မြည်တမ်းစကား 4:7 - Garrad Bible7 မိုး ပွင့် ထက် ဖွေး လျက်၊ နို့ ရည် ထက် ဖြူ လျက်၊ ပ တ္တ မြား ထက် အ ဆင်း နီ လျက်၊ နီ လာ နှင့် အ မျှ တောက် ပ ဖူး သူ အ ကြီး အ ကဲ တို့ သည်၊ အခန်းကိုကြည့်ပါ။Common Language Bible7 ငါတို့၏မင်းညီမင်းသားများသည်ညစ်ညမ်း မှုမရှိ။ မိုးပွင့်ကဲ့သို့ဖြူစင်သန့်ရှင်းကြ၏။ သူတို့သည်အသားအရည်စိုပြေ ကျန်းမာလျက် ခွန်အားတောင့်တင်းသန်မာကြကုန်သည်။ အခန်းကိုကြည့်ပါ။Judson Bible7 သူ၏မှူးမတ်တို့သည် မိုးပွင့်ထက်သန့်ရှင်း၍၊ နို့ရည်ထက်လည်း ဖြူကြ၏။ သူတို့အသားသည် ကျောက်နီထက် နီ၏။ သွေးကြောလည်း နီလာနှင့်တူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 သူ၏အကြီးအကဲတို့သည် နှင်းပွင့်ထက်စင်ကြယ်၍ နို့ရည်ထက်ဖြူခဲ့၏။ သူတို့၏အသားအရေသည် ပတ္တမြားထက်နီ၏။ နီလာကဲ့သို့ တောက်ပသောအဆင်း ရှိခဲ့၏။ အခန်းကိုကြည့်ပါ။ |
သင် သ န္ဓေ လွယ်၍ သား ယောက်ျား ကို ဖွား မြင် ခွင့် ရ လိမ့် မည်။ ထို သား သည် အ မိ ဝမ်း တွင်း မှ စ၍ သေ လွန် သည့် နေ့ တိုင် အောင် ဘု ရား သ ခင့် မျက် မှောက် တော် တွင် ပ ရ ဗိုဇ် ဂိုဏ်း သား အ ဖြစ် နေ ရ လ တ္တံ့ သော ကြောင့်၊ စ ပျစ် ရည် မှ စ၍ သေ ရည် သေ ရက် နှင့် မ သန့် သော အ စာ ကို မျှ မ သုံး ဆောင် ရ ဟူ၍ မိန့် ဆို သည် ဟု ပြန် ကြား လေ၏။
စိတ် တွင် ပါ ရှိ သ မျှ ကို ဖော် ပြ မိ သည် မှာ ငါ သည် အ မိ ဝမ်း တွင်း မှ စ၍ ဘု ရား သ ခင့် မျက် မှောက် တော် တွင် ပ ရ ဗိုဇ် ဂိုဏ်း သား အ ဖြစ် နေ ရ သည့် အ လျောက် ဦး ခေါင်း ပေါ် တွင် သင် တုန်း ဓား မ တင် ရ သေး။ ဆံ ပယ် ခြင်း ခံ ရ မူ ခွန် အား ကွယ် ပျောက်၍ လူ တိုင်း ကဲ့ သို့ ဖြစ် လျက် အား လျော့ လိမ့် မည် ဟု ပြော ဆို လေ ၏။