၌ ထိုင်တော်မူ​စဉ် တပည့်တော်တို့​သည် အခြားသူများ​မပါဘဲ ယေရှု​ထံတော်သို့ ချဉ်းကပ်​၍ “ထို​အရာများ​အားလုံး​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်​နှင့် ကမ္ဘာ​ကုန်ဆုံးချိန်​၌ မည်သည့်​နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့​အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 24:3
23 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ ယေ​ရှု​သည် လူ​အ​စု​အ​ဝေး​များ​ကို​လွှတ်၍ အိမ်​သို့​ဝင်​တော်​မူ​ပြီး​မှ၊ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ လယ်၌​ကြဲ​သော တော​မျိုး​စေ့၏ ဥ​ပ​မာ​အ​နက်​အ​ဓိ​ပ္ပာယ်​ကို အ​ကျွန်ုပ်​တို့​အား ဖော်​ပြ​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊-


ထို​နည်း​တူ က​မ္ဘာ​အ​ဆုံး၌ ကောင်း​ကင်​တ​မန်​တို့​သည် ဆင်း​လာ​ပြီး​လျှင်၊ ဖြောင့်​မတ်​သော​သူ​တို့​အ​ထဲ​မှ ဆိုး​သော​သူ​တို့​ကို နုတ်​ယူ​ခွဲ​ထား၍၊-


တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ယ​ခု​မိန့်​တော်​မူ​သော စ​ကား​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​သော​အ​ခါ စေ​တ​နာ​စိတ်​ပျက်​ကြ​သည်​ကို သိ​တော်​မူ​သ​လော​ဟု လျှောက်​ကြ၏။-


လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​တော်​မူ​လ​တ္တံ့။ ထို​အ​ခါ သူ​အ​သီး​အ​သီး ကျင့်​သော​အ​ကျင့်​နှင့် အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့။-


ငါ​အ​မှန်​ဆို​သည်​ကား၊ လူ​သား​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သည်​ကို၊ ဤ​အ​ရပ်၌​ရှိ​သော သူ​အ​ချို့​တို့​သည် မ​မြင်​မီ သေ​ခြင်း​သို့​မ​ရောက်​ရ​ကြ​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။


ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ယေ​ရှု​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​သည် ထို​နတ်​ဆိုး​ကို အ​ဘယ်​ကြောင့် မ​နှင်​ထုတ်​နိုင်​ပါ​သ​နည်း​ဟု လျှောက်​ကြ​သော်၊-


ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ချဉ်း၍ သံ​လွင်​တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​သို့ ရောက်​ကြ​သော​အ​ခါ ယေ​ရှု​သည် တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊-


လျှပ်​စစ်​သည် အ​ရှေ့​မှ​ပြက်၍ အ​နောက်​တိုင်​အောင် ထွန်း​လင်း​သ​ကဲ့​သို့၊ လူ​သား​သည် ကြွ​လာ​တော်​မူ​လ​တ္တံ့။-


ထို​အ​ခါ လူ​သား၏​နိ​မိတ်​လ​က္ခ​ဏာ​သည် ကောင်း​ကင်၌ ထင်​ရှား​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၍၊ လူ​သား​သည် ကြီး​စွာ​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး၍ ကြွ​လာ​တော်​မူ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။-


လူ​သား​သည် ကြွ​လာ​သော​အ​ခါ နော​ဧ​လက်​ထက်၌ ဖြစ်​သ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။-


ရေ​လွှမ်း​မိုး​ခြင်း​ရောက်​သ​ဖြင့် လူ​ခပ်​သိမ်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သည် တိုင်​အောင် သ​တိ​မဲ့​နေ​ကြ​သည် နည်း​တူ၊ လူ​သား​ကြွ​လာ​သော​အ​ခါ၌ ဖြစ်​လိမ့်​မည်။-


သူ​ခိုး​လာ​မည်​အ​ချိန်​နာ​ရီ​ကို အိမ်​ရှင်​သိ​ရ​လျှင်၊ မိ​မိ​အိမ်​ကို မ​ထွင်း​မ​ဖောက်​စေ​ခြင်း​ငှာ၊ စောင့်​နေ​လိမ့်​မည်​ကို သင်​တို့​သိ​ကြ၏။-


ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။


သူ​တို့​က​လည်း၊ အ​ရှင်​ဘု​ရား၊ ထို​အ​မူ​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​ပါ​မည်​နည်း။ ထို​အ​မှု​အ​ရာ​တို့​သည် ဖြစ်​ချိန်​နီး​သော​အ​ခါ အ​ဘယ်​ပု​ပ္ပ​နိ​မိတ် ပေါ်​ထွန်း​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ