Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 3:5 - Garrad Bible

5 ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်ကိုးစား​လော့​။ မိမိ​၏​အသိဉာဏ်​ကို အမှီ​မ​ပြု​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 3:5
24 ပူးပေါင်းရင်းမြစ်များ  

ထို့ ကြောင့်၊ ငါ တို့ ဘု ရား သ ခင့် ထံ တောင်း လျှောက် လျက်၊ အ စာ ရှောင် လျက် နေ ကြ စဉ်၊ ဘု ရား သ ခင် နား ညောင်း တော် မူ ၏။


ငါ့ ကို ကွပ် မျက် တော် မူ၍၊ စောင့် မျှော် ရန် အ ကြောင်း မ ရှိ သော် လည်း၊ မျက် မှောက် တော် တွင် ပင်၊ အ မှု နည်း လမ်း များ ကို ချေ ပ ဦး မည်။


ထာ ဝ ရ ဘု ရား ၌ ကိုး စား သူ တို့ သည်၊ မ လှုပ် မ ရှား ရ ဘဲ တည် မြဲ တည် ရာ ဇိ အုန် တောင် ကဲ့ သို့ ဖြစ် ကြ ၏။


ထာ ဝ ရ ဘု ရား၌ ကိုး စား လျက်၊ ကောင်း မှု ပြု လော့။ နေ ပြည်၌ နေ လျက်၊ သ စ္စာ တ ရား၌ ကျက် စား လော့။


သင့် အ မှု ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ်၍ ကိုး စား လျှင်၊ ကိုယ် တော် သည် စီ ရင် ရာ၊


ထာ ဝ ရ ဘု ရား ရှေ့၊ ဆိတ် ဆိတ် နေ၍ စောင့် မျှော် လော့။ မ ကောင်း သော အ ကြံ အောင်၍ အ မှု ထ မြောက် ရ သူ ကြောင့် စိတ် မျက် ခြင်း မ ရှိ လင့်။


အ ချင်း လူ မျိုး တော်၊ ဘု ရား သ ခင်၌ အ ခါ ခပ် သိမ်း ကိုး စား လျက်၊ ရှေ့ တော် ၌ စိတ် နှ လုံး ကို သွန် ပြ ကြ လော့။ ဘု ရား သ ခင် သည် ငါ တို့ အ ဖို့ ခို လှုံ ရာ ဖြစ် တော် မူ ၏။


ထာ ဝ ရ ဘု ရား၌ အား ကိုး စေ ရန်၊ သင့် ကို ယ နေ့ ငါ သွန် သင်၏။


ငွေ ကြွယ် ဝ စေ ခြင်း ငှာ၊ ပင် ပန်း စွာ မ ကြိုး စား နှင့်။ ဉာဏ် ပ ဋိ ဘာန် ရှိ သည် နှင့် အ ညီ ပြတ် စဲ လော့။


ကိုယ် စိတ် နှ လုံး၌ အား ကိုး သော သူ သည်၊ လူ မိုက် ဖြစ်၏။ ဉာဏ် ပ ညာ၌လျှောက် လိုက် သော သူ မူ ကား၊ ဘေး လွတ် တတ်၏။


ဉာဏ် ကောင်း သည် ဟု အ ထင် အ မြင် မ ရှိ စေ နှင့်။ ထာ ဝ ရ ဘု ရား ကို ခန့် ညား၍ ဒု စ ရိုက် ကို ကြဉ် ရှောင် လော့။


ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊


အို ထာ ဝ ရ ဘု ရား၊ ကိုယ့် သွား ရာ လမ်း ကို လူ ယုတ် သော်လည်း‌ ကောင်း၊ ကိုယ့် ခြေ လှမ်း ခြင်း၊ လျှောက် သွား ခြင်း ကို လူ မြတ် သော် လည်း‌ ကောင်း၊ မ ပိုင် ကြောင်း၊ အ ကျွန်ုပ် သိ လှ ပါ ၏။


ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ပ ညာ ရှိ သည် ပ ညာ ကြောင့်လည်း‌ ကောင်း၊ စွမ်း ရည် ရှိ သူ သည် စွမ်း ရည် ကြောင့် လည်း‌ ကောင်း၊ ကြွယ် ဝ သူ သည် ကြွယ် ဝ ခြင်း ကြောင့် လည်း‌ ကောင်း၊ ကိုယ် ကို ဂုဏ် မ တင် ရ။


စံ ရာ တော် အ ထက် နေ့ ရက် အ နည်း ငယ် တိမ် တိုက် တည် နေ သော အ ခါ လည်း ထာ ဝ ရ ဘု ရား အ မိန့် တော် အ ရ စွဲ ရပ် ခြင်း၊ ချီ သွား ခြင်း ပြု ကြ၏။


နှစ် ရက် ဖြစ် စေ၊ တစ် လ ဖြစ် စေ၊ တစ် နှစ် ဖြစ် စေ၊ စံ ရာ တော် အ ထက် တိမ် တိုက် ဆိုင်း လင့် တည် နေ လျှင် ဣ သ ရေ လ အ မျိုး သား တို့ သည် မ ချီ ဘဲ စွဲ ရပ် လျက် တက် မှ သာ ချီ သွား ကြ ၏။


စိတ် ကြီး မ ဝင်၊ ဉာဏ် ကောင်း သည် ဟု မ ထင် ဘဲ အ နိမ့် အ ညံ့ နှင့် ရောင့် ရဲ လျက် အ ချင်း ချင်း တစ် သ ဘော တည်း ရှိ ကြ လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ