Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 7:23 - Garrad Bible

23 အ သက် အ န္တ ရာယ် ဖြစ် မည် ကို မ သိ ဘဲ၊ ညွှတ် ကွင်း သို့ ဝင် မိ သော ငှက် ကဲ့ သို့လည်း‌ ကောင်း၊ အ သည်း အ ဆုပ် ကို မြှား ခွင်း သည့် တိုင် အောင်၊ ထို မိန်း မ နောက် သို့ ချက် ချင်း လိုက် သွား လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင် မှန်းကိုမရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့၎င်း၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ငှက်​သည် မိ​မိ​အ​သက်​ဆုံး​စေ​ခြင်း​ငှာ ထောင်​မှန်း​ကို​မ​ရိပ်​မိ​ဘဲ၊ ကျော့​ကွင်း​ထဲ​သို့ အ​လျင်​အ​မြန် ဝင်​သ​ကဲ့​သို့​လည်း​ကောင်း၊ လူ​ပျို​သည် ထို​မိန်း​မ​နောက်​သို့ ချက်​ချင်း​လိုက်​သွား​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ငှက်​သည် ကျော့ကွင်း​ထဲသို့ အလျင်အမြန်​ဝင်သွား​သကဲ့သို့​လည်းကောင်း သူ​သည် ထို​မိန်းမ​နောက်သို့ ချက်ချင်း​လိုက်သွား​လေ​၏​။ ထို​အမှု​သည် သူ့​အသက်​ကို​ဆုံးရှုံး​စေ​နိုင်​ကြောင်း​ကို သူ​မ​သိ​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 7:23
8 ပူးပေါင်းရင်းမြစ်များ  

မည် သည့် ငှက် ကို မ ဆို၊ ရှေ့ တွင် ပိုက် ကွန် ထောင် ထား လျှင်၊ အ ချည်း နှီး ဖြစ် ချေ၏။


လူ သည် ပြည် တန် ဆာ ကြောင့် ပြုန်း တီး ၍၊ တစ် လုပ် စာ မျှ သာ ရ တတ်၏။ မျောက် မ ထား သော မိန်း မ သည်၊ လူ၏ အ သက် ရ တ နာ ကို လိုက် ရှာ တတ် ၏။


သူ့ မ ယား နှင့် မှား ယွင်း သူ သည်၊ ဉာဏ် မ ရှိ။ ကိုယ့် အ သက် ကို ဖျက် ဆီး လို သော သူ သာ လျှင်၊ ထို သို့ ပြု တတ်၏။


ထို လူ ပျို သည် အ သတ် ခံ ရာ သို့ သွား သော နွား ကဲ့ သို့လည်း‌ ကောင်း၊ ခြေ ချင်း ခတ်၍ ဆုံး မ ခံ ရန် သွား သော လူ မိုက် ကဲ့ သို့ လည်း‌ ကောင်း၊


၎င်း အ ရပ် တွင် သေ လွန် သူ တို့ ရှိ ကြောင်း၊ မ ရ ဏာ့ ချောက် ထဲ တွင် ထို မိန်း မ ခေါ် ဖိတ် ခံ ရ သော သူ တို့ နေ ရ ကြ ကြောင်း များ ကို၊ ထို မ လိ မ္မာ သူ မ သိ ချေ။


ညွှတ် ကွင်း နှင့် ပိုက် ကွန် သ ဖွယ် နှ လုံး၊ နှောင် ကြိုး သ ဖွယ် လက် ရှိ သော မိန်း မ သည်၊ သေ ခြင်း ထက် နစ် နာ ရန် အ ကြောင်း ဖြစ် သည် ကို​ငါ တွေ့ ၏။ ဘု ရား သ ခင် စိတ် တော် နှင့် တွေ့ သော သူ သည်၊ လွတ် မြောက် ခွင့် ရ သော် လည်း၊ အ ပြစ် သား ဖမ်း ချုပ် ခံ ရ သ တည်း။


လူ သည် အ ချိန် စေ့ ရောက် မည် ကို မ သိ၊ ကြမ်း ကြုတ် သော ကွန်၌ အုပ် မိ သော ငါး၊ ညွှတ် ကွင်း တွင် မိ သော ငှက် ကဲ့ သို့ ပင်၊ လူ့ သား တို့ လည်း ရုတ် ခြင်း သင့် သော ကပ် ဆိုး အ တွင်း၊ ဖမ်း ဆီး ခံ ရ ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ