Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 10:3 - Garrad Bible

3 ညှဉ်း ပန်း တော် မူ ခြင်း၊ လက် တော် ဖြင့် ဖန် ဆင်း ရာ ကို ရွံ့ ရှာ ခြင်း၊ လူ ဆိုး တို့ အ ကြံ အ စည် ပါ တွင် ရောင် ခြည် တော် လွှတ် ခြင်း များ သည်၊ ကိုယ် တော်၌ အ ကျိုး ရှိ ပါ သ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ကိုယ်တော်သည်ညှဉ်းဆဲတော်မူသင့်သလော။ ကိုယ်တိုင်ဖန်ဆင်းသောအရာကို ရွံရှာ၍၊ လူဆိုးတို့၏ အကြံအစည်ကို ကောင်းကြီးပေးတော်မူသင့်သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ကိုယ်​တော်​သည် ညှဉ်း​ဆဲ​တော်​မူ​သင့်​သ​လော။ ကိုယ်​တိုင်​ဖန်​ဆင်း​သော​အ​ရာ​ကို ရွံ​ရှာ၍၊ လူ​ဆိုး​တို့၏ အ​ကြံ​အ​စည်​ကို ကောင်း​ချီး​ပေး​တော်​မူ သင့်​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ဆိုးယုတ်​သော​သူ​၏​အကြံဉာဏ်​ကို လက်ခံ​၍ ကိုယ်တော်​၏​လက်​တော်​ဖြင့်​ဖန်ဆင်း​တော်မူ​သော​သူ​ကို နှိပ်စက်​ပြီး စွန့်ပစ်​ထား​သော​အမှု​ကို ကိုယ်တော်​အလိုရှိ​တော်မူ​ပါ​သလော​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 10:3
27 ပူးပေါင်းရင်းမြစ်များ  

အ ကျွန်ုပ် ကို ပုံ ကျ အောင် လက် တော် စုံ ဖြင့် လှည့် ပတ် ဖန် ဆင်း တော် မူ သော် လည်း၊ ဖျက် ဆီး တော် မူ ပြီ တ ကား။


ကိုယ် တော် ခေါ် တော် မူ သော အ ခါ၊ အ ကျွန်ုပ် ထူး ပါ မည်။ လက် တော် ဖြင့် ဖန် ဆင်း ရာ ကို၊ တ သ တော် မူ လိမ့် သ တည်း။


ဘု ရား သ ခင် သည်၊ အ ကျွန်ုပ် ကို ဆိုး သွမ်း သူ တို့ ထံ အပ် နှံ၍၊ လူ ဆိုး တို့ လက် တွင်း သို့ ပစ် နှင် တော် မူ လေ စွ တ ကား။


ဘု ရား သ ခင် သည် ငါ့ အ ပေါ် တွင် အ လွဲ စီ ရင်၍၊ ပိုက် တော် ဖြင့် ချ ဖမ်း တော် မူ သည် ကို သိ မှတ် ကြ လော့။


၎င်း တို့ သည် ကိုယ့် ကောင်း စား ခွင့် ကို၊ ကိုယ် ပိုင် သည် မ ဟုတ်။ လူ ဆိုး တို့ အ ကြံ အ စည် သည် ငါ နှင့် ကင်း ဝေး စွ တ ကား ဟု ဆို ပါ ဦး။


ငါ့ တ ရား မှု ကို ပယ် ပ တော် မူ သော ဘု ရား သ ခင်၊ စိတ် ကို နစ် နာ စေ တော် မူ သော အ န န္တ တန် ခိုး ရှင်၏ အ သက် တော် ကို တိုင် တည်၍၊


ကိုယ် တော် သည် အ ကျွန်ုပ် အ ပေါ် တွင် ပြောင်း လဲ ရက် စက်၍၊ လက် ရုံး တန် ခိုး ဖြင့် ရန် ငြိုး ဖွဲ့ တော် မူ၏။


ဝမ်း၌ ငါ့ ကို ဖန် ဆင်း သော အ ရှင် သည်၊ ထို ကျွန် ကို လည်း ဖန် ဆင်း၍၊ နှစ် ဦး လုံး ကို ပင် တစ် ပါး တည်း ပြု ပြင် တော် မူ သည် မ ဟုတ် လော။


ဘု ရား သ ခင်၏ ဝိ ညာဉ် တော် သည်၊ အ ကျွန်ုပ် ကို ဖန် ဆင်း၍၊ အ န န္တ တန် ခိုး ရှင်၏ ဇီ ဝ အ သက် သည် ရှင် စေ တော် မူ၏။


သင် သည် ဖြောင့် မတ် ရာ ရောက် စေ ခြင်း ငှာ၊ ငါ ဖြောင့် မတ် ခြင်း ကို ငြင်း ဆို၍၊ ငါ့ ကို ပြစ် တင် စီ ရင် မည် လော။


ဘု ရား သ ခင် သည်၊ စုံ လင် သော သူ့ ကို မ ငြင်း မ ပယ်။ လူ ဆိုး တို့ ကို ကား၊ လက် ရုံး အား ပေး တော် မူ မည် မ ဟုတ်။


ပိုင်း ခြား ခြင်း မ ရှိ သည် ကို ထောက်၍ ငါ က၊ ကိုယ် တော် သည် စုံ လင် သူ၊ ဆိုး သွမ်း သူ တို့ ကို ပယ် ရှင်း တော် မူ သည် ဟု ဆို လေ၏။


မြေ ကြီး ကို လူ ဆိုး တို့ လက် သို့ အပ် နှင်း၍၊ တ ရား မင်း တို့ မျက် နှာ ကို ဖုံး အုပ် တော် မူ၏။ ကိုယ် တော် ပင် မ ဟုတ် ပါ လျှင်၊ မည် သူ ပြု ပါ သ နည်း။


ထာ ဝ ရ ဘု ရား သည် ဘု ရား သ ခင် မှန် တော် မူ ကြောင်း သိ မှတ် ကြ လော့။ ဖန် ဆင်း တော် မူ သည့် အ လျောက်၊ ငါ တို့ သည် ကိုယ် တော် ပိုင်၊ ကိုယ် တော့် လူ မျိုး၊ စား ကျက် တော် ရှိ သိုး စု ဖြစ် ကြ ပါ၏။


ထာ ဝ ရ ဘု ရား သည် ငါ့ အ မှု ထ မြောက် စေ တော် မူ လိမ့် မည်။ အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည့် အ လျောက်၊ လက် တော် ဖြင့် စီ ရင် သော အ မှု အ ရာ များ ကို စွန့် ပစ် တော် မ မူ ပါ နှင့်။


ထာ ဝ ရ ဘု ရား သည်၊ နွမ်း ပါး သူ တို့ လျှောက် ထား ချက် ကို နား ညောင်း လျက်၊ အ ချုပ် ခံ ရ သော လူ မျိုး တော် ကို မ ထီ မဲ့ မြင် ပြု တော် မ မူ။


သို့ ရာ တွင် အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် တို့ အ ဖ ဖြစ် တော် မူ ပါ ၏။ အ ကျွန်ုပ် တို့ သည် မြေ စေး၊ ကိုယ် တော် ကား အိုး ထိန်း ဖြစ် သည် နှင့် အ ညီ၊ အ ကျွန်ုပ် တို့ ရှိ သ မျှ၊ လက် မှု တော် ဖြစ် ကြ ပါ၏။


သို့ ဖြစ်၍ ဘု ရား သ ခင့် အ လို တော် အ တိုင်း ဒု က္ခ ခံ ရ သူ တို့ သည် သ စ္စာ တည် တော် မူ သော ဖန် ဆင်း ရှင့် ထံ ကိုယ့် နာမ် သက် ကို အ ကောင်း ပြု လျက် အပ် နှင်း ကြ စေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ